20/ Jul/ 2020

ရွှေဂဲရေဆိုးထုတ်ရေတံခါးအနီး တာရိုးကျိုးပေါက်မှုတွင် ထိခိုက်ခံစားရသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ရန်ကုန်၊ ဇူလိုင် ၂၀

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သော မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေဂဲရေဆိုးထုတ် ရေတံခါးအနီး တာရိုးကျိုးပေါက်မှုတွင် လက်ရှိအချိန်ထိ ယာယီကယ်ဆယ်ရေးစခန်း (၁၄) ခု ဖွင့်လှစ်ထားရှိပြီး ရွှေ့ပြောင်းပေးထားသည့် လူဉီးရေမှာ ခန့်မှန်း ၄,၀၀၀ ကျော် ရှိပြီဖြစ်ပါသည်။

ဇူလိုင်လ ၂၀ ရက်နေ့က မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ပါမောက္ခဒေါက်တာခင်သီလွင်၊ ဒုတိယဥက္ကဌပါမောက္ခဒေါက်တာပြုံးပြုံးသန်း၊ ဒုတိယတိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်ကျော်၊ အတွင်းရေးမှူး ဦးစိုးလှိုင်ဝင်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့နှင့် အတူလိုက်ပါပြီး ဘေးလွတ်ရာသို့ရွေ့ပြောင်းထားသည့် ဦးလင်းဘုရား ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၁၅၁) စု နှင့် ရန်အောင်မြင်ဘုရားကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၁၁၅) စုတို့အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၂၆၆) ပုံးအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပြည်သူများ ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးအပ်လျက်ရှိသလို အသင်းဌာနချုပ်အနေ ဖြင့်လည်း အရေးပေါ်ကူညီထောက်ပံ့ပစ္စည်းများကို ဆက်လက်ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

 

Read More

  20/ Jul/ 2020

တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ COVID-19 ကာကွယ်ရေးတွင် ပါဝင်ဆောင်ရွက်

တာချီလိတ်၊ ဇူလိုင်၂၀ ရက်


၂၀၂၀ပြည့်နှစ် ဇူလိုင်လ၂၀ရက်နေ့က ထိုင်းနိုင်ငံ၊ အမှတ်((၂)ချစ်ကြည်ရေးတံတားမှ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာကြသော နေရပ်ပြန်ပြည်သူ ၅၈ဦးအား တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးမြင့်သိန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်၄ဦးတို့သည် COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီခြင်းတို့ကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။

Read More

  20/ Jul/ 2020

ရွှေဂဲရေဆိုးထုတ်ရေတံခါးအနီး တာရိုးကျိုးပေါက်မှုတွင် ထိခိုက်ခံစားရသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်နိုင်ရန် ပြင်ဆင်

ရန်ကုန်၊ ဇူလိုင် ၂၀

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သော မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေဂဲရေဆိုးထုတ် ရေတံခါးအနီး တာရိုးကျိုးပေါက်မှုတွင် လက်ရှိအချိန်ထိ ယာယီကယ်ဆယ်ရေးစခန်း (၁၄) ခု ဖွင့်လှစ်ထားရှိပြီး ရွှေ့ပြောင်းပေးထားသည့် လူဉီးရေမှာ ခန့်မှန်း ၄,၀၀၀ ကျော် ရှိပြီဖြစ်ပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ပြည်သူများ ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးအပ်လျက်ရှိသလို အသင်းဌာနချုပ်အနေ ဖြင့်လည်း အရေးပေါ်ကူညီထောက်ပံ့ပစ္စည်များဖြစ်သည့် မီသားစု တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁,၄၀၀) ပုံး၊ အသက်ကယ်ဘောကွင်း (၁၀) ခုနှင့် ခေါက်ထမ်းစင် (၄) ခုတို့အား ပင်မသိုလှောင်ရုံ (သန်လျင်)မှ မန္တလေးတိုင်း ဒေသကြီးသို့ ပို့ဆောင်ရန် ဇူလိုင်လ ၂၀ ရက်နေ့က ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။

 

Read More

  20/ Jul/ 2020

ကချင်ပြည်နယ်တွင်ကြက်ခြေနီမှ ရေကြီးမှုအန္တရာယ်ကြိုတင်သတိပေးချက်များ ဆောင်ရွက်

ကချင်ပြည်နယ်၊ ဇူလိုင် ၂၀ ကြိုတင်အသိပေးခြင်းသည် ဘေးအန္တရာယ်ကာကွယ်ရေးတွင် အရေးကြီးဆုံးသော အပိုင်းဖြစ်ပါသည်။ မုတ်သုံရာသီတွင် ရေကြီးမှု၊မြေပြိုမှုများ နှစ်စဉ်ဖြစ်ပွားလျက်ရှိရာ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၁၄ရက်နေ့က ဗန်းမော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းရှိ မံပင်ကျေးရွာနှင့် ကုန်းခါးကျေးရွာများတွင် မြစ်ရေကြီးခြင်းသတင်းထုတ်ပြန်ချက်များကို ရပ်ရွာအတွင်းလိုက်လံအသိပေးကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အလားတူ ဇူလိုင်လ ၂၀ရက်နေ့ကလည်း ကာမိုင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ ရေကြီးနိုင်မှုအန္တရာယ်ကြိုတင်သတိပေးချက်များကို ကာမိုင်းမြို့နယ်အတွင်းလိုက်လံအသိပေးကြေညာခဲ့ကြပါသည်။

