10/ Jan/ 2018

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ် (မြောက်ပိုင်း)အတွင်း ဆောင်ရွက်နေသော လူမှုကရုဏာလုပ်ငန်းများအတွက် အလှူငွေပေးအပ်

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ် (မြောက်ပိုင်း)အတွင်း ဆောင်ရွက်နေသော လူမှုကရုဏာလုပ်ငန်းများအတွက် အလှူငွေပေးအပ် = = = နေပြည်တော်၊ ဇန်နဝါရီလ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ် (မြောက်ပိုင်း)အတွင်း ဆောင်ရွက်နေသော လူမှုကရုဏာလုပ်ငန်းများအတွက် အလှူငွေပေးအပ်ခြင်းကို နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဌာနချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ ဒုတိယ ဥက္ကဌ ပါမောက္ခ ဒေါက်တာ နန်းထွမ်းလှ၊ အချိန်ပြည်အလုပ်အမှုဆောင် ဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ ဒုတိယ အထွေထွေအတွင်းရေးမှူး ဒေါ်ရွှေစင်မြင့်၊ မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးလုပ်ငန်း ညွှန်ကြားရေးမှူး ဦးဝင်းကို၊ MAX POWER (သာကေတ) ကုမ္မဏီမှ Business Development Director ဦးဟန်နရီဇော်ထွန်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် MAX POWER (သာကေတ) ကုမ္မဏီမှ Business Development Director ဟန်နရီဇော်ထွန်းမှ အလှူငွေ ပေးအပ်ရခြင်း ရည်ရွက်ချက်များကို တင်ပြခဲ့ပြီး အလှူငွေ USD 50,000  ပေးအပ်ခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ နှင့်  အလုပ်အမှုဆောင် အဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီး ကြက်ခြေနီမှ ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများအကြောင်းနှင့် အခြေခံမူများကို ဥက္ကဌနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ဥက္ကဌမှ မြန်မာနိုင်ငံကြက်ခြေနီ အသင်းအား ရခိုင်ပြည်နယ် (မြောက်ပိုင်း)တွင် လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်းအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

Read More

  09/ Jan/ 2018

မော်လမြိုင်မြို့ မီးဘေးသင့်အိမ်ထောင်စုများအား ကြက်ခြေနီမှကူညီ

မော်လမြိုင်မြို့ မီးဘေးသင့်အိမ်ထောင်စုများအား ကြက်ခြေနီမှကူညီ = = = မော်လမြိုင်၊ ဇန်နဝါရီလ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ် အချိန်တွင် မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ ကုလားတန်းရာဘာခြံစုရပ်တွင် လူနေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး ည ၉ နာရီ ၂၀ မီနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ အဆိုပါ မီးလောင်ကျွမ်းခဲ့သော နေအိမ်များသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း မော်လမြိုင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ စေတနာလုပ်အားရှင် ၅ ဦးသည် နေ့ခင်း ၁၂ နာရီအချိန်တွင် မီးဘေးသင့် အိမ်ထောင်စုများအား Family Kit၊ Hygiene Kit၊ Dignity Kit နှင့် သောက်ရေသန့်ဗူးများ၊ အရေးပေါ် အခင်းအကာအတွက် တာပေါ်လင်များလည်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့ပြင် မီးဘေးသင့် အိမ်ထောင်စုများအား မော်လမြိုင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက အားပေးစကားများပြောကြားပြီး လိုအပ်သည်များကိုလည်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။ Credit > > > ဦးပေါကြွယ်

