10/ Aug/ 2020

အရေးပေါ်သွေးလိုအပ်နေသော လူနာအတွက် ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးမှ သွေးလှူဒါန်း

လွိုင်ကော်၊ ဩဂုတ် ၁၀ ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၁၀ရက်နေ့က ကယားပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်သွေးလိုအပ်နေသော လူနာတစ်ဦးအတွက် လွိုင်ကော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးမှ သွေးတစ်လုံးလှူဒါန်းပေးခဲ့ကြောင်း သိရှိရပါသည်။  

Read More

  09/ Aug/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့် ညောင်တုန်း၌ ပြုလုပ်သော ရှေးဦးပြုစုခြင်း(အခြေခံအဆင့်) သင်တန်းဆင်းပွဲတွင် ထူးချွန်ရရှိသူများအား ဆုချီးမြှင့်

ညောင်တုန်း၊ ဩဂုတ် ၉ မြန်မာနိုင်ငံကြက်ခြေနီအသင်း Red Ready စီမံချက်နှင့် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံအဆင့်) သင်တန်း ဆင်းပွဲအခမ်းအနားကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၉ ရက်နေ့က ညောင်တုန်းမြို့ အထက(၂)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ အသင်းဥက္ကဌ နှင့်အတူ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာ ထင်ဇော်စိုး၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးမန်းကြည်ရွှင်၊ ရှေးဦးပြုစုခြင်းနှင့်ဘေးအန္တရာယ် ကင်းရှင်းရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြတ်မင်းနိုင်၊ မအူပင်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ၊ ခရိုင်ကြက်ခြေနီ တပ်ဖွဲ့မှူး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှူး၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက် ခဲ့ကြပါသည်။ ရှေးဦးစွာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က သင်တန်းဆင်း အမှာစကားပြောကြားပါသည်။ ထို့နောက် မြိုနယ်ပညာရေးမှူး ဦအေးထွန်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးသန်းမြင့်က အသင်းခွဲ၏ ဆောင်ရွက်မှုများကို တင်ပြခဲ့ပါသည်။ ယင်းနောက် အသင်းဥက္ကဌက သင်တန်းတွင်ထူးချွန်ဆု ရရှိသူများအားလည်း ကောင်း၊ တိုင်းဒေသကြီးကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဌက သင်တန်းဆင်း လက်မှတ်များအားလည်းကောင်း ပေးအပ်ချီးမြှင့် ခဲ့ကြပါသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲ အတွက် လူနာတင်ယာဉ်ဝယ်ယူရန် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြင့်က အလှူငွေကို လှူဒါန်းခဲ့ပါသည်။ အဆိုပါ ရှေးဦးပြုစုခြင်း(အခြေခံအဆင့်)သင်တန်းသို့ အလယ်တန်း/အထက်တန်း ဆရာ/ဆရာမ ၃၁ ဦး တက်ရောက်ခဲ့ကြပါသည်။    

Read More

  09/ Aug/ 2020

မရမ်းကုန်းအခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

မရမ်းကုန်း၊ ဩဂုတ် ၉ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအဖြစ် ခြင်များမခိုအောင်းနိုင်စေရန် မြက်ရိတ်စက်ဖြင့် ချုံနွယ်ရှင်းလင်းပေးခြင်း၊ ကျောင်းပတ်ဝန်းကျင်တွင် အမှိုက်များမရှိရန်ရှင်းလင်းခြင်း၊ ခြင်ဆေးဖြန်းခြင်းများအပြင် အသိပညာပေးဗွီနိုင်းများကပ်ခြင်းတို့ကို မရမ်းကုန်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ကျောင်းကြက်ခြေနီကျောင်းသူ/သားများ စုစုပေါင်းအင်အား(၂၀)ဦးဖြင့်၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၉ရက်က ဆောင်ရွက်ခဲ့ပါသည်။

Read More

  09/ Aug/ 2020

မြောက်ဦးတွင် ကြက်ခြေနီမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ပူးပေါင်းဆောင်ရွက်

မြောက်ဦး၊ ဩဂုတ် ၉ မြောက်ဦးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်စေရန်အတွက် ဖုံး/သွန်/လဲ/စစ်ပြုလုပ်ပေးခြင်း၊ အဘိတ်ဆေးခပ်ခြင်းတို့ကို မြောက်ဦးမြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၉ရက်နေ့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Read More

  09/ Aug/ 2020

မုဒုံပြည်သူ့ဆေးရုံတွင်လိုအပ်နေသည့်သွေးသန့်ကို ကြက်ခြေနီကသွားရောက်လှူဒါန်း

မုဒုံ၊ ဩဂုတ် ၉ ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၉ ရက်က မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃ဦးသည် မုဒုံမြို့နယ်၊ ထွန်းတောက်ပြည်သူ့ဆေးရုံတွင်အရေးပေါ်လိုအပ်လျက်ရှိသည့် သွေးသန့်များအတွက် (O)သွေး(၃)လုံးကိုသွားရောက်လှူဒါန်းခဲ့ပါသည်။

