10/ May/ 2021

နေရပ်ပြန်ပြည်သူများအား ကြက်ခြေနီမှ ကူညီ

၂၀၂၁ ခုနှစ်၊ မေလ ၁၀ ရက်နေ့က မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူများအား Covid - 19 ရောဂါကာကွယ်ရေးလုပ်ငန်းများ‌ဆောင်ရွက်‌ပေးခြင်း၊ စိတ်ပိုင်း/လူမှုပိုင်းဆိုင်ရာအားပေးကူညီခြင်း၊ အစားအစာများဝေငှခြင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနမှပံ့ပိုးပေးသည့် အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းများအားထောက်ပံ့ပေးခြင်းနှင့် သက်ဆိုင်ရာနေရပ်အသီးသီးသို့ပြန်လည်ထွက်ခွာလိုသူများအား ခရီးလမ်းညွှန်ပေးခြင်းတို့ကို တာချီလိတ်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ခဲ့ကြပါသည်။

Read More

  10/ May/ 2021

သတိလစ်လဲကျသည့် အမျိုးသားတစ်ဦးကို ကြက်ခြေနီက ရှေးဦးပြုစုပြီး ဆေးရုံသို့ ပို့ပေး

၂၀၂၁ခုနှစ်၊ မေလ(၁၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက် စျေးရှေ့၌ နှာခေါင်းသွေးယိုစီးပြီးသတိလစ်လဲကျသွားသည့် အမျိုးသားတစ်ဦးကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုပေးပြီး ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ပါတယ်။

Read More

  10/ May/ 2021

နှလုံးအမော​ဖောက်လူနာအား ကြက်ခြေနီကဆေးရုံသို့ ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ မေလ(၁၀)ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်မှ နှလုံးအမော​ဖောက်လူနာတစ်ဦးအား ဆေးရုံသို့ပို့ဆောင်ရန် အကူအညီတောင်းလာသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း​)မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းအောင်မိုးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၄)ဦးတို့ သွားရောက်ခဲ့ပြီး ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ပါတယ်။

Read More

  10/ May/ 2021

မြိတ်တွင် ဖျားနာအခမဲ့ဆေးခန်း၌ ကြက်ခြေနီ ကူညီဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ မြိတ်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြိတ်မြို့မှ ဖွင့်လှစ်သော ဖျားနာအခမဲ့ဆေးခန်းတွင် ဆေးခန်းပြသသူများကို COVID -19ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ပြသနိုင်ရန် ၂၀၂၁ခုနှစ်၊ မေလ(၁၀)ရက်နေ့မှစပြီး ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။

Read More

  09/ May/ 2021

ထားဝယ်တွင် ဆေးကုသရန်လိုသည့်လူနာများကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့သွားရန် ကူညီ

၂၀၂၁ခုနှစ်၊ မေလ(၉)ရက်နေ့ ညပိုင်းကတနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ထားဝယ်မြို့ဆန်းချီရပ်မှ ဆေးကုသရန်လိုအပ်သော လူနာတစ်ဦးနှင့်ဘုမ္မော်ရပ်မှ သွေးတိုးလူနာတစ်ဦးတို့ကိုကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ထို့အတူ မေလ(၁၀)ရက်နေ့ နံနက်အစောပိုင်းကလည်း မြောင်းပုလဲရပ်မှ ဖျားနာကလေးတစ်ဦးကို ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။

Read More

  09/ May/ 2021

ချောင်းဆုံမြို့နယ်မှ အဘိုး ၁ဦးအား မော်လမြိုင်မြို့ မြဆည်းဆာဘိုးဘွားရိပ်သာသို့ ကြက်ခြေနီအသင်းခွဲယာဉ်ဖြင့် ကူညီပို့ဆောင်

၂၀၂၁ ခုနှစ်၊ မေလ(၉)ရက်နေ့က ချောင်းဆုံမြို့နယ်မှ အသက်(၇၀) အရွယ်အဘိုးအား ချောင်းဆုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၂ဦးက ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် မော်လမြိုင်မြို့ရှိ မြဆည်းဆာဘိုးဘွားများခိုလှုံရာရိပ်သာသို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်။

