14/ Aug/ 2020

ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ အရေးပေါ်ကွပ်ကဲမှုစင်တာ ဖွင့်ပွဲနှင့် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီ‌ေစတနာလုပ်အားရှင်များအား ဂုဏ်ပြုပွဲ ကျင်းပ

ပုသိမ်၊ ဩဂုတ် ၁၄ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီ အရေးပေါ်ကွပ်ကဲမှု စင်တာ Emergency Operation Center ဖွင့်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ဩဂုတ်လ ၁၄ ရက်‌ေန့ နံနက်ပိုင်းက ပုသိမ်မြို့တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံးဝင်းအတွင်းရှိ အဆိုပါစင်တာရုံး ရှေ့တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ အသင်း ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်နှင့် တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးမန်းကြည်ရွှင်တို့က ဖွင့်လှစ် ပေးခဲ့ကြပါသည်။ ဆက်လက်ပြီး COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီ‌‌ေစတနာလုပ်အားရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး က ပြောကြားရာတွင် လူသားအရင်းအမြစ် လုပ်ငန်းတာဝန်များကို တိုင်းဒေသကြီးအတွင်း လက်ရှိလုပ်ဆောင်နေသည့် EOC စင်တာတွေနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သို့မှသာ တိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ခြင်း၊ပြန်လည်ထူထောင်ခြင်း လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချကာကွယ်နိုင်မှာဖြစ်ကြောင်း၊ COVID-19 ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများမှာ အဖက်ဖက်က စွမ်းစွမ်းတမံ ပါဝင်ခဲ့ကြသည့် ကြက်ခြေနီ‌‌စေတနာလုပ်အားရှင်များကိုလည်း တိုင်းဒေသကြီးအစိုးရအနေနှင့် မှတ်တမ်းတင်ထားရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် အသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်အမယာမော်နိုင်က အမှာစကား ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်က တိုင်းဒေသကြီး ကြက်ခြေနီ အရေးပေါ် ကွပ်ကဲမှုစင်တာနှင့်ပတ်သက်၍ လည်းကောင်း၊တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ က COVID-19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း တင်ပြ ဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသောကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပါသည်။  

Read More

  09/ Aug/ 2020

မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ပြုလုပ်ထားသော ခြေနင်းလက်ဆေးစင်နှင့် အမှိုက်ပုံးများကို မူလွန်ကျောင်းသို့ သွားရောက်ထောက်ပံ့

မုဒုံ၊ ဩဂုတ်လ ၉ မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ပြုလုပ်ထားသော ခြေနင်းလက်ဆေးစင်နှင့် ခြေနင်းအမှိုက်ပုံးများကို ကော့ခလွယ်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ အသုံးပြုနိုင်ရန် မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူးဦးဆောင်သော ကြက်ခြေနီစေတနာ လုပ်အားရှင်များက ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၉ရက်နေ့က သွားရောက်ထောက်ပံ့ခဲ့ပါသည်။

Read More

  02/ Aug/ 2020

ကျိုင်းတုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တရားလွှတ်တော်ရှေ့နေများအား ကိုယ်အပူချိန်တိုင်း

၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂ ရက်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးရန်နိုင်နှင့် ဦးကောင်းခန့်တို့သည် ကျိုင်းတုံခရိုင်ဥပဒေရုံးရှိ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၂)၌ ပြုလုပ်သည့် တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲအတွက် ဆန္ဒမဲလာရောက်ပေးကြသည့် တရားလွှတ်တော်ရှေ့နေများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းပေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  29/ Jul/ 2020

မိုင်းရှူးတွင် အခြေခံလူတန်းစားများအားစားနပ်ရိက္ခာထောက်ပံ့ပေးအပ်မှုတွင် ကြက်ခြေနီပူးပေါင်းဆောင်ရွက်

မိုင်းရှူး၊ ဇူလိုင် ၂၉ ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့နယ်အတွင်းရှိ နားနမ့်ရွာ၊ ပါကော်ရွာ၊ ဝမ်လီရွာများနှင့် မိုင်းစံမြို့ရှိ ရပ်ကွက်များမှ အခြေခံလူတန်းစား အိမ်ထောင်စု(၂၃)စုအား နိုင်ငံတော်က စားနပ်ရိက္ခာထောက်ပံ့မှုများအား ရပ်ကွက်အသီးသီးရှိအုပ်ချုပ်ရေးမှူးရုံးများတွင် ထောက်ပံ့ပေးအပ်ရာ မိုင်းရှူးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီတပ်ဖွဲ့မှူးဦးစိုင်းစိုးထွန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၃ ဦးက ထောက်ပံ့ပေးအပ်ခြင်းများနှင့် နှာခေါင်းစည်းများ ဖြန့်ဝေရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

