02/ May/ 2021

ဆေးရုံတင်ရန်လိုအပ်သောလူနာများအား ကြက်ခြေနီက လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ကူညီပေးလျက်ရှိ

တနင်္သာရီတိုင်း၊ မေလ (၂)ရက်
တနင်္သာရီတိုင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် တနင်္သာရီတိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ အရေးပေါ်လူနာများအား ရှေးဦးပြုစုပေးခြင်း၊ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျှက်ရှိကြရာ ၂၀၂၁ခုနှစ်၊ မေလ ၁ရက်နေ့က ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်မှ မူးဝေအော့အန်သောလူနာတစ်ဦးအားလည်းကောင်း၊ ဧပြီလ ၃၀ရက်နေ့က သရက်ချောင်းမြို့နယ်၊ ကြာအင်းကျေးရွာမှ နေမကောင်းဖြစ်သူလူနာတစ်ဦးအားလည်းကောင်း နီးစပ်ရာဆေးရုံများသို့ အသီးသီးပို့ဆောင်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
သတင်းပေးပို့သူ - ဦးမြင့်နိုင်

Read More

  02/ May/ 2021

ယာဉ်မတော်တဆမှုကြောင့် ထိခိုက်‌ဒဏ်ရာရသူ များကို ကြက်ခြေနီက ရှေးဦးပြုစု

အင်းစိန်၊ မေလ (၂)ရက်
၂၀၂၁ခုနှစ်၊ မေလ(၂)ရက်နေ့နံနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ပုလဲလမ်းဆုံ၌ ကားနှင့်ဆိုင်ကယ် မတော်တဆဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရသူ (၂)ဦးကိုအင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာရှင်(၄)ဦးက ရှေးဦးပြုစုပေးပြီး ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
Credit : အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲ

Read More

  02/ May/ 2021

ခွဲခြားမှုမရှိခြင်း

“ခွဲခြားမှုမရှိခြင်းဆိုတဲ့ ကြက်ခြေနီအခြေခံမူဆိုတာ အကူအညီလိုအပ်နေတဲ့ မည်သူ့ကိုမဆို မည်သူမည်ဝါ၊ လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာ မခွဲခြားဘဲ လူမှုကရုဏာအကူအညီတွေပေးရန်အတွက်ပဲ ဖြစ်ပါတယ်။“
ဒေါ်နန်းလှိုင်လှိုင်ထွေး (တပ်ဖွဲ့ခွဲမှူး - တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲ)
==== ==== ==== ==== ====
ဒေါ်နန်းလှိုင်လှိုင်ထွေးက တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှာ တပ်ဖွဲ့ခွဲမှူးရာထူးဖြင့် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပါတယ်၊ သူမက ပအို့ဝ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ၂၀၁၇ခုနှစ်မှစတင်ကာ ယနေ့အထိ ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးအဖြစ် ဆောင်ရွက်လျက်ရှိပါတယ်၊ ကြက်ခြေနီ အခြေခံမူတွေနဲ့ပတ်သက်ပြီး ဒေါ်နန်းလှိုင်လှိုင်ထွေးက သူမရဲ့ သဘောထားအမြင်နဲ့ ထားရှိသင့်တဲ့ စိတ်နေသဘောထားတွေကိုလည်း အခုလိုပဲ မျှဝေပေးခဲ့ပါတယ်။
“ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးဖြစ်ရတာ ကျွန်မအနေနဲ့ ဂုဏ်ယူတယ်၊ ကြက်ခြေနီအခြေခံမူတွေနဲ့ အညီ ပြည်သူလူထုအတွက် လူမှုကရုဏာ အလုပ်တွေလုပ်နေတော့ လူတိုင်းက ကျွန်မတို့ကိုကြိုဆိုတယ်။ တချို့ ဝေဖန်တာတွေလည်းရှိတာပေါ့နော်၊ ဒါပေမယ့် ကျွန်မတို့လုပ်ရမှာက ဘာမှမခွဲခြားဘဲ လူတွေကိုကူညီမယ်။ အကောင်းမြင်တတ်တဲ့စိတ်ထားရမယ်၊ စိတ်ရှည်သည်းခံနိုင်မှုနဲ့ နားထောင်မှုစွမ်းအားလည်း ရှိဖို့ပါပဲ။“လို့ ရွှေ့ပြောင်းလုပ်သားတွေအရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးရတဲ့ အဖွဲ့အစည်းတစ်ခုမှာ လက်ရှိအလုပ်လုပ်ကိုင်နေပြီး ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးလည်းဖြစ်တဲ့သူမက ပြောကြားခဲ့ပါတယ်။
“ကြက်ခြေနီ လူမှုကရုဏာလုပ်ငန်းတွေဆောင်ရွက်နေတဲ့အချိန်နဲ့ ကျွန်မရဲ့ ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်း အလုပ်ကို လုပ်ကိုင်ရတဲ့အခါတွေမှာ ဒီလိုကြက်ခြေနီက ရရှိလိုက်တဲ့ “ခွဲခြားမှုမရှိခြင်း” ဆိုတဲ့ အခြေခံမူအရ မည်သူမည်ဝါ၊ လူမျိုး၊ဘာသာ၊ ဆင်းရဲချမ်းသာ ခွဲခြားမှုမရှိဘဲ လိုအပ်နေတဲ့မည်သူကိုမဆို လူမှုကရုဏာအကူအညီတွေပေးရမယ်ဆိုတဲ့ အသိပညာအတိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ “
ဒေါ်နန်းလှိုင်လှိုင်ထွေး (တပ်ဖွဲ့ခွဲမှူး _ တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲ)
၂၀၂၁ခုနှစ်၊ #ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်
#မရပ်မနား ရှေ့ဆက်သွား ကြက်ခြေနီရဲ့ စုပေါင်းအား
Designed by Htun Kyaw

