25/ Sep/ 2020
နေပြည်တော်၊ စက်တင်ဘာ ၂၅
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ (၈၃)ကြိမ်မြောက်ကြက်ခြေနီ ဗဟိုကောင်စီအစည်းအဝေးကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာ၂၅ရက်၊နံနက် ၉နာရီအချိန်တွင် Online Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်လျက်ရှိပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့် / အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များ၊ နှီးနွယ်ဝန်ကြီးဌာနများမှ ဖိတ်ကြားထား သူများ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများနှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီမှ တာဝန်ရှိသူများ၊ မိတ်ဖက်အမျိုးသားအသင်းများမှ ဌာနေကိုယ်စားလှယ်များ၊ အသင်းမှ အထွေထွေအတွင်းရေးမှူး၊ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။
ထို့နောက် အသင်းဥက္ကဌက အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားပထမပိုင်းအစီအစဉ်ကိုခေတ္တရပ်နားခဲ့ပါသည်။
12/ Sep/ 2020
11/ Sep/ 2020
ရန်ကုန်၊ စက်တင်ဘာ ၁၁
၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ (World First Aid Day)ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီက ဦးဆောင်၍ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ စုပေါင်းသွေးသန့်လှူဒါန်းခြင်းကို ယနေ့ စက်တင်ဘာ ၁၁ရက်နေ့က ရန်ကုန်မြို့ရှိအမျိုးသားသွေးလှူဘဏ်တွင် ပြုလုပ်ခဲ့သည်။
COVID-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်းများနှင့် အညီ ယနေ့တွင် ကြက်ခြေနီစေတနာလုပ်အားရှင် ၁၄ဦးကသွေးလှူဒါန်းခဲ့ခြင်းဖြစ်ပြီး လာမည့်ရက်များတွင် ထပ်မံသွေးလှူဒါန်းသွားမည်ဖြစ်သည်။
08/ Sep/ 2020
ရန်ကုန်၊ စက်တင်ဘာ ၈
COVID-19 ရောဂါကာကွယ်ရေးအပါအဝင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၈ ရက်နေ့က အသင်း(ရန်ကုန်ရုံးခွဲ)တွင် အွန်လိုင်းဖြင့်ပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများဖြစ်ကြသောဒေါက်တာဒေါ်ညိုညိုဝင့်နှင့် ဒေါက်တာတင်ထွန်းအောင်၊ ညွန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများ၊ အထောက်အကူပြုအရာရှိများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် အသင်းဌာနချုပ်မှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကိုရှင်းလင်းတင်ပြပါသည်။ ထို့နောက် တိုင်းဒေသ/ပြည်နယ်များမှဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ အသင်းဌာနချုပ်မှဆက်လက်ပံ့ပိုးပေးမည့်အစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
08/ Sep/ 2020
ရန်ကုန်၊ စက်တင်ဘာ ၈
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာအစ္စရေးသံအမတ်ကြီး Mr. Ronen GILOR တို့သည် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက အသင်း(ရန်ကုန်ရုံးခွဲ) တွင် တွေ့ဆုံခဲ့ပါသည်။
ထို့သို့တွေ့ဆုံရာတွင် အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများဖြစ်ကြသော ဒေါက်တာဒေါ်ညိုညိုဝင့်နှင့် ဒေါက်တာတင်ထွန်းအောင်၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြတ်မင်းနိုင် တို့တက်ရောက်ခဲ့ပြီး အစ္စရေးသံအမတ်ကြီးနှင့်အတူ အစ္စရေးသံရုံးမှ Public Diplomacy ဒေါ်မေဟန်လည်း တက်ရောက်ခဲ့ပါသည်။
07/ Sep/ 2020
စစ်တွေ၊ စက်တင်ဘာ ၇
၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၇ရက်နေ့က မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ခုတင်၅၀၀ဆံ့ပြည်သူဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် COVID-19 ရောဂါပိုးတွေ့ရှိသူများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း-၁၀၅ခု(တစ်ပတ်စာ)၊ စောင်-၁၀၅ထည်နှင့် ခြင်ထောင်-၁၀၅လုံးတို့ကို ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်ထွေးနှင့် ရခိုင်ပြည်နယ်စီမံချက်လုပ်ငန်းများစီမံခန့်ခွဲမှုယူနစ်မန်နေဂျာဦးစည်သူတိုးညွှန့်တို့က လွှဲပြောင်းပေးအပ်ရာ စစ်တွေဆေးရုံအုပ်ကြီးဒေါက်တာကြည်လွင်က လက်ခံရယူခဲ့ပါသည်။
01/ Sep/ 2020
တောင်ကြီး၊ စက်တင်ဘာ ၁
မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းဆောင်ရွက်သော အဝတ်နှာခေါင်းစည်း ချုပ်လုပ်ခြင်းသင်တန်းဖွင့်ပွဲ ကို စက်တင်ဘာလ ၁ ရက်နေ့က တောင်ကြီးမြို့ရှိ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးတွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အဝတ်နှာခေါင်းစည်းချုပ်လုပ်ခြင်းသင်တန်း(ပထမအသုတ်)သို့ သင်တန်းသူ ၅ ဦးတက်ရောက်ကြမည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ယခုသင်တန်းမှ ချုပ်လုပ်သည့် အဝတ်နှာခေါင်းစည်း များကို ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။
01/ Sep/ 2020
ရန်ကုန်၊ စက်တင်ဘာ ၁
မြန်မာနိုင်ငံကြက်ခြေနီအသင်း မဟာဗျူဟာ(၂၀၂၁-၂၀၂၅) ပြုစုရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က အသင်း (ရန်ကုန်ရုံးခွဲ)တွင် အွန်လိုင်းဖြင့် ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အချိန်ပိုင်း အလုပ်အမှုဆောင်များ၊အထွေထွေအတွင်းရေးမှူးနှင့် ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက် ရောက် ဆွေးနွေးခဲ့ကြပါသည်။
စက်တင်ဘာ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ လေးရက်တာ ပြုလုပ်သွားမည့် အဆိုပါဆွေးနွေးပွဲတွင် နောင်လာမည့် (၅)နှစ်တာ ကာလအတွင်း အသင်းကဆောင်ရွက်မည့် လုပ်ငန်းများအတွက် ထည့်သွင်းရေးဆွဲသင့်သည့် လုပ်ငန်း များနှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်ပါသည်။
၎င်းအပြင် ဩဂုတ်လ ၁၈ ရက်မှ ၁၉ ရက်နေ့အထိ နေပြည်တော် ဌာနချုပ်တွင်လည်း ပြည်နယ်/တိုင်းဒေသကြီးများမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများနှင့် ကော်မတီဝင်များပါဝင်သည့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။
31/ Aug/ 2020
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်သည် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၃၁ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌဒေါက်တာမောင်မောင် မြင့်နှင့်အဖွဲ့ဝင်များအားလက်ခံတွေ့ဆုံပြီး အသင်း၏ ရှေ့လုပ်ငန်းစဉ်များ၊ နေရပ်စွန့်ခွာပြည်သူများအား လူမှုကရုဏာအကူအညီများပေးနိုင်ရန်ကိစ္စရပ်များ၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာတွင်ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုဖြစ်စဉ်ကြောင့် ထိခိုက်ခံစားခဲ့ရသူများအားဆက်လက်ထောက်ပံ့ရန် စီစဉ်ထားရှိမှုကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ယင်းနောက်အသင်းဥက္ကဌက COVID-19 ရောဂါကာကွယ်ရေးအဖြစ် COVID-19 Package၊ Surgical Cap နှင့် Gown ၂၀၀ခုတို့ကို ပြည်နယ်ဝန်ကြီးချုပ်ထံပေးအပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်၊ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးဘရန်ဒီးနှင့်အဖွဲ့ဝင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်တို့ တက်ရောက်ခဲ့ပါသည်။