03/ May/ 2021

ကြက်ခြေနီက အရေးပေါ်လူနာအတွက် သွေးလှူဒါန်း

၂၀၂၁ခုနှစ်၊ မေလ(၃)ရက်နေ့ ညပိုင်းကရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်််ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ကိုစည်သူနှင့် ကိုလွင်မောင် တို့သည် အာရှတော်ဝင်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော ဆီးကျိတ်ခွဲစိတ်လူနာတစ်ဦးနှင့် ကျောက်ကပ်ခွဲစိတ်လူနာတစ်ဦး တို့အတွက် အရေးပေါ်လိုအပ်လျှက်ရှိသော (AB)သွေး နှင့် (O) အမျိုးအစား သွေးတို့ကို လှူဒါန်းခဲ့ကြပါတယ်။

Read More

  03/ May/ 2021

သတိလစ်မေ့မြောလူနာကို ကြက်ခြေနီမှ ရှေးဦးပြုစုပြီး သတိရအောင်ပြုလုပ်ပေးနိုင်ခဲ့

၂၀၂၁ခုနှစ်၊ မေလ(၃)ရက်နေ့ နံနက်အစောပိုင်းက ကျိုက္ခမီမြို့တွင် ချော်လဲပြီး ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာရရှိကာ သတိလစ်မေ့မြော နေတဲ့ အမျိုးသမီးလူနာတစ်ဦးကို ကျိုက္ခမီတိုက်နယ်ဆေးရုံမှ သံဖြူဇရပ်မြို့နယ်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ရာမှာ ကျိုက္ခမီကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးကအသင်းခွဲငယ်မှ လူနာတင်ယာဉ်နဲ့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီလိုပို့ဆောင်ရာမှာ စက်စဲလမ်းဝ၌ လူနာကို ရှေးဦးပြုစုနည်းဖြင့် နှလုံးနှိုးဆွခြင်း တကြိမ်၊ သံဖြူဇရပ်မြို့အဝင်တွင် တကြိမ် နှလုံးနှိုးဆွခြင်း လုပ်ပေးခဲ့ရာ လူနာမှာ သတိပြန်လည်ရရှိလာခဲ့ပါတယ်။
ထို့နောက် လူနာအား စိတ်ချရသော ဘေးစောင်းအနေအထားထားကာ သံဖြူဇရပ်မြို့နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်။

Read More

  03/ May/ 2021

ဆိုင်ကယ်မတော်တဆမှု‌ေကြာင့် ထိခိုက်ဒဏ်ရာရသူကို ကြက်ခြေနီမှ ရှေးဦးပြုစု

၂၀၂၁ခုနှစ်၊ မေလ(၃)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မင်းကြီးလမ်း၌ ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားရာမှ ထိခိုက်ဒဏ်ရာရရှိသော အမျိုးသားတစ်ဦးကို အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုပေးခဲ့ကြပါတယ်။

Read More

  03/ May/ 2021

ဆေးရုံဆင်းလူနာအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် နေအိမ်သို့ ကူညီပို့ဆောင်ပေး

၂၀၂၁ခုနှစ်၊ မေလ ၂ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကရပ်ပြင်မြောက်ရပ်ကွက်မှ ဆေးရုံဆင်းလူနာ (၁)ဦးအား ကြက်ခြေနီစေတနာလုပ်အားရှင်များက ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် မြင့်မိုရ်ဦးဆေးရုံမှ နေအိမ်သို့ ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။

Read More

  03/ May/ 2021

ကမ္ဘာ့ကြက်ခြေနီနေ့

၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်နေ့။
မရပ်မနားရှေ့ဆက်သွား၊ ကြက်ခြေနီရဲ့ စုပေါင်းအား။
Together we are Unstoppable.
“ခက်ခဲအကြမ်းတမ်းဆုံးနေ့ရက်တွေမှာတောင်
ကျွန်ုပ်တို့ အတူတကွ ရှိနေမှာဖြစ်တဲ့အတွက် ကျွန်ုပ်တို့ကို သတိရလိုက်ပါ။”

