22/ May/ 2023

ပြည်သူများအတွက်အတူတကွ ဖေးကူလို့ ထူမကြမယ်

မြန်မာနိုင်ငံအတွင်း အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဝင်ရောက်တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ် ခံစားခဲ့ရသော ဒေသများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ကျောက်တော်၊ ဂွ နှင့် အခြားမြို့နယ်များတွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အများပြည်သူတို့ စုပေါင်းပါဝင်ကူညီနိုင်ရန် KBZPay Market နှင့် မြန်မာနိုင်ငံကြက်‌ခြေနီအသင်း (MRCS) တို့ ပူးပေါင်း၍ စီစဥ် ဆောင်ရွက်ထားရှိပါသည်။
မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အရေးပေါ်လိုအပ်မည့် အစားအသောက်၊ ဆေးဝါးနှင့် အသုံးအဆောင် ပစ္စည်းများကို KBZPay Market ပေါ်ရှိ MOCHA Cyclone Relief Care Packages များနှင့် မုန်တိုင်းဒဏ်သင့် ပြည်သူများ လိုအပ်နိုင်မည့် အခြားသော ကုန်ပစ္စည်းများကို ကိုယ်တိုင်ရွေးချယ် ဝယ်ယူလှူဒါန်းနိုင်ပြီး အဆိုပါ လှူဒါန်းပစ္စည်းများကို မုန်တိုင်းသင့်ပြည်သူများထံ KBZPay Market နှင့် Myanmar Red Cross Society (MRCS) တို့ ပူးပေါင်းစီစဥ် ပို့ဆောင်ပေးမည် ဖြစ်ပါသည်။
လှူဒါန်းပစ္စည်းများ ပို့ဆောင်ရမည့် လိပ်စာနေရာ၌ မိမိတို့ လိပ်စာအစား တိုင်းဒေသကြီးနေရာတွင် ရန်ကုန်တိုင်း၊ လိပ်စာနေရာတွင် Red Cross ဟု ထည့်သွင်းရေးသားရန် လိုပါသည်။ Red Cross သို့ လိပ်မူထားသော ကုန်ပစ္စည်းအမှာစာများကို မုန်တိုင်းဒဏ်သင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိနိုင်ရေးအတွက် ဦးစားပေး ပို့ဆောင်သွားမည် ဖြစ်ပြီး၊ ပုံမှန် အမှာစာများအတွက် ကုန်ပစ္စည်းလက်ကျန်ရှိမှု‌ပေါ်မူတည်ပြီး ဆက်သွယ်ဆောင်ရွက်သွားပါမည်။
MOCHA Relief Care Packages နှင့် မုန်တိုင်းဒဏ်သင့်ပြည်သူများ လိုအပ်နိုင်မည့် အခြားကုန်ပစ္စည်းများကို အောက်ဖော်ပြပါ Link တွင် ဝင်ရောက်ကြည့်ရှုပြီး မိုခါ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အတူတကွ ဖေးကူလို့ ထူမကြပါစို့။
အသေးစိတ်ကြည့်ရှုရန် >> https://bit.ly/3ogq3bj
လှူဒါန်းရန် ဆောင်ရွက်ပုံ အဆင့်ဆင့်ကို ကြည့်ရှုရန် => https://bit.ly/3We3C3l

Read More

  22/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် မိသားစုတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ခေါက်ဆွဲခြောက်များလှူဒါန်း

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ မေလ(၂၂)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် မိသားစုတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ခေါက်ဆွဲခြောက်များ လှူဒါန်းပွဲအခမ်းအနားကို မေလ(၂၂)ရက်နေ့ နေ့လည်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် အသင်းဥက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
ထို့နောက် Singapore Association of Myanmar မှ President ဖြစ်သူ Mr. Freddy Oh က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပြီး ကျပ် ၁၀,၀၀၀,၀၀၀ိ/ တန်ဖိုးရှိ မိသားစုတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ (တစ်လစာ) (၂၀၀)စုံ ကို လှူဒါန်းရာ အသင်းဥက္ကဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ထို့အတူ Yathar Cho Industry Ltd မှ ကျပ် ၅,၇၉၀,၀၀ဝိ/တန်ဖိုးရှိ Yum Yum ခေါက်ဆွဲခြောက်ထုပ်(၁၈,၀၀၀)ထုပ်ကို Marketing Manager ဦးအောင်မြတ်သူ က လာရောက်လှူဒါန်းရာ အသင်းဥက္ကဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ အသင်းအချိန်ပြည့်အလုပ်အမှုဆောင်များ ဖြစ်ကြသော ပါမောက္ခဒေါက်တာဒေါ်မြသူနှင့် ပါမောက္ခ ဒေါက်တာဒေါ်ရီရီတင်၊ အရင်းအမြစ်များ စုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးနှင့် တာဝန်ရှိသူများ၊ Singapore Association of Myanmar မှ တာဝန်ရှိသူများ၊ Yathar Cho Industry Ltdမှ ဦးအောင်မြတ်သူ တို့ တက်ရောက်ခဲ့ကြပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။
[gallery display="grid" columns="5" link="file" size="wcstandard" ids="15170,15171,15172,15173,15174"]

