04/ Sep/ 2020

လူမှုဝန်ထမ်းဦးစီးဌာနက ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ငွေကြေးထောက်ပံ့မှု ပြုလုပ်ရာတွင် လာရောက်ကြသူများအား ကြက်ခြေနီက COVID-19ရောဂါကာကွယ်ရေး အသိပညာပေ

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ၄ရက်နေ့က ကျောက်တံခါးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးစန်းလွင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၈ဦးတို့သည် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များအားငွေကြေး ထောက်ပံ့မှုပြုလုပ်ရာတွင် လာရောက်ကြသော ကိုယ်ဝန်ဆောင်အမျိုးသမီးများအား COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား တိုက်တွန်းခြင်းတို့ကို လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

Read More

  04/ Sep/ 2020

ချမ်းအေးသာစံတွင် COVID-19ရောဂါကာကွယ်ရေး ကြက်ခြေနီက ပူးပေါင်းဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၄ ရက်နေ့က မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ၂၆လမ်းနှင့် ၈၆လမ်းဈေးချိုတို့တွင် ချမ်းအေးသာစံ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသိန်းနိုင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဗြဟ္မစိုရ်လူမှုရေးအသင်း၊ ပရဟိတမင်းခေါင် လူမှုရေးအသင်း၊ မန္တလာရောင်စဉ် အဖွဲ့တို့နှင့် ပူးပေါင်းကာ COVID-19ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ ပေးဝေခြင်း၊ ပိုစတာများ ကပ် ခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်း များ ပြုလုပ်ခဲ့ကြပါသည်။ ထို့အတူ မိခင်ကြီးဒေါ်ခင်အေးအေး အားရည်စူး၍ ဦးခင်ညိုမိသားစုမှ နှာခေါင်းစည်း (၁၀၀၀)ခု၊ ဈေးချို၈၆လမ်းမိသားစုမှ နှာခေါင်းစည်း (၄၀၀၀)ခု တို့ကို ပေးအပ် လှူဒါန်းကြရာ တိုင်းကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်ကျော်နှင့် မြို့နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းအောင် တို့မှလက်ခံရယူခဲ့ကြပါသည်။

Read More

  03/ Sep/ 2020

ချောင်းဆုံတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကြက်ခြေနီပူးပေါင်းဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာစျေးနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များကို လိုက်လံဆော်ဩခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်‌ဝေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ချောင်းဆုံမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌဦးတင်လှိုင်ဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်(၂၁)ဦးက ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Read More

  03/ Sep/ 2020

နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် COVID-19ရောဂါကာကွယ်ရေး ကြက်ခြေနီက ပူးပေါင်းဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က နေပြည်တော်ကြက်ခြေနီတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးမှူး(တတိယတန်း) ဦးစောသန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၃ ဦးတို့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ စည်ပင်ဧည့်ရိပ်သာ အသွားအလာ ကန့်သတ်စောင့်ကြည့်စခန်းသို့ ထပ်မံရောက်ရှိလာသူများအား နေရာချထားခြင်း၊ COVID-19ရောဂါ ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာခြင်း၊ အသိပညာပေးခြင်း၊ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုရန် အသိပညာပေးခြင်း တို့ကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

Read More

  03/ Sep/ 2020

ပေါင်မြို့နယ်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကြက်ခြေနီပူးပေါင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင် ဦးအောင်မင်းနိုင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၆)ဦးတို့သည် မွန်ပြည်နယ်၊ ပေါင်မြို့နယ် CBFQ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ထပ်မံရောက်ရှိလာသူများအား နေရာချထားခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးခြင်းအပြင် မြို့နယ်မီးရထားဘူတာရုံ အ၀င်အထွက်ဂိတ်တွင် ခရီးသွားပြည်သူများအား နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်အသုံးပြုရန် အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စားရင်းများ မှတ်သားခြင်းတို့ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  03/ Sep/ 2020

ပဲနွယ်ကုန်းတွင် မီးဘေးသင့်အိမ်ထောင်စုများအား ကြက်ခြေနီက ထောက်ပံ့ ကူညီ

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၃ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု၂စုမီးဘေးသင့်ခဲ့ရသဖြင့် စက်တင်ဘာလ ၅ရက်နေ့တွင် ကျောက်တံခါးမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးကျော်ဝင်းအောင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များမှ သွားရောက်ကာ မီးဘေးသင့်အိမ်ထောင်စုများအား မိသားစုသုံးပစ္စည်း၊ အမိုးအကာအိမ်ဆောက်ပစ္စည်း၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း ၁စုံစီအား သွားရောက်ထောက်ပံ့ပေးခဲ့ပြီး စိတ်ပိုင်းဆိုင်ရာအားပေးနှစ်သိမ့်မှုများပြုလုပ်ပေးခဲ့ကြသည်။

Read More

  02/ Sep/ 2020

ရှမ်းပြည်နယ်အရှေ့ပိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီမှ မိုင်းခတ်နှင့်မိုင်းယန်းမြို့များရှိ ကြက်ခြေနီအသင်းခွဲများသို့ ထောက်ပံ့ပစ္စည်းများ လွှဲပြောင်း

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၂ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကြက်ခြေနီကြီးကြပ်မှုကော်မတီဒုတိယဥက္ကဌ ဒေါ်စန်းစန်းမြင့်၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြတ်နှင့် အထောက်အကူပြုအရာရှိ ဒေါ်သန္တာအောင်တို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်နှင့် မိုင်းယန်းမြို့နယ်များသို့သွားရောက်ကာ သက်ဆိုင်ရာမြို့နယ်ကြက်ခြေနီအသင်းခွဲများမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံပွဲတွင် သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများက အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌ ဒေါ်စန်းစန်းမြင့်က ကြက်ခြေနီစေတနာလုပ်အားရှင်များအား COVID-19 ရောဂါကာကွယ်ရေးတွင် တက်ကြွစွာပါဝင်လှုပ်ရှားမှုအပေါ် ကျေးဇူးတင်ဂုဏ်ပြုကြောင်းပြောကြားကာ ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့သည်။ ထို့နောက် ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ပစ္စည်းများအား သက်ဆိုင်ရာမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများထံသို့ အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြပါသည်။

Read More

  02/ Sep/ 2020

ဘုရားသုံးဆူမြို့တွင် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီဆောင်ရွက်

ဘုရားသုံးဆူ၊ စက်တင်ဘာ ၂ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ အနန်းကွင်းကျေးရွာအဝင်လမ်းနှင့် လူစည်းကားရာနေရာများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများအား အခမဲ့ဖြန့်ဝေခြင်း၊ ရေမလိုလက်သန့်ဆေးရည်များ ဖြန့်ဝေခြင်းနှင့်် စနစ်တကျလက်ဆေးခြင်းအား သရုပ်ပြခြင်းတို့ကို ဘုရားသုံးဆူမြို့ကြက်ခြေနီအသင်းခွဲငယ်မှ တပ်စုမှူး ဒေါ်ဧပရယ်ဝင်းပွင့် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၈ ဦးက ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  02/ Sep/ 2020

လှိုင်းဘွဲမြို့တွင် ကလေးများအား ကာကွယ်ဆေးထိုးရာ၌ ကြက်ခြေနီက ပူးပေါင်းဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာ၂ ရက်နေ့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ ရွှေဂွန်တိုက်နယ် ကမ်းနီကျေးရွာ ကျန်းမာရေးဆေးခန်းတွင် အသက် ၂လမှ ၁နှစ်ခွဲရှိသော ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးပေးရာ လှိုင်းဘွဲ့မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်တပ်ခွဲမှုး ဦးအေး မင်းဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၆ ဦးတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More