14/ May/ 2023

ဆင်ဖြူကျွန်းတွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှု ခံစားရသည့် ရေဘေးသင့်ပြည်သူများကို ကြက်ခြေနီက ကူညီ

ဆင်ဖြူကျွန်း၊ ၂၀၂၃ခုနှစ်၊ မေလ(၁၄)ရက်။
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် မေလ(၁၄)ရက် ယနေ့ ညနေပိုင်းက ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ရပ်ကွက်များနှင့် ကျေးရွာများ အတွင်း ချောင်းရေများ ဝင်ရောက်ခဲ့ရာ ဆင်ဖြူကျွန်းမြို့ကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရေဘေးသင့်ပြည်သူများအား လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

Read More

  13/ May/ 2023

မုန်တိုင်း​ရှောင်အိမ်ထောင်စုများအားရွေ့ပြောင်းကူညီ

မြောက်ဦး၊ ၂၀၂၃ခုနှစ်၊ မေလ(၁၃)ရက်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ယနေ့မေလ(၁၃) ရက်နေ့ နံနက်ပိုင်းက ဘာညိုကျေးရွာအုပ်စု၊ မညင်းချောင်းကျေးရွာ၊ တောဘွေကျေးရွာ၊ ဝက်ခမောက်ကျေးရွာတို့မှ မုန်တိုင်းဘေးရှောင်ရွှေ့ပြောင်းအိမ်ထောင်စုများအား ဘေးလွတ်ရာ သျှစ်သောင်းဘုန်းတော်ကြီးကျောင်းသို့ မြောက်ဦးမြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ကူညီရွေ့ပြောင်းပေးခဲ့ပါသည်။

Read More

  13/ May/ 2023

မုန်တိုင်းရှောင်ယာယီခိုလှုံရေးစခန်းဖွင့်လှစ်

မြေပုံ၊ ၂၀၂၃ခုနှစ်၊ မေလ(၁၃)ရက်။
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါ  ဖြစ်ပေါ်နေစဥ် ဘေးကင်းလုံခြုံမှုရှိစေရန် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မေလ(၁၃)ရက်နေ့မှစ၍ ယာယီခိုလှုံရေးစခန်းဖွင့်လှစ်ထားရှိကာ မုန်တိုင်းရှောင်အိမ်ထောင်စုများလိုအပ်သော လှုမှုကရုဏာအကူအညီများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

Read More

  11/ May/ 2023

ရခိုင်ပြည်နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်ရေး ကူညီဆောင်ရွက်ချက်များ

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) အသိပေးချက်ရရှိပြီးနောက် ရခိုင်ပြည်နယ်ရှိ စေတနာလုပ်အားရှင်များသည် ရပ်ရွာလူထုအတွက် ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများအား ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်လျှက်ရှိပါသည်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) နှင့် သက်ဆိုင်သော သတင်းအချက်အလက်များအား မြို့နယ်များ၊ ကျေးရွာများတွင် လိုက်လံဆော်ဪခြင်း၊ မုန်တိုင်းအန္တရာယ် အသိပညာပေးပိုစတာများ ဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်းနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပါသည်။
၂၀၂၃ ခုနှစ်၊ မေလ (၁၁) ရက်နေ့မှ စတင်ကာ မြို့နယ် (၁၃) မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၁၆၉) ဦးတို့သည် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြောင်းရွှေ့ရသော အိမ်ထောင်စုများအတွက်
- ယာယီခိုလုံရေးစခန်း (၆၆) ခုသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ နေရာချထားပေးခြင်း
- ရေနှင့်စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်း
- မုန်တိုင်းအန္တရာယ်အသိပညာပေးခြင်းနှင့်
- ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို
ကူညီဆောင်ရွက်လျှက်ရှိပါသည်။
ထို့အပြင် မောင်တောမြို့နယ်ပြည်သူ့ဆေးရုံမှ လူနာများနှင့် ဆေးဝါးများကို ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ်လွတ်ကင်းနိုင်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြသည်။

