07/ Feb/ 2020
သာပေါင်း၊ ဖေဖော်ဝါရီလ ၇ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးကိုနိုင် ဉီးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် ၆ ဦးသည် သာပေါင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် သာပေါင်းမြို့ပေါ် လူစည်ကားရာ လမ်း၊ ကားဂိတ်၊ ဈေး တို့တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း စသော ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
07/ Feb/ 2020
သံဖြူဇရပ်၊ ဖေဖော်ဝါရီလ ၇ မြန်မာနိုင်ငံကြက်ခြေနီအသင်း သံဖြူဇရပ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီသူနာပြုတပ်ဖွဲဝင်များနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ နိုဗယ် ကိုရိုနာဗိုင်းရပ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲ ကို သံဖြူဇရပ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှစ်ကိုင်းကျောင်းခန်းမတွင် ကျောင်းသား/ကျောင်းသူ များ၊ ကျောင်းသားမိဘများနှင့် ဆရာ/ဆရာမများ စုစုပေါင်း (၃၁၀) ဦးတို့အား ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့နံက် ၁၁းဝဝက သံဖြူဇရပ်မြို့နယ် လူထုကျန်းမာရေးဋ္ဌာနဦးစီးအရာရှိ ဒေါက်တာ အောင်ထက်ကောင်း၊ ကျန်းမာရေးအဆင့် ၁ ဒေါ်နန်းစံတပ်၊ သံဖြူဇရပ်မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှုးဦးစိုးမင်ဦးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် (၆) ဦးတို့မှ ဟောပြောခဲ့ကြပါသည်။
07/ Feb/ 2020
ပြင်ဉီးလွင်၊ ဖေဖော်ဝါရီလ ၇ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ပြင်ဉီးလွင်မြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးအေးဖြိုး ဉီးဆောင်သော ကြက်ခြေနီသူနာပြူတပ်ဖွဲ့ဝင်များသည် ပြင်ဉီးလွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့မှစတင်ပြီး တစ်ရက်လျှင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်(၆)ဉီးဖြင့် ပြင်ဦးလွင်တိုးဂိတ်တွင် ခရီးသွားများကို ကိုယ်အပူချိန်တိုင်းကိရိယာဖြင့် အပူချိန်တိုင်းတာခြင်း၊ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း စသော ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
06/ Feb/ 2020
ဝမ်းတွင်း၊ ဖေဖော်ဝါရီလ ၆
မန္တလေးတိုင်းဒေသကြီး၊ မိထ္တီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ရက်နေ့ နံနက်(၉)နာရီက မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားကို မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဌနှင့် အမှုဆောင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး(ယာယီ)ဦးအောင်မိုးနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်(၁၁)ဦး၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမြသက်ဆွေနှင့်ကျန်းမာရေးဆရာမများ၊ ကျောင်းအုပ်ဆရာကြီးများနှင့် ဆရာ/ဆရာမများ၊ကျောင်းသား/သူများတက်ရောက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ဝမ်းတွင်းမြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်ဦးရဲထွဋ်ခိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးမှ လက်ဆေးခြင်းအကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာမြသက်ဆွေမှနိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်နိုင်ရေးနှင့်ပတ်သက်သည့် ဆောင်ရွက်ရမည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါအဖွဲ့သည် ဆက်လက်၍ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများဖြစ်သည့် (အ.ထ.က)သဲတော၊(အ.ထ.က)ဝမ်းတွင်း၊အမှတ်(၁)အ.ထ.က(ခွဲ)နှင့် အခြေခံပညာမူလတန်း/အလယ် တန်းကျောင်း(၇)ကျောင်း၊စုစုပေါင်း ကျောင်း(၁၀)ကျောင်းတွင် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။