Read More

  20/ Jul/ 2020

တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ COVID-19 ကာကွယ်ရေးတွင် ပါဝင်ဆောင်ရွက်

တာချီလိတ်၊ ဇူလိုင်၂၀ ရက်


၂၀၂၀ပြည့်နှစ် ဇူလိုင်လ၂၀ရက်နေ့က ထိုင်းနိုင်ငံ၊ အမှတ်((၂)ချစ်ကြည်ရေးတံတားမှ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာကြသော နေရပ်ပြန်ပြည်သူ ၅၈ဦးအား တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးမြင့်သိန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်၄ဦးတို့သည် COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီခြင်းတို့ကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။

Read More

  18/ Jul/ 2020

မြစ်သားတွင် COVID-19ရောဂါကာကွယ်ရေးဆောင်ရွက်နေကြသော ကြက်ခြေနီများအား ဂုဏ်ပြု

မြစ်သား၊ ဇူလိုင် ၁၈


မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် COVID-19ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသော မြစ်သားမြို့နယ် ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုပွဲကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ နံက်၁၀နာရီအချိန်က လုပ်အားကြေးမုံခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့မှတာဝန်ရှိသူများ၊ ကျောက်ဆည်ခရိုင် ဒုတိယခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဒေါ်နွဲ့နွဲ့ထွေးနှင့်တပ်ဖွဲ့ဝင်များ၊ မြစ်သားမြို့နယ်ကြက်ခြေနီအသင်းခွဲကြီးကြပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ အမှာစကားပြောကြားပြီး COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျှက်ရှိကြသော မြစ်သားမြို့နယ် ကြက်ခြေနီစေတနာလုပ်အားရှင် များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Read More

  17/ Jul/ 2020

မြဝတီတွင် COVID-19 ကာကွယ်တားဆီးရေးလုပ်ငန်းများ ၌ ကြက်ခြေနီကဆက်လက်ပူးပေါင်းဆောင်ရွက်

မြဝတီ၊ ဇူလိုင် ၁၇ မြဝတီခရိုင်/မြို့နယ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို မြဝတီမြို့ ရွှေမြင်းဝန်စေတီတော် သာ့သနာ့ဗိမာန်တော်၌ ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၁၇ရက်နေ့က ဆက်လက်ပြုလုပ်လျက်ရှိရာ ဆရာတော်ကြီးများ၊ စာဖြေသံဃာတော်များ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘာသာရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ရာ ကရင်ပြည်နယ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဦးအောင်နိုင်ဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၅ဦးက ကိုယ်အပူချိန်တိုင်းပေးခြင်း၊ နှာခေါင်းစည်းများလှူဒါန်းခြင်း၊ စနစ်တကျတပ်ဆင်ပေးခြင်း၊ ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ယင်းနေ့တွင်ပင် ကရင်ပြည်နယ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီတပ်စုမှူးဦးမင်းမင်းစိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၆ ဦးသည် COVID-19 ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများအဖြစ်မြဝတီအမှတ်(၂)ချစ်ကြည်ရေးတံတား Cargo Gateတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာသည့် ကုန်တင်ကားများနှင့် ယာဉ်ပေါ်ပါလာသူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ စာရင်းသွင်းခြင်း၊ သတင်းပေးပို့ခြင်း၊ Health Checked လက်မှတ်ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။

Read More

  17/ Jul/ 2020

ဟားခါးမြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ကြက်ခြေနီမှအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ လှူဒါန်း

ဟားခါး၊ ဇူလှိုင် ၁၇ ဟားခါးမြို့နယ်ကြက်ခြေနီတပ်စုမှူးဒေါ်သဇင်သိန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ GTI ကျောင်းဝင်းအတွင်းဖွင့်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် လက်သန့်စင်ဆေးရည်များ၊ မျက်နှာသုတ်ပဝါများ၊ ရေသန့်ဘူးများ၊ သွားတိုက်တံများ၊ ဆပ်ပြာခဲများ စသည့်အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့ပြီး COVID-19ရောဂါကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများအား ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၁၇ရက်နေ့က ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Read More

  16/ Jul/ 2020

ကြက်ခြေနီမှ ပါဠိပထမပြန်စာမေးပွဲဖြေဆိုမည့် သံဃာတော်များအား COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးဆောင်ရွက်

ကျောက်တံခါး၊ ဇူလိုင် ၁၆ ကျောက်တံခါးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၄ဦးတို့သည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲဖြေဆိုမည့် သံဃာတော်များအား COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း၊ အပူချိန်တိုင်းပေးခြင်းနှင့် ရှေးဦးပြုစုခြင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၁၅ရက်နေ့မှ ၂၂ရက်နေ့အထိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More