Read More

  08/ Aug/ 2020

ရပ်စောက်တွင် ယာဉ်တိမ်းမှောက်ရာ ဒဏ်ရာရလူနာများအား ဆေးရုံသို့ ကြက်ခြေနီပို့ဆောင်ပေး

ရပ်စောက်၊ ဩဂုတ်လ ၈ ရှမ်းပြည်နယ်(တောင်ပိုင်း)ရပ်စောက်မြို့နယ်၊ ပစောက်ကွေ့တံတားအနီးရှိချောက်အတွင်း ကုန်တင်ယာဉ်တစ်စီး ကျဆင်းတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ဒဏ်ရာရသူ (၃)ဦးအား ချောက်အတွင်းဆင်းသယ်ယူခြင်းနှင့် ရပ်စောက်ပြည်သူ့ဆေးရုံသို့ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခြင်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးဦးကျော်မြင့်သိန်းဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၇ဦးက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၈ရက်နေ့က ဆောင်ရွက်ခဲ့ပါသည်။  

Read More

  08/ Aug/ 2020

နေပြည်တော် လယ်ဝေးတွင် ရေဘေးသင့်ပြည်သူများအား ကြက်ခြေနီမှ ​ထောက်ပံ့ပစ္စည်းများပေးအပ်

လယ်ဝေး၊ ဩဂုတ် ၈ ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၃ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေပြည်တော် လယ်ဝေးမြို့နယ်၊ သစ်ပုတ်ပင်ကျေးရွာတွင် နေအိမ်၇လုံး ရေဘေးသင့်ကာပျက်စီးဆုံးရှုံးခဲ့ရသည်။ ဩဂုတ်လ ၈ရက်နေ့တွင် နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသွားရောက်ကာ မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်းများ၊ အမိုးအကာဆောက်လုပ်ရေးသုံးပစ္စည်းများအား သွားရောက်ထောက်ပံ့ပေးခဲ့သည်။

Read More

  07/ Aug/ 2020

ရေကျော်သည့်လမ်းတွင် အန္တရာယ်ကင်းအမှတ်အသားများစိုက်ထူခြင်း ကြက်ခြေနီဆောင်ရွက်

လှိုင်းဘွဲ့၊ ဩဂုတ် ၇ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆင်ကူကျေးရွာမှ ကိုမောင်ကျေးရွာသို့သွားသည့်လမ်းရေကျော်မှုဖြစ်ပေါ်ခဲ့ရာ ခရီးသွားဒေသခံပြည်သူများအန္တရာယ်ကင်းစေရန် လှိုင်းဘွဲ့မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူးဦးဆန်းဝင်းဦး ဦးဆောင်သည့် ကြက်ခြေနီစေတနာလုပ်အားရှင် ၆ ဦးတို့က လမ်းအမှတ်အသားများပြုလုပ်ခြင်းကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၇ရက်နေ့ကဆောင်ရွက်ခဲ့ပါသည်။

Read More

  07/ Aug/ 2020

ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် အခြေခံစွမ်းဆောင်ရည်မြှင့်သင်တန်း ချင်းပြည်နယ် တွင်ဖွင့်လှစ်

မင်းတပ်၊ ဩဂုတ် ၇ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်သော ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် အခြေခံစွမ်းဆောင်ရည်မြှင့် တင်ခြင်းသင်တန်း (Basic Capacity Building Training)ကို ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၇ ရက်နေ့မှ ၁၄ ရက်နေ့ထိ ချင်းပြည်နယ်၊ မင်းတပ်မြို့၊ မင်းတပ်ဟိုတယ်တွင် ဖွင့်လှစ်လျက်ရှိပါသည်။ သင်တန်းဖွင့်ပွဲတွင် မင်းတပ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ဦးမောင်ထူးမှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ ဦးလတ်မြင့်ထွန်းက အခြေခံ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်လှစ်ရခြင်းနှင့်အကြောင်းနှင့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပါသည်။ စေတနာ့လုပ်အားရှင်များ လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးဦးပြုစုခြင်းကို အခြေခံပြီး အခြားလိုအပ်သော စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်း ဖြစ်ပြီး မင်းတပ်၊ မတူပီ၊ ဆမီး၊ ပလက်ဝမြို့များမှ သင်တန်းသား/ သူ(၂၀)ဦး တက်ရောက်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံကြက်ခြေနီအသင်း(ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန)မှ အကြီးတန်းသင်တန်း အရာရှိ ဦးအုန်းသွင်၊ မိတ္ထီလာခရိုင်ကြက်ခြေနီ တပ်ဖွဲ့မှူးဦးနေဦးနှင့် တာဝန်ရှိသူများက သင်ကြားပို့ချပေးသွား မည်ဖြစ်ပါသည်။  

Read More