23/ Mar/ 2018

ဘူးသီးတောင်၊ မောင်တောမြို့နယ်များမှ ပြောင်းရွေ့လာသော သက် တိုင်းရင်းသားလူမျိုးများအား ကြက်ခြေနီမှ ထောက်ပံ့ပစွည်းများ ပေးအပ်

အမ်း၊ မတ်လ မြန်မာနိုင်ငံကြက်ခြေနီအသင်း အမ်းမြိ့နယ်ကြက်ခြေနီအသင်းခွဲမှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များမှ ပြောင်းရွေ့လာသော သက် တိုင်းရင်းသားလူမျိုးများအား ထောက်ပံ့ပစွည်းများ ပေးအပ်ပွဲကို ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကိုးကန်တန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ပုဏ္ဏားဝအုပ်စု၊ ကိုးကန်တန်းကျေးရွာသို့ ပြောင်းရွေ့လာသော ဘူးသီးတောင်၊ မောင်တောမြို့နယ်များမှ သက် တိုင်းရင်းသားလူမျိုး စုစုပေါင်း အိမ်ထောင်စု (၁၉) စု၊ လူဦးရေ(၈၄)ဦးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း အမ်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ထောက်ပံ့ပစွည်းများနှင့် အများပြည်သူများ၏ ထောက်ပံ့ငွေနှင့် လှူဒါန်းပစ္စည်းများကို ၂၀၁၈ခုနှစ် မတ်လ(၂၀)ရက်နေ့တွင် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။ အဆိုပါ ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲအခမ်းအနားသို့ အမ်းမြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူးဦးကိုကိုမြတ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အမ်းမြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဌ ဦးသာညွန့်နှင့် အဖွဲ့ဝင် ဦးစိုးစံ၊ အမ်းမြို့နာရေးကူညီမှုအသင်း နာယကနှင့် အတွင်းရေးမှူးများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးတင်မင်းမင်းဖြိုးနှင့် တပ်ဖွဲ့ဝင်(၅)ဦးတို့မှ ထောက်ပံ့ပစွည်းများ တက်ရောက် ပေးအပ်လှူဒါန်းခဲ့ပါသည်။ Credit; အမ်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့

Read More

  23/ Mar/ 2018

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ၊ အင်ဒိုနီးရှားကြက်ခြေနီအဖွဲ့နှင့် တွေ့ဆုံ

ရန်ကုန်၊ မတ် ၂၀၁၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူသည် အင်ဒိုနီးရှားကြက်ခြေနီမှ Deputy Central Treasurer ဖြစ်သူ Mr. J. Dwihartanto နှင့် အဖွဲ့အား မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန် (ရုံးခွဲ) ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အင်ဒိုနီးရှားကြက်ခြေနီအကြား အတွေ့အကြုံများ ဖလှယ်ခြင်းနှင့် လူမှုကရုဏာလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းအချိန်ပြည့် အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါ်ရွှေစင်မြင့်၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါ်ညိုညိုဝင့်၊ ညွှန်ကြားရေးမှူးများ၊ အင်ဒိုနီးရှားကြက်ခြေနီမှ Head of PMR and Volunteer, Mr. Muhammad Muasနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Read More

