12/ Apr/ 2020

ဆွာမြို့တွင် ကြက်ခြေနီမှ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

ဆွာမြို့၊ ဧပြီ ၁၂ ရေတာရှည်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပဲခူးတိုင်း၊ ဆွာမြို့တွင် ဖွင့်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် အပူချိန်တိုင်းခြင်း၊ အစားအသောက်များပြင်ဆင်ပေးခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ၂၀၂၀ပြည့်နှစ် မတ်လ ၂၃ရက်နေ့မှ စတင်ကာ‌ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ၂၀၂၀ပြည့်နှစ် မတ်လ ၁၇ရက်နေ့မှစတင်ကာ ဆွာမြို့အတွင်းရှိ ရပ်ကွက်များတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ ပိုစတာများ၊ စတစ်ကာများကပ်ခြင်း၊ စနစ်တကျလက်ဆေးနည်းနှင့် နှာခေါင်းစည်းအသုံးပြုပုံတို့ ဝေမျှခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါသည်။

Read More

  11/ Apr/ 2020

ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးလဖိုင်ဘရန်ဒီး ဖားကန့်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်စခန်းတွင် လုပ်အားပေးနေသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား သွားရောက်ကြည့်ရှုအားပေး

ဖားကန့်၊ ဗန်းမော် ဧပြီ၁၁ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးလဖိုင်ဘရန်ဒီးနှင့်အဖွဲ့သည် ၂၀၂၀ပြည့်နှစ်၊ ဧပြီလ(၁၀)ရက်နေ့က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာဝင်ပေါက်ဂိတ်တွင်ဖြတ်သန်းသွားလာသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း ဆောင်ရွက်ပေးနေသော ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် အသွားအလာကန့်သတ်စောင့်ကြည့်စခန်းတွင် ဌာနဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအားသွားရောက်ကြည့်ရှုကာ နှာခေါင်းစည်းများထောက်ပံ့ပေးခြင်း၊ အားပေးစကားများပြောကြားခြင်းနှင့် အသွားအလာကန့်သတ်စောင့်ကြည့်စခန်းသို့ အလှူငွေ(၁၀၀,၀၀၀)ကျပ်ထောက်ပံ့ပေးအပ်ခဲ့သည်။ အလားတူ ဗန်းမော်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီတပ်ခွဲမှူးဒေါ်သန်းသန်းမြင့်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြို့နယ်အတွင်းရှိ စင့်ကင်၊ ငှက်ပျောတော၊ သဖန်းပင်ကျေးရွာများသို့ သွားရောက်ခဲ့ပြီး ကျေးရွာနေပြည်သူများအား COVID-19 ရောဂါအန္တရာယ်နှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို လိုက်လံအသိပေးခဲ့ပါသည်။

Read More

  10/ Apr/ 2020

ကြက်ခြေနီမှ မွန်ပြည်နယ်အတွင်း COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် ဆက်လက်ဆောင်ရွက်

ရေး၊ ဧပြီ ၁၀

မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် အလှူရှင်များ ပံ့ပိုးကူညီမှုဖြင့် မွန်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဌ ဦးချိုမင်းလင်း၊ ပြည်နယ်တပ်ဖွဲ့မှူး ဦးကျော်မြင့်၊ ရေးမြို့နယ်အသင်းခွဲ ဒုတိယ ဥက္ကဌနှင့်အမှုဆောင်များ၊ ရေးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးနိုင်ဇော်လတ် ဦးဆောင်သော ကြက်ခြေနီစေတနာ လုပ်အားရှင် (၅၀)ဦးတို့သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၀ ရက်နေ့၊ နံနက်(၉:၀၀)နာရီ အချိန်မှ စတင်ကာ ရေးမြို့နယ်၊ ရွှေဆံတော်ဘုရားရှေ့၊ စျေးရှေ့၊ အောင်သုခရပ်ကွက်၊ ဘူတာပိုင်း၊ ချောင်းတောင်ကျေးရွာ၊ အဏ္ဏ၀ါရပ်ကွက်များရှိ ပြည်သူလူထုများအား COVID-19ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေး ပိုစတာ(၁၀၀)၊ စတစ်ကာ(၅၀) ကပ်ခြင်း၊ လက်စနစ်တကျ ဆေးနည်း သရုပ်ပြခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်သန့်ဆေးရည်(Hand Sanitizer) (၁၅၀၀)ဗူး ဖြန့်‌ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ ပါသည်။

