29/ Mar/ 2021

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

၂၀၂၁ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ် (၅၅) ရပ်ကွက်တွင် ထိခိုက်ဒဏ်ရာရရှိသူ (၃)ဦးအား မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက အရေးပေါ် ရှေးဦးပြုစုပေးခဲ့ပြီး ဆေးရုံသို့ ပို့‌ဆောင်ပေးခဲ့ပါသည်။
အဆိုပါ‌ မတ်လ(၂၉)ရက်‌နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင် ဦးရန်အောင်မျိုးနှင့် အရှေ့ပိုင်းခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးခင်သန်းတို့က အသင်းမှ ပံ့ပိုးသည့် ရှေးဦးပြုစုပေးရာတွင် လိုအပ်မည့် ဆေးပစ္စည်းများကို ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် သဃင်္န်းကျွန်းမြို့နယ်တို့မှ ကြက်‌ခြေနီစေတနာလုပ်အားရှင် တပ်ဖွဲ့ဝင်များအား အရေးပေါ်အခြေအနေများတွင် ထိခိုက်ဒဏ်ရာရသူများအား အချိန်နှင့် တပြေးညီ ကူညီစောင့်ရှောက်ပေးနိုင်ရန် ထောက်ပံ့ပေးခဲ့ကြသည်။

Read More

  26/ Mar/ 2021

နှလုံးရောဂါ ဝေဒနာရှင်တစ်ဦးကို ကြက်ခြေနီက လူနာတင်ယာဉ်ဖြင့် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေး

လှိုင်သာယာမြို့နယ်မှ အရေးပေါ်နှလုံးရောဂါ ဝေဒနာရှင်တစ်ဦးကို လှိုင်သာယာမြို့နယ် ကြက်ခြေနီအသင်းခွဲက အသင်းပိုင်လူနာတင်ယာဉ်ဖြင့် မတ်လ (၂၆) ရက်နေ့ နံနက်ပိုင်းက လှိုင်သာယာမြို့နယ် ကုတင် (၅၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြသည်။

Read More

  26/ Mar/ 2021

မွန်ပြည်နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက လိုအပ်သည့်နေရာများအလိုက် ရှေးဦးပြုစုခြင်းများနှင့် ဆေးရုံဆေးခန်းပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးလျှက်ရှိ

မွန်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက ထိခိုက်အနာတရဖြစ်သူများ၊ အရေးပေါ်ကုသမှုခံယူရန်လိုအပ်သူများအတွက် ရွေ့လျားရှေးဦးပြုစုခြင်းစခန်းငယ်များဖွင့်လှစ်ကာ အရေးပေါ်ရှေးဦးပြုခြင်းများ၊ ဆေးရုံဆေးခန်းသို့ ပေးဆောင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထူးခြားဖြစ်စဉ်အနေနှင့် မတ်လ၂၁ရက်နေ့က ကျိုက်ခမီမြို့ ပင်လယ်ကမ်းခြေအနီးတွင် သွေးအန်၍အသက်ရှုခက်ခဲနေသည့် လူနာတစ်ဦးအား အရေးပေါ်ရှေးဦးပြုစုပေးခဲ့ကြပြီး မော်လမြိုင်မြို့နယ်ရှိ အမှတ်(၅) ကုတင်၃၀၀ဆေးရုံသို့ ညွှန်းပို့ပေးခဲ့ကြောင်းသိရသည်။
မတ်လ၂၄ရက်နေ့ကလည်း သံဖြူဇရပ်ဆေးရုံမှ အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်သည့် လူနာတစ်ဦးအား မော်လမြိုင်မြို့နယ်ရှိ အမှတ်(၅) ကုတင်၃၀၀ဆေးရုံသို့ ညွှန်းပို့ပေးခဲ့ကြသည်။