  23/ Mar/ 2018

ကြက်ခြေနီမှ မွန်ပြည်နယ်နေ့အခမ်းအနားတွင် ကြက်ခြေနီအသိပညာပေးပြခန်း ခင်းကျင်းပြသ

မော်လမြိုင်၊ မတ်လ (၄၄) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မွန်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးဒုက္ခစီမံခန့်ခွဲရေးဌာန၊ မိုင်းအန္တရာယ် အသိပညာပေးခြင်းလုပ်ငန်း အစီအစဉ်တို့ ပူးပေါင်းပြီး ကြက်ခြေနီအသိပညာပေးပြခန်း ခင်းကျင်း ပြသခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် အေးဇံနှင့် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ဒုတိယ-ဥက္ကဌနှင့် အဖွဲ့ဝင်များ၊  ပြည်နယ်အဆင့် ဌာနဆိုင်ရာရုံးများ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးမျိုးဝင်းနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲမှူး ဗဟိုကောင်စီဝင်ဦးကျော်မြင့်၊ မွန်ပြည်နယ် မြို့နယ်များမှ မြို့နယ်တပ်ဖွဲ့မှူးများနှင့် တပ်ဖွဲ့ဝင်များ၊ NGO/INGO အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြခန်းတာဝန်ခံများ တက်ရောက်ကြပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြက်ခြေနီအသိပညာပေးပြခန်းတွင် ကြက်ခြေနီလူမှုကရုဏာ လုပ်ငန်းများနှင့် ပတ်သက်သော ပစွည်းများ၊ စာအုပ်စာတမ်းများ၊ ဓါတ်ပုံများကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခင်းကျင်းပြသပါသည်။ ထို့အပြင် (၄၄) နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များထဲမှ ကြက်ခြေနီလှုပ်ရှားမှုအကြောင်း သိလိုသူများကို ရှင်းလင်းပြောပြခဲ့ကြပါသည်။ ကြက်ခြေနီအသိပညာပေးပြခန်းကို ၂၀၁၈ ခုနှစ် မတ်လ ၁၈ ရက်နေ့ မှ ၂၃ ရက်နေ့ အထိ (၆) ရက်တိုင်တိုင် မော်လမြိုင်မြို့၊သံလွင်ဥယျာဉ်ပန်းခြံတွင် ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရပါသည်။ Credit; ရတနာထွန်း (DM)

Read More

  23/ Mar/ 2018

ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြက်ခြေနီမှ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးပြုလုပ်

ဟားခါး၊ မတ်လ ၂၀၁၈ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဟားခါးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ၂၀၁၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးပြုလုပ် ခဲ့ကြပါသည်။ အဆိုပါ ပတ်ဝန်းကျင်သန့်ရှင်းရေးကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဟားခါးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်း စုစုပေါင်း (၃၀) ဦးတို့က ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။ Credit; ကျဲအိုလျန်ကျုံး (SO)

Read More

  19/ Mar/ 2018

စစ်ဘေးရှောင်ပြည်သူများအတွက် ကြက်ခြေနီရန်ပုံငွေဈေးပွဲတော်ကျင်းပပြုလုပ်မည်

ရန်ကုန်မြို့၊ မတ်လ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကြီးမှူးကျင်းပမည့် စစ်ဘေးရှောင်ပြည်သူများအတွက် ကြက်ခြေနီရန်ပုံငွေ ဈေးပွဲတော်ကို မတ်လ၃၀-၃၁ နှင့်ဧပြီလ၁ရက်နေ့တို့တွင် ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ နံနက်၉နာရီ မှ ည၉နာရီထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ကြက်ခြေနီရန်ပုံငွေဈေးပွဲတော်တွင် - နာမည်ကြီး ရုပ်ရှင် ဂီတ အနုပညာရှင်များမှတေးဂီတများဖြင့်ဖျော်ဖြေတင်ဆက်ခြင်း၊ - သရုပ်ဆောင်များ ၊မော်ဒယ်များ၏ ဖက်ရှင်သရုပ်ပြအစီအစဉ်များ၊ မျက်လှည့်အစီအစဉ်များစသည့် ဖျော်ဖြေရေးအစီအစဉ်များဖြင့်ပြသခြင်း၊ - တိုင်းရင်းသားရိုးရာအစားအစာများနှင့် ရိုးရာ အသုံးအဆောင်ပစ္စည်း များ တည်ခင်းရောင်းချခြင်း၊ - ကံစမ်းမဲ လက်မှတ်များ ရောင်းချကာ အဖိုးတန်ဆုမဲများမဲဖောက်ပေးခြင်း၊ - နာမည်ကြီးအနုပညာရှင်များနှင့် အခြားသောအလှူရှင်များမှ လှူဒါန်းသော Good Secondhand Shop များ ဖွင့်လှစ်ရောင်းချခြင်း၊ - ကြက်ခြေနီအကြောင်းသိကောင်းစရာပြခန်းနှင့် ကြက်ခြေနီမှဆောင်ရွက်နေသောလူမှုကရုဏာလုပ်ငန်းများကြောင်းကိုစိတ်ဝင်စားဖွယ်ရာပြကွက်များဖြင့်ခင်းကျင်းပြသခြင်း၊ - ဈေးနှုန်းအထူးသက်သာသော အဝတ်အထည် အလှကုန် လူသုံးကုန်များကို ပြင်ပပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဆိုင်ခန်းများဖွင့်လှစ်ရောင်းချခြင်း အစရှိသည်တို့ဖြင့် သုံးရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါဈေးပွဲတော်မှ ရရှိလာသောရန်ပုံငွေများကို စစ်ဘေးရှောင် ပြည်သူများအတွက် ကြက်ခြေနီက ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာ လုပ်ငန်းများတွင် ပြန်လည်အသုံးပြု သွားမည်ဖြစ်ပါသည်။