Read More

  21/ May/ 2023

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့် ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ထိခိုက်ခံစားရသူများအတွက် အရေးပေါ်ကူညီရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်တွင် တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး

စစ်တွေ၊ ၂၀၂၃ ခုနှစ်၊ မေလ (၂၁) ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်သည် မေလ (၂၀) ရက်နေ့ နေ့လည်ပိုင်းတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအ‌ဝေးခန်းမ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး‌ကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့အား ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။
ထို့သို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရခိုင်ပြည်နယ်အတွင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆိုင်ကလုန်းမုန်တိုင်းမိုခါ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်‌ရွက်နေမှုအခြေအနေများကို တင်ပြကာ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Read More

  21/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုအပြီး စစ်တွေတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်နေသော တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများကို အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့် ကြည့်ရှု

စစ်တွေ၊ ၂၀၂၃ခုနှစ်၊ မေလ(၂၁)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်သည် မေလ(၂၁)ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ် ကြက်ခြေနီသိုလှောင်ရုံ အစည်းအဝေးခန်းမတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (စစ်တွေရုံးခွဲ) ရုံးခွဲတာဝန်ခံ Mr. Yannis KHEMIRI နှင့် တာဝန်ရှိသူများအားတွေ့ဆုံပြီး ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုအပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်နေသော တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများကိုဆွေးနွေးခဲ့ပါသည်။
ထို့နောက် အသင်းဥက္ကဌသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (စစ်တွေရုံးခွဲ)တာဝန်ခံတို့ လိုက်ပါ လျက် စစ်တွေမြို့နယ် ဆတ်ရိုးကျကျေးရွာတွင် ကြက်ခြေနီစေတနာ လုပ်အား ရှင်များက သောက်သုံးရေ ဖြန့်ဝေရာတွင် ကူညီဆောင်ရွက် ပေးနေမှုများကို ကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများကို အားပေးစကား ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး အသင်းဥက္ကဌနှင့်အဖွဲ့သည် ကျေးတောပိုက်ဆိပ် ကျေးရွာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရွေ့လျား ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းဖွင့်လှစ်ပြီး ဒေသခံပြည်သူများအား ပဏာမကျန်မာရေးစောင့်ရှောက် မှု ပေးနေခြင်းများကို သွားရောက် ကြည့်ရှုခဲ့ပြီးလိုအပ်ချက်များကို လမ်းညွှန် ခဲ့ပါသည်။
ထိုအပြင် အသင်းဥက္ကဌသည် မေလ(၂၀)ရက်နေ့ကလည်း စစ်တွေမြို့နယ် အတွင်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုခဲ့ပါသည်။

Read More

  21/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုအပြီး စစ်တွေတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်နေသော တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများကို အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့် ကြည့်ရှု