Read More

  09/ Jan/ 2018

ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအား ကြက်ခြေနီမှကူညီ

ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအား ကြက်ခြေနီမှကူညီ = = = ကျောက်မဲ၊ ဇန်နဝါရီလ ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့နယ် အာေ့ပြာင်ရွာနှင့် ကျက်သေရွာတို့မှ တိုက်ပွဲရှောင်ပြည်သူများသည် ကျောက်မဲမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် ယာယီခိုလှုံရေးစခန်းများဖွင့်ကာနေထိုင်လျက်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်းပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှပြည်နယ်တပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အဆိုပါယာယီခိုလှုံရေးစခန်းများသို့ Dignity Kit (၁၂၃)ခု၊ စောင်(၃၉၂) ထည်နှင့်Emergency Reproductive Health Kit (၉)ခု စသည်များကိုထောက်ပံ့ပေးခဲ့ရပါသည်။ ထို့ပြင်မိုးများရွာသွန်းနေချိန်ဖြစ်သည့်အတွက် တိုက်ပွဲရှောင်ပြည်သူများအတွက် အရေးပေါ်အခင်းနှင့် အကာများလိုအပ်နေသောကြောင့် တာပေါ်လင်များလည်းပေးအပ်ခဲ့ပါသည်။ ကျောက်မဲမြို့ပေါ်ရှိတိုက်ပွဲရှောင်စခန်း ၆ ခုတွင် လူဦးရေစုစုပေါင်း(၁၁၂၁)ဦးရှိကာအိမ်ထောင်စု (၂၀၂)စုဖြစ်ပြီး ကျောက်မဲမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် စစ်ဘေးရှောင်စခန်းရှိပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ခြင်း၊ ကျန်းမာရေးကူညီစောင့်ရှောက်မှုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးမြင့်တင်ခြင်းနှင့် တကိုယ်ရေသန့်ရှင်းရေးအသိပညာပေးခြင်းစသည့် လူမှုကရုဏာလုပ်ငန်းများကိုကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

Read More

  02/ Jan/ 2018

၂၀၁၈ ခုနှစ်၊ နှစ်သစ်ကူးအချိန်အခါသမယတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ၏ နှုတ်ခွန်းဆက်သဝဏ်လွှာ