ရန်ပုံငွေဈေးပွဲတော် နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ဦးကိုကိုကျော်၊ညွှန်ကြားရေးမှူး ၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဖုန်း- ၀၉-၉၇၇၁၁၅၅၅၅ ၊ အီးမေးလ် - kokokyaw@redcross.org.mm သို့ဆက်သွယ်စုံစမ်းကာ ဆိုင်ခန်းများဖွင့်လှစ်ရောင်းချခြင်း၊ အသုံးအဆောင်ပစ္စည်းများဆိုင်ခန်းဖွင့်လှစ်နိုင်ရန်လှူဒါန်းခြင်း၊ အနုပညာပိုင်းဆိုင်ရာကူညီဖျော်ဖြေခြင်း၊ ဈေးပွဲတော်တွင် စီးပွားရေးကြော်ငြာများဖြင့်အားဖြည့်နိုင်ရန်လုပ်ငန်းရှင်များမှကူညီခြင်း အစရှိသည်တို့ကိုဆောင်ရွက်နိုင်ပါကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အသိပေးအပ်ပါသည်။

Read More

  08/ Mar/ 2018

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ၊ မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ သံအမတ်နှင့် တွေ့ဆုံ

ရန်ကုန်၊ မတ် ၂၀၁၈ ခုနှစ် မတ်လ ၇ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူသည် မြန်မာနိုင်ငံဆိုင်ရာ တူရကီ သံအမတ်ကြီး H.E. Mr. Kerem Divanlioglu အား မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန် (ရုံးခွဲ) ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်နေသော လူမှုကရုဏာလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းအချိန်ပြည့် အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာဒေါ်အမယာမော်နိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တူရကီသံရုံးမှ  Deputy Head of Mission ဖြစ်သူ Mr.Eymen Ozsahin နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Read More

