06/ Aug/ 2020

ဆိုင်ကယ်မတော်တဆ တိမ်းမှောက်ရာ ဒဏ်ရာရရှိသူအား ကြက်ခြေနီက ရှေးဦးပြုစုပေး

တောင်ကြီး၊ ၆ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၆ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ ကျောက်တလုံးမြို့ ကက္ကူကျေးရွာအနီးတွင် ဆိုင်ကယ်မတော်တဆ တိမ်းမှောက်ရာ ဒဏ်ရာ ရရှိသူ ၂ ဦးအား တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကက္ကူကျေးရွာရှိကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်ကာ ရှေးဉီးပြုစုပေးခဲ့ပါသည်။

Read More

  06/ Aug/ 2020

ဟင်္သာတနှင့်မအူပင်တွင် ရေဘေးသင့်အိမ်ထောင်စုများအား ကြက်ခြေနီမှ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့

ဟင်္သာတ၊ မအူပင် ဩဂုတ် ၆

၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၄ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အိပ်ပျက်အုပ်စု ဖောင်ဆိပ်ကျေးရွာတွင် ဦးမိုးလေးတာ ကျိုးပေါက်၍ ရေဝင်ရောက်သဖြင့် ဒေသခံ ကျေးရွာပြည်သူအချို့ ရေဘေးသင့်ခဲ့ရာမြိုနယ်ကြက်‌‌ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဌာနဆိုင်ရာများ၊လူမှုရေးအသင်း
အဖွဲ့များနှင့် ပူးပေါင်းကာ ရေဘေးလွတ်ရာသို့ ရွေ့ပြောင်း‌ပေးခြင်းကို ဝိုင်းဝန်း ကူညီ ဆောင်ရွက် ခဲ့ကြပါသည်။
ဩဂုတ်လ ၅ ရက်နေ့တွင်အဆိုပါကျေးရွာသို့ တိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့လာ‌ရောက်စဥ် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးမန်းကြည်ရွှင်နှင့်အဖွဲ့လည်း အတူလိုက်ပါကာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရန် စီစဉ်ခဲ့ပါသည်။
ဩဂုတ်လ ၆ ရက်နေ့တွင် ရေဘေးသင့်အိမ်ထောင်စု၁၃၀ အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း က
ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှတဆင့်ထောက်ပံ့သော တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ အမိုးအကာဆောက်လုပ်ရေးပစ္စည်းနှင့် သောက်ရေပုံး တို့ကို ဟင်္သာတမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးမင်းဥာဏ် နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းကိုကိုဝင်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၂၀ ဦးတို့မှ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။
ဩဂုတ်လ ၁ ရက်နေ့ကလည်း မအူပင်ခရိုင် မအူပင်မြို့နယ် သောင်တန်းကျေးရွာ၌ ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ထိခိုက်ခံစားရ‌သော အိမ်ထောင်စု ၁၀ စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သော တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း ၊တာပေါ်လင်၊ ကြိုး တို့ကို ဩဂုတ်လ ၆ ရက်နေ့တွင် တိုင်း‌ဒေသကြီးကြက်‌ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးမန်းကြည်ရွှင် ၊ တိုင်း‌ဒေသကြီးကြက်‌ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြင့် ၊ မအူပင်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဌ၊ မြိုနယ်ကြက်‌ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရှိရပါသည်။

 

Read More

  05/ Aug/ 2020

သထုံတွင် ကြက်ခြေနီက သွေးသန့်လှူဒါန်း

သထုံ၊ သြဂုတ်လ ၅ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် အရေးပေါ်လိုအပ်လျက်ရှိသည့်သွေးများအတွက် သထုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဇရစ်ချောင်ကျေးရွာကြက်ခြေနီစေတနာလုပ်အားရှင် ၅ဦးက သွေးသန့်၅ပုလင်းကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၅ရက်နေ့က သွားရောက်လှူဒါန်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။  

Read More

  05/ Aug/ 2020

ရေးတွင် သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့် ဒေသမှ ပြည်သူများ ကြိုတင်ပြောင်းရွှေ့ရာ၌ ကြက်ခြေနီက ကူညီဆောင်ရွက်