Read More

  26/ Mar/ 2021

ရှေးဦးပြုစုခြင်းဖြင့် အသက်ကယ်တင်နိုင်ခဲ့

ဆို့နင့်ကာ နှလုံးခုန်နှုန်းမမှန်တော့သည့် အသက် (၉) နှစ်အရွယ် ကလေးငယ်အား ကြက်ခြေနီက ရှေးဦးပြုစုခြင်းနည်းစနစ်ဖြင့် အသက်ကယ်နိုင်ခဲ့ကြောင်း သိရပါသည်။ ဖြစ်စဉ်မှာ ယ‌နေ့ မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်က မြစ်ကြီးနားမြို့ရှိ (၉) နှစ် အရွယ် ကလေးငယ်တစ်ဦးသည် ဆို့နင့်ကာ အသက်ရှူရပ်၍ နှလုံးခုန် မမှန်ခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်ပွားခဲ့သဖြင့် ကချင်ပြည်နယ်၊ ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ဦးအောင်ကျော်လင်းနှင့် တပ်ဖွဲ့မှူး ဦးတန်ရှန်တို့က ကလေးငယ်အား နှလုံးနှိုးဆွခြင်း (CPR) ကို မိနစ်ပိုင်းအကြာပြုလုပ်ခဲ့ရာ က‌လေးငယ်မှာ သတိပြန်လည်လာပြီး စိတ်ချရသည့်အနေအထားထိ ရှေးဦးပြုစုပေးခဲ့ကြပြီးမြစ်ကြီးနားမြို့ မလိဇွပ်ဆေးရုံသို့ ကြက်ခြေနီသူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပါသည်။ နိုင်ငံတစ်ဝှမ်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရှေးဦးပြုစုခြင်း နည်းပညာဖြင့် ပြည်သူများ၏အသက်နှင့် ကျန်းမာရေးကို အခြေခံမူများနှင့်အညီ ကူညီစောင့်ရှောက်ပေးလျက်ရှိနေပါသည်။

Read More

  20/ Mar/ 2021

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

ကြက်ခြေနီ စေတနာလုပ်အားရှင်များဟာ လူသားချင်းစာနာထောက်ထားသောစိတ်ဓါတ်အရင်းခံကာ အကူအညီလိုအပ်သူ မည်သူကိုမဆို တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ပြီး လူမှုကရုဏာ အကူအညီများ ဆောင်ရွက်ပေးနေတဲ့အတွက် ကျေးဇူးတင်ဂုဏ်ယူပါတယ်။

Read More

  19/ Mar/ 2021

ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းမှ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုများအား ကြက်ခြေနီမှ အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင် စခန်းမှ ကျေးရွာ ရပ်ကွက်သစ်သို့ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု (၂၇) စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများဖြစ်သော တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ ရေပုံး၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်းနှင့် တာပေါ်လင်များကို ၂၀၂၁ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့ ညနေပိုင်းက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
၎င်းထောက်ပံ့ပစ္စည်းများကို ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌ ဦးမောင်ချင်း ဦးဆောင်ပြီး ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးချစ်ဖေ နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် (၁၂) ဦးတို့က သွားရောက် ပေးအပ်ခဲ့ကြသည်။

Read More

  19/ Mar/ 2021

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

"ကျွန်တော်တို့ မြစ်ကြီးနားမြို့နယ်အနေနဲ့ ထိခိုက်ဒဏ်ရာရသူများကို ကူညီဖို့ နေ့စဉ် နေ့ရောညပါ စေတနာလုပ်အားရှင် (၁၀) ယောက်ကနေ (၂၅) ယောက်အထိ အဆင်သင့် စောင့်ကြပ်ပြင်ဆင်ထားရှိပါတယ်။ ရှေးဦးပြုစုခြင်းစခန်းကိုတော့ ကျွန်တော်တို့ ပြည်နယ်ရုံးမှာပဲထားရှိပါတယ်။ ရုံးနေရာက မြို့အလယ်တည့်တည့်မှာ ရှိတာဆိုတော့ ပြည်နယ် ကြက်ခြေနီရုံးမှာပဲ အထိုင်ထားပြီး ပြည်နယ်နဲ့ ခရိုင် ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ကြပါတယ်။
အခြေအနေပေါ်မှာ မူတည်ပြီး အခြားလိုအပ်တဲ့နေရာတွေမှာ ကျွန်တော်တို့ လူနာတင်ယာဉ်နှစ်စီး အသုံးပြုပြီး Mobile First Aid posts အနေနဲ့ ယာယီစခန်းလေးတွေဖွင့်လှစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ကူညီဆောင်ရွက်ပေးလျှက်ရှိပါတယ်။ ကျွန်တော်တို့ လက်ရှိဖြစ်စဉ်တွေမှာ ပွန်းပဲ့ရှနာ၊ မျက်ရည်ယိုဗုံးထိမှန်တာ၊ အရိုးကျိုးတဲ့ဖြစ်စဉ်တွေ နဲ့ ကျည်အမျိုးမျိုးထိမှန်တဲ့ ဖြစ်စဉ်တွေအတွက် ရှေးဦးပြုပေးပြီး လိုအပ်ရင် ကျွန်တော်တို့ဆီကို ချိတ်ဆက်ထားတဲ့ အခမဲ့ ကုသပေးတဲ့ဆရာဝန်တွေဆီကို ပို့ဆောင်ကုသပေးတာ။ ပြင်းထန်လူနာများကို ဆေးရုံးဆေးခန်းများကို လွှဲအပ်ပို့ဆောင်ပေးတာမျိုးတွေ ဆောင်ရွက်လျှက်ရှိပါတယ်။ ဖေဖော်ဝါရီလ ကနေ ယနေ့အချိန်ထိ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေမှာ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း (၄၀) လောက်ကို ကျွန်တော်တို့ ကြက်ခြေနီအနေနဲ့ အခြေခံမူများနှင့်အညီ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။"