  06/ Mar/ 2018

အချိန်မကုန် လူမပန်းစေတဲ့ ဘားအံခြေတုလက်တု၏ နယ်လှည့် ခြေတုပြုပြင်ရေးအစီအစဉ်

မလှမျိုးသွယ်တစ်ယောက် ဘားအံမှ နယ်လှည့် ခြေတုပြုပြင်ရေးအဖွဲ့ ခြေတုလာရောက်ပြုပြင်ပေး မှာဖြစ်တဲ့အတွက် ခြေဖဝါးအသစ်လဲလှယ် တပ်ဆင်ရန် သထုံကြက်ခြေနီရုံးကိုသွားဖို့ ပြင်ဆင်နေ ပါတယ်။ အသက် ၃၂ နှစ်ရှိ သူမဟာ အိမ်ထောင်ရှင်မတစ်ဦးဖြစ်ပြီး (၈)နှစ်အရွယ် မူလတန်း သားလေးတစ်ယောက်ရှိပါတယ်။ သူမအသက် (၁၂)နှစ်အရွယ်မှာ ရထားကြိတ်မိပြီး ညာဒူး အောက်မှ ခြေထောက်ဖြတ်ခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်မှာ ခြေတုတပ်ဆင်ခွင့် ရရှိခဲ့ပါတယ် အခုအခါ သူမဟာ ယိုမုန့်မျိုးစုံလုပ်ငန်းမှာ နေ့စားအဖြင့် လုပ်ကိုင်နေပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနရဲ့ နယ်လှည့်ခြေတုပြုပြင်ရေး အစီအစဉ်ကို ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ခြေတုတပ်ဆင်သူများအနေနဲ့ ခြေဖဝါး၊ ခါးပတ်ကြိုးစတဲ့ အသေးစား ပြင်ဆင်မှုများအတွက် ဘားအံဌာနသို့ ပြန်လာရန် မလိုဘဲ မိမိတို့ ရပ်ရွာတွင် အလွယ်တကူ ခြေတုပြုပြင်နိုင်မည့် ဝန်ဆောင်မှုကိုရရှိစေမှာဖြစ်ပြီး အချိန်ကုန်သက်သာခြင်း၊ ငွေကုန်သက်သာ ခြင်း နဲ့ အလုပ်အကိုင်မပျက်ခြင်း စတဲ့အကျိုးများ ခံစားရရှိမှာဖြစ်ပါတယ်။ တစ်နှစ်လျှင် တစ်ကြိမ် သတ်မှတ်ဧရိယာအတွင်းရှိ မြို့နယ်များသို့သွားရောက်ကာ ခြေတုပညာရှင်၊ အရိုးအကြောပညာ ရှင်၊ ကွင်းဆင်းအရာရှိနဲ့ ခြေတုပြုပြင်ဝန်ထမ်းများ ပါဝင်တဲ့ အဖွဲ့က လိုအပ်တဲ့ ဝန်ဆောင်မှုများကို နာရီပိုင်းအတွင်း ဆောင်ရွက်ပေးကြပါတယ်။ ခြေတုအသစ်ပြုလုပ်ရန် လိုအပ်ပါက ဌာနသို့ ပြန်လည်ညွန်းပို့ကာ ရက်ချိန်းပေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ “ ဒီလို နယ်လှည့် ခြေတုပြုပြင်ပေးတဲ့အတွက် အရမ်းအဆင်ပြေပါတယ်။ ဘားအံကို သွားရတဲ့ အချိန်ကုန် သက်သာတယ်၊ အလုပ်လည်း မပျက်တော့ဘူး အခု အလုပ်ရှင်ကို ခွင့်တောင်းပြီး ခြေတုပြင်တဲ့အချိန်ပိုင်းလေးပဲ ကြာတဲ့အတွက် လုပ်ခလည်း အဖြတ်မခံရတော့ဘူးပေါ့၊ နယ်လှည့်အဖွဲ့ရှိတာ ကျွန်မတို့အတွက် အရမ်းအဆင်ပြေပါတယ်၊ နှစ်စဉ် နှစ်တိုင်းလည်း ဒီလို အမြဲ လာပြင်ပေးစေချင်ပါတယ်” လို့မလှမျိုးသွယ်က ပြောပြပါတယ်။