Read More

  19/ Jul/ 2020

၇၃နှစ်မြောက်အာဇာနည်နေ့အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ တက်ရောက်ဂါရဝပြု

ရန်ကုန်၊ ဇူလိုင် ၁၉

၂၀၂၀ပြည့်နှစ်၊ ၇၃နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက် ၈နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်နှင့် အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွန့်တို့တက်ရောက် ဂါရဝပြု လွမ်းသူ့ပန်းခွေ ချခဲ့ပါသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၁၅၅ဦးတို့က နံနက် ၅နာရီမှ ညနေ ၅နာရီအချိန်ထိ အာဇာနည်ဗိမာန်နှင့် ဝန်ကြီးများရုံးသို့ လာရောက်ကြသည့် ပြည်သူများအတွက် လူနာတင်ယာဉ် ၆ စီးဖြင့် ရှေးဦးပြုစုခြင်းပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကူညီပေးခဲ့ကြပါသည်။

 

Read More

  18/ Jul/ 2020

မြစ်သားတွင် COVID-19ရောဂါကာကွယ်ရေးဆောင်ရွက်နေကြသော ကြက်ခြေနီများအား ဂုဏ်ပြု

မြစ်သား၊ ဇူလိုင် ၁၈


မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် COVID-19ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသော မြစ်သားမြို့နယ် ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုပွဲကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ နံက်၁၀နာရီအချိန်က လုပ်အားကြေးမုံခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့မှတာဝန်ရှိသူများ၊ ကျောက်ဆည်ခရိုင် ဒုတိယခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဒေါ်နွဲ့နွဲ့ထွေးနှင့်တပ်ဖွဲ့ဝင်များ၊ မြစ်သားမြို့နယ်ကြက်ခြေနီအသင်းခွဲကြီးကြပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ အမှာစကားပြောကြားပြီး COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျှက်ရှိကြသော မြစ်သားမြို့နယ် ကြက်ခြေနီစေတနာလုပ်အားရှင် များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Read More

  17/ Jul/ 2020

သံတွဲတွင် ကြက်ခြေနီမှ COVID-19ရောဂါကာကွယ်ရေး အသိပညာပေးဆောင်ရွက်

သံတွဲ၊ ဇူလိုင် ၁၇
၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၁၇ရက်နေ့က သံတွဲခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းထွန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ မြို့မဈေးအနီးတွင် COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြပါသည်။

Read More

  17/ Jul/ 2020

မြဝတီတွင် COVID-19 ကာကွယ်တားဆီးရေးလုပ်ငန်းများ ၌ ကြက်ခြေနီကဆက်လက်ပူးပေါင်းဆောင်ရွက်

မြဝတီ၊ ဇူလိုင် ၁၇ မြဝတီခရိုင်/မြို့နယ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို မြဝတီမြို့ ရွှေမြင်းဝန်စေတီတော် သာ့သနာ့ဗိမာန်တော်၌ ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၁၇ရက်နေ့က ဆက်လက်ပြုလုပ်လျက်ရှိရာ ဆရာတော်ကြီးများ၊ စာဖြေသံဃာတော်များ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘာသာရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ရာ ကရင်ပြည်နယ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဦးအောင်နိုင်ဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၅ဦးက ကိုယ်အပူချိန်တိုင်းပေးခြင်း၊ နှာခေါင်းစည်းများလှူဒါန်းခြင်း၊ စနစ်တကျတပ်ဆင်ပေးခြင်း၊ ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ယင်းနေ့တွင်ပင် ကရင်ပြည်နယ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီတပ်စုမှူးဦးမင်းမင်းစိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၆ ဦးသည် COVID-19 ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများအဖြစ်မြဝတီအမှတ်(၂)ချစ်ကြည်ရေးတံတား Cargo Gateတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာသည့် ကုန်တင်ကားများနှင့် ယာဉ်ပေါ်ပါလာသူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ စာရင်းသွင်းခြင်း၊ သတင်းပေးပို့ခြင်း၊ Health Checked လက်မှတ်ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။

Read More

  17/ Jul/ 2020

ဟားခါးမြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ကြက်ခြေနီမှအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ လှူဒါန်း

ဟားခါး၊ ဇူလှိုင် ၁၇ ဟားခါးမြို့နယ်ကြက်ခြေနီတပ်စုမှူးဒေါ်သဇင်သိန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ GTI ကျောင်းဝင်းအတွင်းဖွင့်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် လက်သန့်စင်ဆေးရည်များ၊ မျက်နှာသုတ်ပဝါများ၊ ရေသန့်ဘူးများ၊ သွားတိုက်တံများ၊ ဆပ်ပြာခဲများ စသည့်အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ပြီး COVID-19ရောဂါကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများအား ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၁၇ရက်နေ့က ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Read More