ရေး၊ ဩဂုတ် ၅ ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၅ ရက်နေ့က မွန်ပြည်နယ် ရေးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီတပ်ခွဲမှူး ဒေါ်သီတာမြင့် ဦးဆောင်သော ကြက်ခြေနီစေတနာ လုပ်အားရှင် ၁၈ ဦးတို့သည် မိုးရာသီ၌ ဖြစ်တတ်သော မိုးရွာသွန်းမှုဒဏ်၊ လေပြင်းတိုက်ခတ်မှုနှင့် လှိုင်းရိုက်ခတ်မှုဒဏ်ခံရနိုင်ခြေရှိသည့် ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာမှ အိမ်ထောင်စု (၂၅) စုအား ဘုန်းတော်ကြီးကျောင်းရှိ ယာယီကယ်ဆယ်ရေးစခန်းသို့ ကြိုတင်ပြောင်းရွှေ့နေရာချထားခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ကို ကူညီ ဆောင်ရွက် ပေးခဲ့ပါသည်။

Read More

  04/ Aug/ 2020

ဟင်္သာတတွင် တာကျိုးသဖြင့် ပြည်သူများရေဘေးလွတ်ရာသို့ ရွေ့ပြောင်းရာတွင် ကြက်ခြေနီမှ ပါဝင်ကူညီ

ဟင်္သာတ၊ သြဂုတ် ၄ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အိပ်ပျက်ကျေးရွာအုပ်စု၊ ခြင်ဘို့ကျေးရွာအုပ်စုတို့ရှိ ဖောင်ဆိပ်၊ ဌက်ပျောတော၊ သဲရိုး၊ တာငုတ်ကျေးရွာများတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်နေခဲ့သည့်အတွက် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်ကာ လူနေအိမ်များကို ဘေးလွတ်ရာသို့ရွေ့ပြောင်းရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၂၀ ဦးတို့ကဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြပါသည်။ ဇူလိုင်လ ၁၅ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ အိမ်ထောင်စု (၉၂)စု၊ လူဦးရေမှာ (၃၂၈)ဦးတို့ကို ပြောင်းရွေ့ပေးခဲ့ပြီးဖြစ်သည်။ သြဂုတ်လ ၄ ရက်နေ့ နံနက် ၉း၃၀ နာရီ ဝန်းကျင်တွင် ဦးမိုးလေးတာမှာ ပေ ၂၀ ခန့်ကျိုးပျက်ခဲ့ရာ နေအိမ် များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ခဲ့သဖြင့် အိမ်ထောင်စု (၃၈) စု၊ လူဦးရေ (၁၂၇) ဦးနှင့် ပစ္စည်းများ အား ရေဘေးလွတ်ရာသို့ ပြောင်းရွေ့ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဦးတို့က ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။  

Read More

  02/ Aug/ 2020

သရက်ချောင်းတွင် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရေး ကြက်ခြေနီမှကူညီဆောင်ရွက်

သရက်ချောင်း၊ ဩဂုတ် ၂

၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂ ရက်နေ့ က တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်သရက်ချောင်းမြို့အဝင်၊ မော်ရှည်ကုန်းရပ်ကွက်နှင့် ကဇိတံတားဦးရွာအကြား လမ်းရေကျော်လျှက်ရှိရာမြို့နယ်ကြက်‌‌ေခြနီအသင်းခွဲ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဉီးမြတ်ကိုကိုဉီးဆောင်‌ေသာ ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဉီး​ တို့သည် ဖြင့်ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းစွာ ခရီးသွားနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

Read More

  01/ Aug/ 2020

နေပြည်တော် ၊ ဇေယျာသီရိတွင် ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူကို ကြက်ခြေနီမှ ရှေးဦပြုစုပေးပြီး ဆေးရုံသို့ကူညီပို့ဆောင်