Read More

  06/ Mar/ 2018

နွေရာသီ ကလေးများခြေတုတပ်ဆင်ရေး အစီအစဉ်

တနသာၤရီတိုင်း၊ ပုလောမြို့ ပြည်ခြားရွာမှာနေထိုင်တဲ့ မောင်သန်းဇော်ဌေးဟာ မွေးရာပါ ဘယ်ခြေ ထောက်မပါလာတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် သူ့အသက် ၃နှစ်အရွယ်မှာ ဘားအံ ခြေတု လက်တု ဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနရဲ့ အစီအစဉ်နဲ့ ခြေတု တပ်ဆင်ခွင့် ရရှိခဲ့ပါတယ်။ အခုဆိုရင် ကျန်းမာပျော်ရွင်စွာနဲ့ ဆဋ္ဌမတန်းကို ဒုတိယအဆင့်ဖြင့် အောင်မြင်ခဲ့တဲ့အတွက် လာမဲ့ကျောင်းဖွင့်ရာသီမှာ သတ္တမတန်းကို တက်ရောက်ရတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘားအံ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ ခြေတု တပ်ဆင်မည့် ကလေးငယ်များ ခြေတုလာရောက်တပ်ဆင်တဲ့ အချိန်တွေမှာ ကျောင်းပျက်ခြင်း စာသင်ချိန် နောက်ကျခြင်း စတဲ့အခက်အခဲတွေကို ပြေလည်စေဖို့အတွက် နှစ်စဉ် နွေရာသီ ကျောင်းပိတ်ရက် အချိန်ကာလတွေဖြစ်တဲ့ ဧပြီလနဲ့မေလတွေမှာ ကလေးများအတွက် အထူး ဦးစားပေး အစီအစဉ်အနေနဲ့ ခြေတုလက်တုအပြင် အားပြုကိရိယာတပ်ဆင်ပေးခြင်းတွေကို ၂၀၁၀ ခုနှစ် ကစတင်ပြီးနှစ်စဉ် ဝန်ဆောင်မှုပေးနေပါတယ်။ ကလေးအစီအစဉ်ပထမအသုတ်ကို သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်အပြီးနဲ့ ဒုတိယအသုတ်ကို မေလ ပထမပတ်တွေမှာ စီစဉ်ထားရှိပါတယ်။ “ မြန်မာနိုင်ငံကြက်ခြေနီအသင်းက တပ်ဆင်ပေးတဲ့ ခြေတုကို အသုံးပြုခွင့်ရတဲ့အတွက် အခုဆိုရင် သာမန်ကျောင်းသားတွေလို အခက်အခဲမရှိသွားလာလှုပ်ရှားနိုင်နေပါပြီ၊ အိမ်မှာဆို မိဘတွေကို ကူညီပြီး ထင်းခွဲ၊ ရေခပ် စတဲ့ အလုပ်တွေကိုလည်း ဝိုင်းကူလုပ်ပေးလာနိုင်တဲ့အပြင် ညီမလေးကိုပါ ထိန်းပေးနိုင်နေပါပြီး ခြေတုတပ်တုန်းကဆို ဘဝတူ သူငယ်ချင်းတွေနဲ့ ရင်းနှီးခင်မင်ခဲ့ရပြီး အချင်းချင်း အားပေးကူညီမှုတွေရခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ပိုမိုကြံ့ခိုင်လာပါတယ် ဒါကြောင့် ခြေတုအခမဲ့ တပ်ဆင်ပေးပြီးအစစ အရာရာ သင်ကြားပေးခဲ့တဲ့ ဆရာ/ ဆရာမ တွေကိုလည်း အထူးကျေးဇူးတင်ပါတယ်”လို့ မောင်သန်းဇော်ဌေးက ကြည်နှုးစွာ ပြောပြခဲ့ပါတယ်။ ခြင်းလုံးကစားခြင်းကို ဝါသနာပါတဲ့အပြင် အနုပညာနေနဲ့ ဂီတာ တီးခြင်းကို ဝါသနာပါတဲ့အတွက် နောင်အနာဂတ်မှာ ဂစ်တာပညာရှင်တစ်ဦးဖြစ်ချင်တဲ့ သူ့ဆန္ဒကိုလည်း ထပ်လောင်းပြောပြခဲ့ပါတယ်။

Read More

  26/ Feb/ 2018

၂၀၁၈ ခုနှစ် မေလ ၈ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြက်ခြေနီမှ ပတ်ဝန်းကျင်သန့်ရှင်းရေး ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ၂၀၁၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလှုပ်ရှားမှုကို ယနေ့မနက်ပိုင်းက ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ ပတ်ဝန်းကျင်သန့်ရှင်းလှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာဒေါ်လှကြင်ဦးဆောင်ကာ တိုင်းဒေသကြီး၊ ခရိုင်များ၊ မြို့နယ်များ၊ တက္ကသိုလ်၊ ကောလိပ်များ၊ အခြေခံပညာကျောင်းများမှ ကြက်ခြေနီစေတနာလုပ်အားရှင် စုစုပေါင်း အင်အား ၃၀၀ ဦးကျော်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီနှင့်ပူးပေါင်းကာ ဆေးရုံကြီးပတ်ဝန်း ကျင်ရှိ စွန့်ပစ်ပစ္စည်းများ၊ ပလပ်စတစ်အိတ်များ၊ အမှိုက်များအား ကောက်ယူစုစည်းကာ အမှိုက်အိတ်များဖြစ် ထည့်သွင်း၍ မြို့တော်စည်ပင်သာယာရေးဌာန အမှိုက်သယ်ယူရေးယာဉ်များပေါ်သို့ စုပေါင်းသယ်ယူပို့ဆောင်ကာ ပတ်ဝန်းကျင်သန်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ ကြက်ခြေနီလှုပ်ရှားမှုကို စနေနေ့ နံနက် ၆ နာရီမှ ၉ နာရီထိ ဆောင်ရွက်ခဲ့ကြရာ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဌပါမောက္ခဒေါက်တာဒေါ်မြသူ သွားရောက် အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Credit; ဇော်မိုးအောင် (Supporting Officer Yangon Region)

Read More