Read More

  09/ May/ 2021

လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

အရေးပေါ်အခြေအနေတစ်ခုဖြစ်လာရင် အခြေခံရှေးဦးပြုစုနည်းဟာ လူ့အသက်တွေကိုကယ်တင်နိုင်ပါတယ်။ အထူးသဖြင့်ဆေးရုံတွေ (သို့မဟုတ်) ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့နေရာတွေနဲ့ ဝေးကွာတဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့သူတွေအတွက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့လပိုင်းတုန်းက ဘူးသီးတောင်မြို့က မြို့နယ်ကြက်ခြေနီအသင်းခွဲနဲ့အတူ ရှေးဦးပြုစုနည်းသင်တန်းနှစ်ခုကို ကြက်ခြေနီ၀န်ထမ်းတွေ၊ စေတနာလုပ်အားရှင်တွေနဲ့ ဘူးသီးတောင်မြို့နယ်က တိုက်ပွဲရှောင်စခန်းတွေမှာနေထိုင်တဲ့ ရပ်ရွာကိုယ်စားလှယ်အယောက် ၂၀အပါအ၀င် စုစုပေါင်း လူအယောက် ၄၀အတွက် သင်တန်းပို့ချပေးနိုင်ခဲ့ပါတယ်။ ရပ်ရွာကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးကျော်က သူသင်ယူခဲ့ရတဲ့ ဗဟုသုတအသစ်တွေကို သူ့ရပ်ရွာလူထုတွေကို ပြန်လည်ဝေမျှပေးဖို့ စိတ်အားထက်သန်နေပါတယ်။ “ဒီသင်တန်းမှာအရမ်းပျော်ပြီး ကြက်ခြေနီအဖွဲ့ဆီက သင်ယူခွင့်ရတဲ့အတွက် ပျော်မိပါတယ်။ ကျွန်တော်တို့ရွာကလူတွေကို တစ်ချိန်မှာ ကျွန်တော်ပြန်ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပတ်တီးစည်းပေးတာတို့၊ သွေးတိတ်အောင်လုပ်ပေးတာတို့ ၊ ကျိုးနေတဲ့ လက်ကိုမလှုပ်ရှားစေဖို့ထိန်းပေးတာတို့ကို ကူညီပေးနိုင်လိမ့်မယ်လို့ထင်ပါတယ်။ ဒီရှေးဦးပြုစုနည်းသင်တန်းဟာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်” လို့ သုံးရက်တာသင်တန်းပြီးတဲ့အခါမှာ သူကပြောပါတယ်။ ရှေးဦးပြုစုနည်းသင်တန်းတွေဟာ ရပ်ရွာလူထုအတွက် မိမိတို့နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ရဲ့ လက်တွဲလုပ်ဆောင်နေတဲ့ ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ရှေ့လတွေမှာ နောက်ထပ်သင်တန်းတွေကို ထပ်မံပို့ချပေးဖို့စီစဉ်ထားပါတယ်။

Read More

  08/ May/ 2021

ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနား ကျင်းပ

ရန်ကုန်၊ မေလ ၈ ရက် ၂၀၂၁ ခုနှစ် ၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ အမျိုးသား ကြက်ခြေနီနှင့် လခြမ်းနီအသင်းများနည်းတူ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှလည်း အခမ်းအနားကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၊ အချိန်ပိုင်းအချိန်ပြည့်အလုပ်အမှုဆောင်များနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ မြန်မာနိုင်ငံရုံးကိုယ်စားလှယ် Mr. Stephan Sakalian၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ မြန်မာနိုင်ငံရုံး အကြီးအကဲ Mr. Joy Singhal နှင့် မိတ်ဖက်အမျိုးသား ကြက်ခြေနီနှင့် လခြမ်းနီအသင်းများမှ တာဝန်ရှိသူများ၊ နေပြည် တော် ကောင်စီနယ်မြေ/ပြည်နယ်/တိုင်း/ခရိုင်များမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ဥက္ကဌများ၊ အမှုဆောင်များနှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြပါသည်။ အထိမ်းအမှတ် အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် (၆၅) နှစ်ပြည့်နှစ်သည်အထိ တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များ ဂုဏ်ပြုခြင်းနှင့် ၂၀၂၁ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ဆောင်း ပါးပြိုင်ပွဲ ဆုရသူများအား ဆုချီးမြှင့်ခြင်းများကိုလည်းပြုလုပ်ခဲ့ပါသည်။ ယခုနှစ် ၂၀၂၁ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အတွက် သတ်မှတ်ထားတဲ့ ဆောင်ပုဒ်မှာ “Together we are unstoppable” ‘‘မရပ်အနား ရှေ့ဆက်သွား ကြက်ခြေနီရဲ့ စုပေါင်းအား’’ ဖြစ်ပြီး ဆောင်ပုဒ်အတိုင်း အကူအညီ လိုအပ်နေသူတွေအတွက် ကမ္ဘာတစ်ဝန်းက ၁၇ သန်းကျော်သော စေတနာလုပ်အားရှင် ကြက်ခြေနီ စုပေါင်းအားနဲ့ လှုပ်ရှားမှု ကွန်ရက်ကတစ်ဆင့် လူသားချင်း စာနာထောက်ထားသော အကူအညီတွေကို မရပ်မနား ဆောင် ရွက် ပေးလျက်ရှိနေကြပါတယ်။ [supsystic-gallery id=10 position=center]

Read More

  08/ May/ 2021

သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူမှုကရုဏာလုပ်ငန်းများဆောင်ရွက်လုပ်ကိုင်လျှက်ရှိ

၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၁၅) ဦးတို့သည် မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီးတွင် လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်း၊ ကျန်းမာရေးချို့တဲ့သူများအား လိုအပ်သည့် ဆန်နှင့်ငွေကြေးထောက်ပံ့ခြင်း၊ ထိခိုက်ဒဏ်ရာရသူ တစ်ဦးအား ရှေးဦးပြုစုပေးကာ ကြက်ခြေနီအသင်းခွဲပိုင်ယာဉ်ဖြင့် ဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ပြီး ဆေးကုသစရိတ် (ငွေကျပ် ၅၅၀၀၀ိ/ ) လှူဒါန်းပေးခြင်း၊ စစ်ဘေးရှောင်စခန်းတွင် ယာယီလူနေဆောင်များ ကူညီဆောက်လုပ်ပေးခြင်း၊ အိမ်သာများစနစ်တကျဖြစ်စေရေးအတွက် အမိုးအကာများထောက်ပံ့ပေးခြင်း၊ Covid - 19 ရောဂါကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်း စသော လူမှုကရုဏာလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြပါသည်။

Read More