Read More

  10/ Apr/ 2020

MRCS Preparedness for response: 2020 monsoon season with COVID-19

Read More

  09/ Apr/ 2020

ရေနံချောင်းတွင် ကြက်ခြေနီမှ COVID-19ရောဂါကာကွယ်ရေး ဆောင်ရွက

ရေနံချောင်း၊ ဧပြီ ၉

ရေနံချောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးမောင်ကို ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရေနံချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများ၊ ဈေးများ၊ ကားဂိတ်များ၊ လူစည်ကားရာနေရာများ၊ မြို့အဝင်၊အထွက်ဂိတ်များတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျလက်ဆေးနည်း သရုပ်ပြခြင်း၊ ပိုစတာများကပ်ခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့်လက်သန့်စင်စေခြင်း၊ ရောဂါမဖြစ်ပွားအောင် ပြုမူနေထိုင်ရမည့်အချက်များကို အသိပညာပေးဟောပြောခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ် မတ်လ၂၇ရက်နေ့မှ စတင်ကာ ဆောင်ရွက်လျှက်ရှိပါသည်။

Read More

  09/ Apr/ 2020

COVID-19 Emergency Plan of Action (EPoA) Myanmar Red Cross Society (MRCS)

Read More

  03/ Apr/ 2020

COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ Total E & P Myanmar မှ အလှူငွေ ပေးအပ်

ရန်ကုန်၊ ဧပြီလ ၃ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Total E & P Myanmar မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အလှူငွေ ပေးအပ်လှူဒါန်းပွဲ ကို ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၃ ရက်နေ့ နံနက်(၁၀)နာရီက ရန်ကုန်မြို့ရှိ အသင်းရုံးခွဲတွင်ပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ Total E & P Myanmar (Yadana Project) General Manager Mr.Romaric Roignan ကလှူဒါန်းရခြင်းအကြောင်းကိုရှင်းလင်းပြောကြားပြီး အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ကိုလှူဒါန်းရာအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် က လက်ခံရယူပြီး COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများအတွက် အကျိုးရှိထိရောက်စွာအသုံးပြုသွားမည်ဖြစ်ပါကြောင်းပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ အဆိုပါလှူဒါန်းပွဲသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အချိန်ပိုင်း အမှုဆောင်များဖြစ်ကြသော ဒေါက်တာတင်ညွန်နှင့် ဒေါက်တာထိန်လင်း၊ အရင်းအမြစ်များစုစည်းအသုံးချရေးဌာနမှူး ဒေါ်မေစန္ဒာမျိုး၊ ကျန်းမာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနေထက်လင်းတို့တက်ရောက်ခဲ့ပြီး Total E&P Myanmar (Yadana Project)မှ General Manager Mr.Romaric Roignan ၊  CSR Manager ဒေါ်ဆွေဆွေဝင်းနှင့် National Program Coordinator ဉီးခင်မောင်တင့် တို့တက်ရောက်ကြပါသည်။ လှူဒါန်း‌ငွေများဖြင့် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် PPE ပစ္စည်များနှင့် အသိပညာပေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ရာ ယခုကဲ့သို့လှူဒါန်းမှုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း အနေဖြင့် Total E&P Myanmar (Yadana Project)အားလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။

Read More

  02/ Apr/ 2020

အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ကြက်ခြေနီမှ ပူးပေါင်း ဆောင်ရွက်

လွိုင်ကော်၊ ဧပြီ ၁၂ ကယားပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမျိုးတင့်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ပိုးသတ်ဆေးဖျန်းခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ၂၀၂၀ပြည့်နှစ် ဧပြီလ ၁၀ရက်နေ့က ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  01/ Apr/ 2020

ကြက်ခြေနီမှ ကရင်ပြည်နယ်တွင် COVID 19 ရောဂါကာကွယ်ရေး ဆက်လက် ပူးပေါင်းဆောင်ရွက်

ဧပြီလ ၁ ရက် ကြက်ခြေနီမှ ကရင်ပြည်နယ်တွင် COVID 19 ရောဂါကာကွယ်ရေးအတွက် အသိပညာပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၀ပြည့်နှစ် မတ်လ ၃၁ ရက်နေ့တွင် သံတောင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဉီးလားဘွယ်ထူးဉီးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၅ ဉီးတို့သည် သံတောင်မြို့ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ COVID-19 ရောဂါနှင့် ပတ်သက်သော အသိပညာများကို အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်မှုပြုလုပ်ခဲ့ပါသည်။ ထို့အတူ သံတောင်မြို့ဝင်ဂိတ်တွင်လည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်းကာ အပူချိန်တိုင်းတာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင်ဖာပွန်မြို့နယ်၊ ကမမောင်းမြို့တွင်လည်း ဖာပွန်ခရိုင် ဒုတိယတပ်ဖွဲ့မှူး ဉီးဇော်မင်းလတ် ဉီးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၉ ဉီးတို့သည် မြို့အတွင်း ပိုစတာများကပ်ခြင်း၊ ကမမောင်းမြို့‌ဈေးအတွင်း ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ခံများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ အလားတူ လှိုင်းဘွဲ့မြို့နယ်ဒုတိယတပ်ခွဲမှူး ဉီးစောဆန်ဝင်းဉီးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၂၀ ဉီးတို့သည် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ကာ COVID-19 ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာ ပေးခြင်း၊ ပိုစတာများကပ်ခြင်းတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Read More