ချစ်ခင်လေးစားအပ်ပါတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များရှင် - ဒီနေ့ဟာဆိုရင်၂၀၁၈ ခုနစ်ရဲ့ နှစ်သစ်အခါသမယဖြစ်ပါတယ်။ အခုလို နှစ်သစ်ရဲ့ပထမဦးဆုံးနေ့မှာ မြန်မာနိုင်ငံတစ်ဝန်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များနဲ့ မိဘပြည်သူအပေါင်း ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကိုကူးပြောင်းတဲ့အချိန်မှာ နှစ်ဟောင်းမှာကြုံတွေ့ခဲ့ရတဲ့ ဘေးဒုက္ခအန္တရာယ်အပေါင်းမှ လွန်မြောက်ကင်းဝေးကာ ကောင်းကျိုးအဖြာဖြာနဲ့ ပြည့်ဝကြပါစေလို့လည်း ထပ်လောင်းဆန္ဒပြုအပ်ပါတယ်။ ကမ္ဘာပေါ်မှာ ရာသီဥတုပြောင်းလဲမှုတွေကြောင့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးဖြစ်ပွားလေ့ရှိသလို လူတွေကြောင့်ဖြစ်ပွားတဲ့ ဘေးဒုက္ခတွေကိုလည်း ကြုံတွေ့ခံစားနေကြရပါတယ်။ကျွန်မတို့ကြက်ခြေနီအနေနဲ့  ဘေးဒုက္ခကြောင့် ထိခိုက်ခံစားရသူမည်သူ့ကိုမဆို အစဉ်အမြဲကူညီအားပေးဖို့ အသင့်ပြင်ဆင်ထားတဲ့  စွမ်းအားအရင်းအမြစ်များနဲ့ နှစ်စဉ်လူဦးရေသန်းပေါင်းများစွာအတွက် လူမှုကရုဏာအကူအညီများ ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ နိုင်ငံတစ်ဝန်း အကူအညီလိုအပ်သူများအတွက် ကိုယ်ကျိုးမဖက် လူသားချင်းစာနာထောက်ထားသောစိတ်ဓာတ်အရင်းခံဖြင့် နှစ်စဉ် လူဦးရေခြောက်သိန်းကျော်အတွက် လူမှုကရုဏာ အကူအညီများ ပေးလျက်ရှိကြောင်းကိုလည်း  အသိပေးပြောကြားလိုပါတယ်။ ကြက်ခြေနီဆိုတာ စေတနာ၊ ဝါသနာ အရင်းခံကာ အနစ်နာ၊ ကရုဏာ၊ စာနာစိတ်ဖြင့် ကြက်ခြေနီ အခြေခံမူများနဲ့အညီ အကျိုးရှိရှိ ဦးတည်ချက်မပျောက်ဘဲ ညီညွှတ်စွာဆောင်ရွက်ကြရမှာဖြစ်သလို နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ ကြက်ခြေနီအသင်းရဲ့ ဂုဏ်သိက္ခာ၊ မိမိတို့ တစ်ဦးချင်းရဲ့ ဂုဏ်သိက္ခာကိုပါ စောင့်သိထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ ချစ်ခင်လေးစားအပ်ပါတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များရှင် - ယခုလို နှစ်သစ်ကူးအခါသမယမှာ ကြက်ခြေနီစေတနာလုပ်အားရှင်များအနေနဲ့ လူထုနှင့် အတူလက်တွဲပြီး ပိုမိုကျန်းမာကြံ့ခိုင်ကြစေသော လူမှုဘဝများကို တည်ဆောက်နိုင်ကြစေဖို့နဲ့ ငြိမ်းချမ်းသာယာတဲ့ လူမှုဘဝ ဝန်းကျင်မှာ နေထိုင်ရင်း ထပ်မံကြုံတွေ့လာနိုင်မည့် ဘေးဒုက္ခအန္တရာယ်အပေါင်းအတွက် ကြိုတင်ပြင်ဆင်တုံ့ပြန်နိုင်စွမ်းရှိဖို့ အတူတကွ ပူးပေါင်းဆောင်ရွက်စေလိုပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ဦးတည်ချက်ဖြစ်သည့် ရပ်ရွာလူထုဘေးဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းရည် ပိုမိုမြင့်မားစေရန်အတွက် မိမိတို့တတ်သိထားသော အတတ်ပညာ အသိပညာ၊ ဗဟုသုတများကို လူထုအတွက် မျှဝေပေးစေလိုပါတယ်။ ဒါ့အပြင် အမြဲမပြတ်ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာတွေကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြဖို့နဲ့ တွေ့ကြုံခဲ့တဲ့ အခက်အခဲများ၊ သင်ခန်းစာများ၊ ရလာဒ်ကောင်းများအပေါ်မူတည်ပြီး လူမှုကရုဏာ လုပ်ငန်းတွေကို ပိုမိုကောင်းမွန်ထိရောက်စွာ ဆောင်ရွက်ဖို့အတွက်လည်း တိုက်တွန်းလိုပါတယ်။ နိုင်ငံတော်၏ လူမှုကရုဏာလုပ်ငန်းဆိုင်ရာ အခန်းကဏ္ဍတွေမှာ ပြည်သူနှင့် ကြက်ခြေနီ အတူလက်တွဲကာ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ဘေးကင်းလုံခြုံစွာဖြင့် ပိုမိုဆောင်ရွက်နိုင်ကြပါစေကြောင်း မင်္ဂလာရှိလှတဲ့ နှစ်သစ်ကူး အချိန်အခါသမယ မှာ ဆန္ဒပြု ဆုမွန်ကောင်း တောင်းအပ်ပါတယ်။   ပါမောက္ခဒေါက်တာဒေါ်မြသူ ဥက္ကဌ မြန်မာနိုင်ငံကြက်ခြေနီအသင်း (၁-၁-၂၀၁၈)

Read More