နေပြည်တော်၊ ဩဂုတ် ၁ ၂၀၂၀ပြည့်နစ်၊ ဩဂုတ်လ ၁ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် ရန်ကုန် - မန္တလေးလမ်းဟောင်း ခရေပင်လမ်းခွဲအနီး သုံးဘီးယာဥ် နှင့် ဆိုင်ကယ်တိုက်မှု ကြောင့် ထိခိုက်ဒဏ်ရာရသူများအား ဇေယျာသီရိမြို့နယ်ကြက်‌‌ေခြနီအသင်းခွဲ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးချစ်မင်းဦး ဦး‌ေဆာင်‌ေသာ ကြက်ခြေနီစေတနာလုပ်အားရှင် ၆ ဦးတို့မှလိုအပ်သော ရှေးဦးပြုစုခြင်းများ ဆောင်ရွက်‌ေပးပြီး ကရုဏာရှင် လူမှုကူညီရေးပရဟိတအသင်း (နေပြည်တော်၊ ပြည်စံအောင်) သူနာတင်ယာဉ် ၂ စီးဖြင့် ပြည်သူ့ဆေးရုံ ကုတင် ၃၀၀ သို့ အချိန်မီ ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။

Read More

  30/ Jul/ 2020

Partnership Review ပြုလုပ်ရန်ကြိုတင်ညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံကြက်ခြေနီအသင်း(ရန်ကုန်)ရုံးတွင်ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၃၀

မြန်မာနိုင်ငံကြက်ခြေနီအသင်း(ရန်ကုန်)ရုံးတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း နှင့် Partnership Review talk ပြုလုပ်ရန်အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲ ကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၃၀ရက်နေ့၊ နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဒုဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆွေပွဲသို့ အသင်းဒုဥက္ကဌနှင့်အတူ အထွေထွေအတွင်းရေးမှူးပါမောက္ခ ဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများနှင့် ဌာနမှူးများတက်ရောက်ဆွေးနွေးခဲ့ကြသည်။

Read More

  29/ Jul/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် ရှေးဦးပြုစုခြင်းမူဝါဒ (၂၀၂၀)အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲတက်ရောက်

ရန်ကုန်၊ ဇူလိုင် ၂၈
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ ဂျာမန်ကြက်ခြေနီ အသင်း တို့ပူးပေါင်းပြုလုပ်သည့် ရှေးဦးပြုစုခြင်းမူဝါဒ (၂၀၂၀)အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ၂၀၂၀
ပြည့်နှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Central Hotel ၌ကျင်းပခဲ့ပါသည်။  အခမ်းအနားသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်/အချိန်ပိုင်းအမှုဆောင်များဖြစ်ကြသော ဒေါက်တာတင်ညွန့်နှင့်ဒေါ်ကြူကြူဝင်း၊ ဒေါက်တာထိန်လင်းနှင့် ဒေါက်တာသိန်းငွေ၊အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်ဇော်စိုး၊ ဒုတိအထွေထွေအတွင်းရေးမှူးများ ဖြစ်ကြသော ဒေါက်တာဒေါ်ညိုညိုဝင့်နှင့် ဒေါက်တာတင်ထွန်းအောင်၊ ညွန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများနှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ စီမံကိန်းမန်နေဂျာနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန တို့မှဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲတွင် အသင်းဥက္ကဌက အမှာစကားပြောကြားရာတွင် ရှေးဦးပြုစုခြင်းသည် အသင်း၏ ပင်မသွေးကြောတစ်ခု ဖြစ်သည့်အတွက် စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ရှေးဦးပြုစုခြင်း သင်တန်းများကို အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်အဆင့်များအထိ ယခုထက် ပိုမိုဖွင့်လှစ်နိုင်ရေးဆောင်ရွက်ကြစေလိုပါကြောင်း၊ရှေးဦးပြုစုခြင်း ပညာရပ်များ ပြန့်ပွားစေရန် အမျိုးသားအဆင့် အစီအမံများဆောင်ရွက်နိုင်ရေးအတွက် စီမံချက်များရေးဆွဲကာ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊
ယခုလို ဆောင်ရွက်ရာတွင် အသင်း၏သတ်မှတ်ထားသော မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၁၄ ခုနှစ်တွင်ထုတ်ပြန်ခဲ့သော ရှေးဦးပြုစုခြင်းမူဝါဒကို အသစ်ပြန်လည်ရေးဆွဲရခြင်း ဖြစ်ပါကြောင်း၊တက်ရောက်လာသူများ အနေဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရန် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဂျာမန်ကြက်ခြေနီအသင်း ဌာနေကိုယ်စားလှယ် Mr.Emilio က နှုတ်ခွန်းဆက်စကားပြောကြားကာ ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Read More