Read More

  03/ May/ 2021

ကြားနေခြင်း

“ကြားနေခြင်းဆိုတဲ့ ကြက်ခြေနီအခြေခံမူကြောင့် အကူအညီလိုအပ်သူတွေကို ကူညီရာမှာ လူကို လူလို့ပဲအမြင်နဲ့ အဖြူရောင်စိတ်ထားပြီး မည်သူမည်ဝါ မည်သည့်အဖွဲ့အစည်းဆိုပြီး ဘက်လိုက်မှု မရှိဘဲကူညီရင် ပိုမိုထိရောက်တဲ့ ကူညီမှုတွေလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။” ဦးဇင်မျိုး (တပ်စုမှူး - မအူပင်မြို့နယ်ကြက်ခြေနီအသင်းခွဲ) =============================== ဦးဇင်မျိုးက မအူပင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှာ တပ်စုမှူးရာထူးဖြင့် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် အသက် (၁၅) နှစ်အရွယ် (၈)တန်းကျောင်းသားကတည်းက လူမှုကရုဏာလုပ်ငန်းတွေကို စိတ်ဝင်စားပြီး ကြက်ခြေနီစေတနာလုပ်အားရှင်အဖြစ် ဆောင်ရွက်နေတဲ့ သူက ကြက်ခြေနီအခြေခံမူတွေနဲ့ပတ်သက်ပြီး သဘောထားအမြင်နဲ့ ထားရှိသင့်တဲ့ စိတ်နေသဘောထားတွေကိုလည်း အခုလိုပဲ မျှဝေပေးခဲ့ပါတယ်။ “(၈) တန်းအရွယ်ထဲက ကျောင်းကြက်ခြေနီကို ကျွန်တော်ဘာကြောင့်ဝင်ရောက်ခဲ့သလဲဆိုရင် လူမှုကရူဏာလုပ်ငန်းတွေကို ဆောင်ရွက်ချင်တာကြောင့်ပါ။ ဒီလုပ်ငန်းတွေကို ဆောက်ရွက်တဲ့အခါမှာ အဓိက ကတော့ ကိုယ်ကသူများကိုကူညီပေးချင်တဲ့ အဖြူရောင်စိတ်ထားပြီး လူကို လူလို့ပဲမြင်တတ်ရပါမယ်။ ထို့အပြင် မည်သူမည်ဝါဆိုပြီး ဘက်လိုက်မှုမရှိဘဲ အမှန်တကယ် အကူအညီလိုအပ်နေသူတွေထံ ထိထိရောက်ရောက်ကူညီပေးနိုင်ရန်အတွက် ကြားနေခြင်းဆိုတဲ့ ကြက်ခြေနီအခြေခံမူကို လက်တွေ့ကျင့်သုံးပြီး အကူအညီ သွားပေးတဲ့အခါ အများပြည်သူနဲ့ အဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှု ရရှိစေမှာဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ #ကြားနေခြင်း ၂၀၂၁ခုနှစ်၊ #ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် #မရပ်မနား ရှေ့ဆက်သွား ကြက်ခြေနီရဲ့ စုပေါင်းအား Cartoon Designed by Htun Kyaw

Read More

  02/ May/ 2021

ဆေးရုံတင်ရန်လိုအပ်သောလူနာများအား ကြက်ခြေနီက လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ကူညီပေးလျက်ရှိ

တနင်္သာရီတိုင်း၊ မေလ (၂)ရက်
တနင်္သာရီတိုင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် တနင်္သာရီတိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ အရေးပေါ်လူနာများအား ရှေးဦးပြုစုပေးခြင်း၊ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျှက်ရှိကြရာ ၂၀၂၁ခုနှစ်၊ မေလ ၁ရက်နေ့က ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်မှ မူးဝေအော့အန်သောလူနာတစ်ဦးအားလည်းကောင်း၊ ဧပြီလ ၃၀ရက်နေ့က သရက်ချောင်းမြို့နယ်၊ ကြာအင်းကျေးရွာမှ နေမကောင်းဖြစ်သူလူနာတစ်ဦးအားလည်းကောင်း နီးစပ်ရာဆေးရုံများသို့ အသီးသီးပို့ဆောင်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
သတင်းပေးပို့သူ - ဦးမြင့်နိုင်

Read More

  02/ May/ 2021

ယာဉ်မတော်တဆမှုကြောင့် ထိခိုက်‌ဒဏ်ရာရသူ များကို ကြက်ခြေနီက ရှေးဦးပြုစု

အင်းစိန်၊ မေလ (၂)ရက်
၂၀၂၁ခုနှစ်၊ မေလ(၂)ရက်နေ့နံနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ပုလဲလမ်းဆုံ၌ ကားနှင့်ဆိုင်ကယ် မတော်တဆဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရသူ (၂)ဦးကိုအင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာရှင်(၄)ဦးက ရှေးဦးပြုစုပေးပြီး ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
Credit : အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲ

Read More

  02/ May/ 2021

ခွဲခြားမှုမရှိခြင်း

“ခွဲခြားမှုမရှိခြင်းဆိုတဲ့ ကြက်ခြေနီအခြေခံမူဆိုတာ အကူအညီလိုအပ်နေတဲ့ မည်သူ့ကိုမဆို မည်သူမည်ဝါ၊ လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာ မခွဲခြားဘဲ လူမှုကရုဏာအကူအညီတွေပေးရန်အတွက်ပဲ ဖြစ်ပါတယ်။“
ဒေါ်နန်းလှိုင်လှိုင်ထွေး (တပ်ဖွဲ့ခွဲမှူး - တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲ)
==== ==== ==== ==== ====
ဒေါ်နန်းလှိုင်လှိုင်ထွေးက တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှာ တပ်ဖွဲ့ခွဲမှူးရာထူးဖြင့် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပါတယ်၊ သူမက ပအို့ဝ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ၂၀၁၇ခုနှစ်မှစတင်ကာ ယနေ့အထိ ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးအဖြစ် ဆောင်ရွက်လျက်ရှိပါတယ်၊ ကြက်ခြေနီ အခြေခံမူတွေနဲ့ပတ်သက်ပြီး ဒေါ်နန်းလှိုင်လှိုင်ထွေးက သူမရဲ့ သဘောထားအမြင်နဲ့ ထားရှိသင့်တဲ့ စိတ်နေသဘောထားတွေကိုလည်း အခုလိုပဲ မျှဝေပေးခဲ့ပါတယ်။
“ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးဖြစ်ရတာ ကျွန်မအနေနဲ့ ဂုဏ်ယူတယ်၊ ကြက်ခြေနီအခြေခံမူတွေနဲ့ အညီ ပြည်သူလူထုအတွက် လူမှုကရုဏာ အလုပ်တွေလုပ်နေတော့ လူတိုင်းက ကျွန်မတို့ကိုကြိုဆိုတယ်။ တချို့ ဝေဖန်တာတွေလည်းရှိတာပေါ့နော်၊ ဒါပေမယ့် ကျွန်မတို့လုပ်ရမှာက ဘာမှမခွဲခြားဘဲ လူတွေကိုကူညီမယ်။ အကောင်းမြင်တတ်တဲ့စိတ်ထားရမယ်၊ စိတ်ရှည်သည်းခံနိုင်မှုနဲ့ နားထောင်မှုစွမ်းအားလည်း ရှိဖို့ပါပဲ။“လို့ ရွှေ့ပြောင်းလုပ်သားတွေအရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးရတဲ့ အဖွဲ့အစည်းတစ်ခုမှာ လက်ရှိအလုပ်လုပ်ကိုင်နေပြီး ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးလည်းဖြစ်တဲ့သူမက ပြောကြားခဲ့ပါတယ်။
“ကြက်ခြေနီ လူမှုကရုဏာလုပ်ငန်းတွေဆောင်ရွက်နေတဲ့အချိန်နဲ့ ကျွန်မရဲ့ ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်း အလုပ်ကို လုပ်ကိုင်ရတဲ့အခါတွေမှာ ဒီလိုကြက်ခြေနီက ရရှိလိုက်တဲ့ “ခွဲခြားမှုမရှိခြင်း” ဆိုတဲ့ အခြေခံမူအရ မည်သူမည်ဝါ၊ လူမျိုး၊ဘာသာ၊ ဆင်းရဲချမ်းသာ ခွဲခြားမှုမရှိဘဲ လိုအပ်နေတဲ့မည်သူကိုမဆို လူမှုကရုဏာအကူအညီတွေပေးရမယ်ဆိုတဲ့ အသိပညာအတိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ “
ဒေါ်နန်းလှိုင်လှိုင်ထွေး (တပ်ဖွဲ့ခွဲမှူး _ တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲ)
၂၀၂၁ခုနှစ်၊ #ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်
#မရပ်မနား ရှေ့ဆက်သွား ကြက်ခြေနီရဲ့ စုပေါင်းအား
Designed by Htun Kyaw

Read More