08/ Sep/ 2022
07/ Sep/ 2022
07/ Sep/ 2022
06/ Sep/ 2022
06/ Sep/ 2022
05/ Sep/ 2022
02/ Sep/ 2022
ရေကြည်၊ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၁)ရက်။
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို ရေကြည်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဩဂုတ်လ(၃၀)ရက်နေ့မှ စက်တင်ဘာလ(၁)ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ သူ (၃၀)ဦးတို့ အား ကြက်ခြေနီစေတနာလုပ်အားရှင်များက စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချခဲ့ပါသည်။
29/ Aug/ 2022
မန်တုံ၊ ဩဂုတ်လ (၂၉) ရက်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မန်တုံမြို့နယ်၊ မော်လုံကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းကာ မြေပြို၍ နေအိမ်ပျက်စီးသွားသော အိမ်ထောင်စုတစ်စုအား မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးကာ အိမ်ဆောက်အထောက်အကူပြုပစ္စည်း (၁)စုံ၊ မိသားစုသုံးပစ္စည်း (၁)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁)စုံ၊ မီးဖိုချောင်သုံးပစ္စည်း (၁)စုံ၊ Jellycan (၁)ပုံးတို့ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်နေ့က ထောက်ပံ့ပေးခဲ့ပါသည်။
22/ Aug/ 2022
ဖားကန့်၊ ဩဂုတ်လ(၂၂)ရက်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှ နေရပ်စွန့်ခွာမိသားစုများအား ဩဂုတ်လ(၁၀)ရက်နေ့နှင့် ဩဂုတ်လ(၁၁)ရက်နေ့တို့တွင် ယာယီခိုလှုံရာစခန်းများသို့ ပို့ဆောင်နေရာချပေးခဲ့ပြီး ဩဂုတ်လ(၁၂)ရက်နေ့တွင် စာရင်းကောက်ယူခြင်း၊ ရှေးဦးပြုစုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးခြင်း တို့ကို ကူညီဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် အရေးပေါ် အသုံးအဆောင်နှင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြပါသည်။