Read More

  26/ Apr/ 2023

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမျိုးညွန့် လယ်ဝေးမြို့နယ် လေဘေးသင့် ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၆) ရက်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သော တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်း ကျေးရွာတို့မှ ဒေသခံရွာသူရွာသားများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အစီအစဥ်ကို ဧပြီလ (၂၆) ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာများတွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမျိုးညွန့် တက်ရောက်ခဲ့ပြီး လေဘေးသင့်ပြည်သူ များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ပါသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် တံတားဦးကျေးရွာမှ အိမ်ထောင်စု (၉၆) စုနှင့် အောင်မြင်ကုန်းကျေးရွာမှ အိမ်ထောင်စု (၁၆၉) စု စုစုပေါင်း အိမ်ထောင်စု (၂၆၅) စုအတွက် အိမ်ထောင်စု (၁) စုလျှင် ဆန် (၆) ပြည် အိတ် (၁) အိတ်၊ ဆီ (၅၀) ကျပ်သား (၁) ဗူး၊ ခေါက်ဆွဲခြောက် (၁၂) ထုပ်၊ ငါးသေတ္တာ (၃) ဗူး တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
အဆိုပါပေးအပ်ပွဲသို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာတင်တင်လေး၊ အချိန်ပြည့်အလုပ် အမှုဆောင်ဒေါက်တာဒေါ်ရီရီတင် ၊ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးအောင်ချို၊ အသင်းဌာနချုပ် ဒုတိယအထွေထွေအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြပါသည်။
အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သော ဧပြီလ(၂၁)ရက်နေ့ ညနေပိုင်းကလည်း နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အဆိုပါကျေးရွာများသို့ အချိန်နှင့်တပြေးညီ သွားရောက်ခဲ့ပြီး အပျက်အစီးများကို ကူညီရှင်းလင်းပေးခြင်း၊ ရွာသူ/သားများ ဘေးလွတ်ရာသို့ ရွေ့ပြောင်းရာတွင် ကူညီ ခြင်း၊ မိသားစုချင်း အဆက်အသွယ် ရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးပြုစု စောင့်ရှောက်ပေးခြင်း၊ ဆေးရုံများသို့ ဆက်လက် ပို့ဆောင်ရန် လိုအပ်သည့် လူနာများကို ကြက်ခြေနီ လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ပေးခြင်း စသည့် လူမှုကရုဏာအကူအညီ ပေးခြင်းများကိုဆောင်ရွက်ခဲ့ကြပါသည်။

Read More

  26/ Apr/ 2023

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမျိုးညွန့် လယ်ဝေးမြို့နယ် လေဘေးသင့် ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်

နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၆) ရက်။
 
ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သော တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်း ကျေးရွာတို့မှ ဒေသခံရွာသူရွာသားများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အစီအစဥ်ကို ဧပြီလ (၂၆) ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာများတွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမျိုးညွန့် တက်ရောက်ခဲ့ပြီး လေဘေးသင့်ပြည်သူ များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ပါသည်။

Read More

  17/ Apr/ 2023

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ‌ဒေါက်တာမျိုးညွန့် ၏ မြန်မာ့နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့သည် မြန်မာတို့အတွက် ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူးမင်္ဂလာအခါသမယ ဖြစ်သည်နှင့် အညီ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အသင်းဝင်များ၊ စေတနာလုပ် အားရှင်များ၊ ဝန်ထမ်းများနှင့် ပြည်သူပြည်သားအပေါင်းတို့ကို စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည်စုံပြီး လူမှုဘဝများ အေးချမ်းသာယာပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါတယ်။
ဒီလို မင်္ဂလာ ရှိလှတဲ့ နှစ်သစ်ရဲ့ ပထမဦးဆုံးနေ့မှာ ကျက်သရေ မင်္ဂလာ အပေါင်းနဲ့ ပြည်စုံကြပါစေကြောင်းနဲ့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းတဲ့ အချိန်အခါဖြစ်သည်နဲ့အညီ ပြည်သူလူထုလိုအပ်တဲ့ အကူအညီတွေကို ဘက်ပေါင်းစုံမှ မိမိတို့ တတ်မြောက် ထားတဲ့ အသိပညာ၊ အတတ်ပညာများဖြင့် လူထုအကျိုးပြုလုပ်ငန်းများ ကို စေတနာ၊ မေတ္တာ၊ ဝါသနာအရင်းခံကာ လူမှုကရုဏာစိတ်ထားအရင်းခံပြီး ကြက်ခြေနီ အခြေခံမူများနှင့် အရှိန်အဟုန်မြင့် ကြိုးပမ်းဆောင်ရွက်ကြပါလို့ တိုက်တွန်းရင်း ဆုမွန်ကောင်း တောင်းမေတ္တာပို့ နှုတ်ခွန်းဆက် အပ်ပါတယ်။
ဒေါက်တာမျိုးညွန့်
ဥက္ကဌ
မြန်မာနိုင်ငံကြက်ခြေနီအသင်း

Read More