စစ်တွေ၊ ၂၀၂၃ခုနှစ်၊ မေလ(၂၁)ရက်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်သည် မေလ(၂၁)ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ် ကြက်ခြေနီသိုလှောင်ရုံ အစည်းအဝေးခန်းမတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (စစ်တွေရုံးခွဲ) ရုံးခွဲတာဝန်ခံ Mr. Yannis KHEMIRI နှင့် တာဝန်ရှိသူများအားတွေ့ဆုံပြီး ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုအပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်နေသော တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများကိုဆွေးနွေးခဲ့ပါသည်။ ထို့နောက် အသင်းဥက္ကဌသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (စစ်တွေရုံးခွဲ)တာဝန်ခံတို့ လိုက်ပါ လျက် စစ်တွေမြို့နယ် ဆတ်ရိုးကျကျေးရွာတွင် ကြက်ခြေနီစေတနာ လုပ်အား ရှင်များက သောက်သုံးရေ ဖြန့်ဝေရာတွင် ကူညီဆောင်ရွက် ပေးနေမှုများကို ကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများကို အားပေးစကား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အသင်းဥက္ကဌနှင့်အဖွဲ့သည် ကျေးတောပိုက်ဆိပ် ကျေးရွာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရွေ့လျား ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းဖွင့်လှစ်ပြီး ဒေသခံပြည်သူများအား ပဏာမကျန်မာရေးစောင့်ရှောက် မှု ပေးနေခြင်းများကို သွားရောက် ကြည့်ရှုခဲ့ပြီးလိုအပ်ချက်များကို လမ်းညွှန် ခဲ့ပါသည်။ ထိုအပြင် အသင်းဥက္ကဌသည် မေလ(၂၀)ရက်နေ့ကလည်း စစ်တွေမြို့နယ် အတွင်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုခဲ့ပါသည်။ #လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန

Read More

  20/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် KING Construction Co.,Ltd မှ အလှူငွေနှင့် ရေသန့် လှူ‌ဒါန်း

ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ မေလ(၂၀)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူရှင်များက လှူ‌ဒါန်းလျက်ရှိရာ KING Construction Co.,Ltd မှ အလှူငွေ ကျပ် ၁,၁၈၀,၀၀ဝိ/နှင့် ရေသန့် ကဒ် ၄၀၀ ကို ရန်ကုန်မြို့အမှတ်(၄၂)ကမ်းနားလမ်းရှိ အသင်းရန်ကုန်ရုံးခွဲသို့ မေလ(၁၉)ရက်နေ့တွင် လာရောက် လှူဒါန်းခဲ့ရာမြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်
ခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲသို့ အသင်းဥက္ကဌနှင့်အတူ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ အရင်း
အမြစ်များစုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးနှင့် KING Construction Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါသည်။

Read More

  20/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူရှင်များက လှူ‌ဒါန်း

ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ မေလ(၂၀)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူရှင်များက လှူ‌ဒါန်းလျက်ရှိရာ Wuntho Resource Co.,Ltd မှ အလှူငွေ ကျပ် ၁,၀၀၀,၀၀ဝိ/ကိုလည်းကောင်း၊ Golden Charity Family မှ ကျပ်၂၅၀,၀၀၀ နှင့် ကျပ် ၅၀,၀၀၀ိ/တန်ဖိုးရှိ Hansapplus (၁၀ဝပါ)၂ဘူးနှင့် ရာဘာလက်အိတ်(၁၀၀ပါ)၄ ဘူးတို့ကိုလည်းကောင်း၊ မောင်အံ့ဘုန်းသစ်အောင်၊ မမေဘုန်းမြတ်ပိုင်၊ မောင်ခန့်ဘုန်းသစ်အောင် တို့က ကျပ်၃၀,၀၀ဝိ/တန်ဖိုးရှိ ဓာတ်ဆားထုပ် ၁၀၀ ထုပ်ကို လည်းကောင်း ရန်ကုန်မြို့အမှတ်(၄၂)ကမ်းနားလမ်းရှိ အသင်းရန်ကုန်ရုံးခွဲသို့ မေလ(၁၈)ရက်နေ့က လာရောက် လှူဒါန်းရာ အရင်းအမြစ်များ စုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါသည်။