Read More

  02/ May/ 2021

ထားဝယ်တွင်လူနာများအား ကြက်ခြေနီကူညီ

၂၀၂၁ခုနှစ်၊ မေလ (၂) ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ယာဉ်တိမ်းမှောက်မှုကြောင့် ဆေးကုသမှုခံယူပြီးသည့် လူနာ (၂) ဦးအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကလိန်အောင်မြို့သို့ပို့ဆောင်ပေးခဲ့ပါသည်။
ထို့အတူ ထားဝယ်မြို့၊ ဒေါင်းငူ/တံငါရပ်ကွက်မှ ဆေးကုသမှုခံယူရန်လိုအပ်သော လူနာအား ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် မယ်ဒီလန်းဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။

Read More

  01/ May/ 2021

ကြက်ခြေနီသို့ အသက်ရှုအထောက်အကူပြုအောက်စီဂျင်အိုးလှူဒါန်း

ရန်ကုန်၊ မေလ (၁) ရက်
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ အခမဲ့အောက်ဆီဂျင်အိုး ငှားရမ်းရာတွင် အသုံးပြုနိုင်ရန်အတွက် အောက်ဆီဂျင်တစ်အိုး ပစ္စည်းစုံကို ကွယ်လွန်သူ ဖခင် ဦးမြင့်လေး+မိခင်ဒေါ်သန်းမြင့်တို့အား ရည်စူးပြီး အမှတ်(၈၃)ရွှေလှိုင်လမ်းနေ ကိုကျော်မျိုးသူ + မဝေဝေမိသားစုက ၂၀၂၁ခုနှစ်၊ မေလ(၁)ရက်နေ့မှာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Credit: ကြည့်မြင်တိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲ

Read More

  01/ May/ 2021

လူသားချင်း စာနာထောက်ထားခြင်း

"လူသားချင်း စာနာထောက်ထားခြင်းဆိုတာကတော့ တကယ့်ကို အသက်ပါပဲ။ လူတစ်ယောက်ကို မြင်တဲ့အခါ ကိုယ်ချင်းစာစိတ် မရှိရင် ကူညီပေးချင်စိတ် မဖြစ်‌ပေါ်နိုင်ဘူး"
ဒေါ်သီသီမွန် (တပ်ခွဲမှူး၊ သံဖြူဇရပ်မြို့နယ် ကြက်ခြေနီ အသင်းခွဲ)
=============================
အသက် (၄၁) နှစ် အရွယ် ဒေါ်သီသီမွန်ဟာ သံဖြူဇရပ်မြို့နယ် ကြက်ခြေနီ အသင်းခွဲရဲ့ တပ်ခွဲမှူး တစ်ယောက်ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် သူမ (၇) တန်း တက်ရောက်စဉ် ကျောင်းကြက်ခြေနီတွင် စတင်ဝင်ရောက်ခဲ့သည့်အချိန်မှ ယနေ့အထိ ကြက်ခြေနီတွင် လူမှုကရုဏာလုပ်ငန်းများဆောင် ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် နိုင်ငံတော်မှ ပေးအပ်သည့် ထူးချွန် ကြက်ခြေနီဆုကို ရရှိခဲ့ပါတယ်။ ခရီးသွားရင်း အမျိုးသမီးတစ်ဦး အရေးပေါ် ကလေးမွေးရာတွင် ဒေါ်သီသီမွန်မွန် (ဒေါ်သီသီမွန်သည် သားဖွားသင်တန်းဆင်းတစ်ဦးလည်းဖြစ်သည်) ကူညီမွေးဖွားပေးခဲ့ဖူးသည်။ သွေးအန်လူနာတစ်ဦးအား အရေးပေါ် လိုအပ်သည့်အကူအညီများပေးခဲ့ပြီး အရေးပေါ်သွေးလှူဒါန်းပေးခဲ့ဖူးသည်။ ရေကြီးနစ်မြုပ်ရာတွင် အဖွားအိုတစ်ဦးအားလည်း ကူညီကယ်ဆယ်ပေးခဲ့ဖူးသည်။ ကြက်ခြေနီ စေတနာ လုပ်အားရှင်တစ်ယောက်ဖြစ်သော ဒေါ်သီသီမွန်သည် ထိုကဲ့သို့ လိုအပ်သူများကို အကူအညီပေးသည့် လူမှုကရုဏာလုပ်ငန်းများကို နေ့စဉ်နှင့် အမျှ ကူညီဆောင်ရွက်နေခြင်းဖြစ်သည်။ ထိုကဲ့သို့ လူမှုကရုဏာလုပ်ငန်းများကို ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် ဒေါ်သီသီမွန်က "ကိုယ်ချင်းစာစိတ် ဖြင့် ထိုကဲ့သို့ အကူအညီပေးခဲ့ခြင်း ဖြစ်တယ်"ဟု ဆိုသည်။
“ဒီကြက်ခြေနီကိုလုပ်ခဲ့တာ ကိုယ်ချင်းစာတဲ့ စိတ်လေးနဲ့ပဲ လုပ်ခဲ့ပေးတာ။ လူသားချင်း စာနာထောက်ထားခြင်းဆိုတာကတော့ တကယ့်ကို အသက်ပါပဲ။ လူတစ်ယောက်ကို မြင်တဲ့အခါ ကိုယ်ချင်းစာစိတ် မရှိရင် ကူညီပေးချင်စိတ် မပေါ်ဘူး။ ကိုယ်ချင်းစာတဲ့ စိတ်ရှိမှသာ ငါဖြစ်ရင်ရောဆိုတဲ့ စိတ်ကလေးဝင်မှသာ ဒီလူကို ကူညီပေးမိမှာ။ ငါကရော အသက်ရှင်သန်တဲ့ ဘဝတစ်လျှောက်မှာ ဒီလိုမဖြစ်ဘူးလားဆိုတာ တွေးရမှာ … ငါဖြစ်ခဲ့ရင် တစ်ယောက်ယောက်က နားလည်ပေမယ့် ကူညီပေးနိုင်တဲ့ ပညာရှိပေမယ့် ပစ်ထားခဲ့ရင် ငါဘယ်လိုခံစားရမလဲ။ အဲ့အတွေးကြောင့်မို့ပဲ အိမ်မှာနေလို့မရဘူး။ တစ်ခုခုဖြစ်တယ် ကြားရတာနဲ ချက်ခြင်း ကူညီပေးချင်တဲ့စိတ် အမြဲတမ်းဖြစ်နေတယ်။ “
၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်
#မရပ်မနား ရှေ့ဆက်သွား ကြက်ခြေနီရဲ့ စုပေါင်းအား

Read More

  26/ Apr/ 2021

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃) ဦးသည် ယနေ့ ဧပြီလ (၁၇) ရက်နေ့ ည(၁၀) နာရီတွင် မော်လမြိုင်မြို့၊ စျေးကြို ဆန်တန်းမှ အူအတက်ပေါက်လူနာအား ရှေးဦးပြုစုကာ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ လူနာတင်ယာဥ်ဖြင့် မော်လမြိုင် ငွေမိုး ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြသည်။    

Read More

  25/ Apr/ 2021

ဆေးရုံပြောင်းရွေ့လူနာများကို ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်

၂၀၂၁ခုနှစ်၊ ဧပြီလ(၂၅)ရက်နေ့ ညပိုင်းတွင်မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးသည် သံဖြူဇရပ်ဆေးရုံမှ အရေးပေါ်ပြောင်းရွေ့ရန်လ်ိုအပ်သည့် အမျိုးသားလူနာတစ်ဦးကို မော်လမြိုင်ဆေးရုံသို့ မြို့နယ်အသင်းခွဲပိုင် ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ထို့အတူ ဧပြီလ(၂၆)ရက်နေ့တွင် မော်လမြိုင်မြို့ဇေယျာသီရီရပ်ကွက်မှ ဦးနှောက်အကျိတ်ယောင်အမျိုးသားလူနာတစ်ဦးကို အရေးပေါ်ဆေးကုသမှုခံယူနိုင်ရန် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု‌ေကာ်မတီမှ လူနာတင်ယာဥ်ဖြင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးက      ရန်ကုန်မြို့သို့ကူညီပို့ဆောင်ပေးခဲ့ကြသည်။

Read More

  25/ Apr/ 2021

မီးလောင်ရာတွင် ထိခိုက်ဒဏ်ရာရသူများကို ကြက်ခြေနီက ရှေးဦးပြုစုပေး

၂၀၂၁ခုနှစ်၊ ဧပြီလ(၂၅)ရက်နေ့ညပိုင်းတွင်မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ သိပ္ပံလမ်းတွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ အပူလောင်သူနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကြက်ခြေနီစေတနာလုပ်အားရှင်(၆)ဦးမှ ရှေးဦးပြုစုစောင့်ရှောက်မှုပေးခဲ့ကြသည်။

Read More