02/ Feb/ 2020
မိတ္ထီလာ၊ ဖေဖော်ဝါရီလ ၂ မြန်မာနိုင်ငံကြက်ခြေနီအသင်း မိတ္ထီလာခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနေဉီး ဦးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် (၃၅) ဦးတို့သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့က မိတ္ထီလာမြို့နယ်တွင် ရန်အောင်မြင် လူမှုကူညီရေးအသင်း၊ ရှမ်းတဲမေတ္တာ လူမှုကူညီရေးအသင်း၊ ကမ်းလင့်မယ့်လက်များ လူမှုရေးအသင်း၊ စိတ်ဝေဒနာရှင်များပြုစုရေးအသင်း၊ ရပ်မိရပ်ဖများနှင့် အတူ နိုဗာကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အသိညာပေးလက်ကမ်းစာစောင်(၃၀၀၀)နှင့် နှာခေါင်းစည်း(၆၀၀၀)ကျော်တို့ကို ရပ်ရွာလူထု (၇၅၀) ဦးအား ဝေငှခဲ့ပါသည်။
02/ Feb/ 2020
ပုသိမ်ကြီး၊ ဖေဖော်ဝါရီလ ၂ မြန်မာနိုင်ငံကြက်ခြေနီအသင်း မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ပုသိမ်ကြီးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သန်း ဦးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် (၁၅) ဦးတို့သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့က ပုသိမ်ကြီးမြို့နယ်တွင် အထွေထွေအပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် အတူ နိုဗာကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အသိညာပေးလက်ကမ်းစာစောင်များကို ရပ်ရွာလူထု (၇၅၀) ဦးအား ဝေငှခဲ့ပါသည်။
21/ Jan/ 2020
ရှေးဦးပြုစုပေးခြင်းဖြင့် အသက်ကယ်တင်နိုင်
=======================
၂၀၂ဝပြည့်နှစ်၊ ဇန်နဝါရီ ၉ ရက် ညနေ ၅ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ (၁၆) ဂိတ်ကားမှတ်တိုင်အနီးတွင် အမျိုးသမီးတစ်ဦး အသက်ရှုကြပ်ပြီး မူးမေ့လဲကျနေသည်ကို ကြက်ခြေနီစေတနာလုပ်အားရှင်း တစ်ဦးဖြစ်သည့် မနှင်းယုဝေတွေ့ရှိပြီး မိမိတတ်မြောက်ထားသည့် ရှေးဦးပြုစုခြင်းဘာသာရပ်မှ နည်းပညာများ ဖြစ်သည့် လူနာအားလဲလျောင်းစေကာ ဦးနှောက်အတွင်း သွေးစီးဆင်းနိုင်ရန် ခြေထောက်များကိုမြှင့်တင်ပေးခြင်း၊လေဝင်လေထွက်ကောင်းစေရန် လူအုံနေသည်ကို ရှင်းလင်းခြင်း၊ အသက်ကောင်းကောင်းရှုနိုင်ရန် ယက်ခက်ပေးခြင်းများပြုလုပ်ပေးခဲ့ရာ သတိပြန်ဝင်လာပြီးနောက် နှီးစပ်ရာ ဆေးခန်းသို့ အလျင်အမြန်ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။
မနှင်းယုဝေသည် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ဒုတိယနှစ်(သမိုင်း)ဘာသာရပ်ကိုသင်ကြားနေသည့် ကျောင်းသူတစ်ဦးဖြစ်ပြီး ၂၀၁၈-၁၉ပညာသင်နှစ်တွင် တက္ကသိုလ်တွင် ဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်း၊ ၂၀၁၉ခုနှစ်တွင် သာမန်သင်တန်းတို့ကို တတ်မြောက်ထားသူဖြစ်သည်။
ထို့အပြင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကြက်ခြေနီအသင်းခွဲ၏ လူမှုကရုဏာလုပ်ငန်းများတွင် တက်ကြွစွာဆောင်ရွက်လျက်ရှိသူတစ်ဦးလည်းဖြစ်သည်။
20/ Jan/ 2020
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် WHOအဖွဲ့အားလက်ခံတွေ့ဆုံ
======================
ရန်ကုန်၊ ဇန်နဝါရီလ ၂၀
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် WHO မှ Dr Cecilia Mary Rose
နှင့် Programme Officer Ms Carol Isobel Drayton နှင့်အဖွဲ့အား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ(၂၀) ရက်နေ့ နံနက်(၁၁)နာရီတွင် အသင်း ရန်ကုန်ရုံးခွဲတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာအမယာမော်နိုင်၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါ်ညိုညိုဝင့်၊ ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသီတာကြူနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြြပီး ကျန်းမာရေးနှင့် ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။