Read More

  20/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်ရှိ ထိခိုက်ခံစားရသူများအား ကြက်ခြေနီက အရေးပေါ်ကယ်ဆယ်ရေးသုံးပစ္စည်းများ၊ သောက်သုံးရေများဖြန့်ဝေခြင်းနှင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ခံစားရသည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် အရေးပေါ်သုံးကယ်ဆယ်ရေးပစ္စည်းများနှင့် သောက်သုံးရေများဖြန့်ဝေပေးခြင်း၊ ပြည်သူလူထု ပဏာမကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ရွေ့လျားဆေးခန်းဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဝန်ထမ်းများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်လျက်ရှိပါသည်။
မေလ(၁၉)ရက်နေ့က ရွေ့လျားဆေးပေးခန်းဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုအဖြစ် စစ်တွေမြို့နယ်၊ ရေချမ်းပြင် GTC နှင့် ရေချမ်းပြင်ရွာတို့မှ ကျေးရွာသူ/ကျေးရွာသား (၆၀) ဦးအား ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပြီး၊ သန့်လေးသန့်၊ စနစ်တကျလက်ဆေးခြင်းနှင့် ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ရေးအကြောင်း ကျန်းမာရေးအသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
သောက်သုံးရေဖြန့်ဝေပေးရာတွင် စစ်တွေမြို့နယ်၊ ကျေးတောရွာမမှ အိမ်ထောင်စု(၁၂၅)စု အတွက် ရေလီတာ ၅,၀၀၀၊ ကျေးတောပိုက်ဆိပ်ရွာမှ အိမ်ထောင်စု(၇၅)စုအတွက် ရေလီတာ(၃,၀၀၀)၊ ရေချမ်းပြင်GTCမှ အိမ်ထောင်စု(၁၀၀)စုအတွက် ရေလီတာ(၃၀၀၀)၊ ရေချမ်းပြင်ရွာ EPC ရုံးဝန်ထမ်းအိမ်ရာမှ အိမ်ထောင်စု(၆၅)စုအတွက် ရေလီတာ(၂,၅၀၀)၊ ဓညဝတီရပ်ကွက်မှ အိမ်ထောင်စု (၈၀)စုအတွက် ရေလီတာ(၃,၀၀၀)၊ အုန်းတစ်ပင်ရပ်ကွက်ဝါးကျောင်းမှအိမ်ထောင်စု(၆၅)စုအတွက် ရေလီတာ(၂,၅၀၀)၊ လမ်းမတော်တောင်ကရုချောင်းကျောင်းမှ အိမ်ထောင်စု(၃၀)အတွက် ရေလီတာ(၁,၀၀၀)၊ လမ်းမတော်တောင်ကညင်ချောင်းကျောင်းမှ အိမ်ထောင်စု(၃၀)အတွက် ရေလီတာ(၁,၀၀၀)၊ ရွှေကျောင်းအမျိုးသားကျောင်းမှ အိမ်ထောင်စု(၁၅)စုအတွက်ရေလီတာ(၅၀၀)ဖြင့် စုစုပေါင်းသောက်ရေလီ(၂၃,၀၀၀)ကို ဖြန့်ဝေပေးခဲ့ပါသည်။
အလားတူ အရေးပေါ်ကယ်ဆယ်ရေးသုံးပစ္စည်းများဖြန့်ဝေရာတွင် မောင်တောမြို့နယ်၊ ကျောက်ပန္ဒုကျေးရွာရှိ အိမ်ထောင်စု (၁၇)စုကို တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (တစ်ပတ်စာ)အိတ်နှင့် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှ အမျိုးသမီး (၃၈)ဦးတို့ကို အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းအိတ်များ ဖြန့်ဝေပေးခဲ့ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အကူအညီလိုအပ်နေသည့် ယာယီခိုလှုံရာစခန်းများနှင့် ကျေးရွာများမှ ပြည်သူများ‌အတွက် စားနပ်ရိက္ခာများ၊ ရေနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမိုးအကာများ ထောက်ပံ့နိုင်ရေးနှင့် အရေးပေါ်ငွေသားထောက်ပံ့နိုင်ပေးနိုင်ရေးတို့ကိုလည်း ဆက်လက်ထောက်ပံ့ကူညီနိုင်ရန် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။

Read More

  20/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် KING Construction Co.,Ltd မှ အလှူငွေနှင့် ရေသန့် လှူ‌ဒါန်း

ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ မေလ(၂၀)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူရှင်များက လှူ‌ဒါန်းလျက်ရှိရာ KING Construction Co.,Ltd မှ အလှူငွေ ကျပ် ၁,၁၈၀,၀၀ဝိ/နှင့် ရေသန့် ကဒ် ၄၀၀ ကို ရန်ကုန်မြို့အမှတ်(၄၂)ကမ်းနားလမ်းရှိ အသင်းရန်ကုန်ရုံးခွဲသို့ မေလ(၁၉)ရက်နေ့တွင် လာရောက် လှူဒါန်းခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်
ခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲသို့ အသင်းဥက္ကဌနှင့်အတူ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ အရင်း
အမြစ်များစုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးနှင့် KING Construction Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါသည်။

Read More