Read More

  17/ Mar/ 2021

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

"တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲ အနေနဲ့ ရှေးဦးပြုစုခြင်းစခန်း (၄) ခု ဖွင့်ပြီး ကြက်ခြေနီ တပ်ဖွဲ့ဝင်နဲ့ ကြက်ခြေနီ အသင်းဝင် ဆရာဝန်တွေအပါအဝင် ကျွန်တော်တို့ စုစုပေါင်း (၂၆) ဦးနဲ့ နေ့စဉ် ကူညီပေးနေပါတယ်။ လက်တလောမှာတော့ ပေါက်ပြဲရှနာတွေ၊ ကျည်/ မီးခိုးဗုံးအစ ထိမှန်တာတွေ၊ ပြေးရင်း လွှားရင် ထိခိုက်မိတာတွေကို ရှေးဦးပြုစုပေးပါတယ်။ လိုအပ်ပါက ဆရာဝန်အဖွဲ့က တိုင်ပင်ပြီး ချုပ်ပေးတာမျိုးတွေရှိတယ်။ ကြီးမားတဲ့ ဒဏ်ရာတွေဆိုရင် ကြက်ခြေနီ လူနာတင်ယာဉ်နဲ့ ဆေးရုံး၊ဆေးခန်းကို ပို့ဆောင်ပေးတာတွေကို ကူညီဆောင်ရွက်လျှက်ရှိပါတယ်" ဟု တာမွေကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးအောင်မျိုးဦးက ပြောပါသည်။

Read More

  17/ Mar/ 2021

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

"ကျွန်မတို့ မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်းခွဲအနေနဲ့ စေတနာလုပ်အားရှင် (၄၅) ဦးက မိုးကုတ်မြို့ပေါ်မှာ ရှေးဦးပြုစုခြင်းစခန်း (၂) ခု၊ မိုးကုတ်အနောက်ပိုင်း ကြပ်ပြင်မှာ (၁) ခု စုစုပေါင်း ရှေးဦးပြုစုခြင်းစခန်း (၃) ခုဖွင့်ပြီး ထိခိုက် ဒဏ်ရာရသူ‌တွေကို ရှေးဦးပြုစုပေးခဲ့ပါတယ်။ ဒါ့အပြင် ကျွန်မတို့ ကြက်ခြေနီတပ်ဖွဲ့ ကားတစ်စီးနဲ့ လိုအပ်တဲ့နေရာတွေကို ရွေ့လျားရှေးဦးပြုစုခြင်းပေးခြင်းကိုလည်း လိုက်လံဆောင်ရွက်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ရီလကနေ ယနေ့အချိန်အထိ ကျွန်မတို့အနေနဲ့ ထိခိုက်ဒဏ်ရာရသူ (၄၀) ကျော်ကို ကူညီပေးခဲ့ပါတယ်။ ဒီအထဲမှာ ပွန်းပဲ့ထိခိုက်ဒဏ်ရာရတဲ့သူ၊ သတိလစ် မူးမေ့လဲသွားတဲ့သူ၊ ဆိုင်ကယ် accidents ကြောင့် ဒဏ်ရာရတဲ့သူ၊ ရာဘာကျည် ထိမှန်ဒဏ်ရာရတဲ့သူ စတဲ့ထိခိုက်ဒဏ်ရာရသူတွေကို ကျွန်မတို့ကြက်‌ခြေနီအဖွဲ့က ရှေးဦးပြုစုပေးပြီး လိုအပ်ရင် အိမ်အရောက် ကြက်ခြေနီကားနဲ့ လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ အချို့ ဆိုင်ကယ်မှောက်လို့ ချုပ်ရတဲ့ ဒဏ်ရာလိုမျိုး ဆရာဝန်လိုအပ်တဲ့အခါမှာဆို လက်ရှိဖွင့်ထားတဲ့ Fever clinic ကို ညွှန်းပို့ပေးတာရှိသလို မြို့နယ်အသင်းခွဲ ဥက္ကဌ Dr.အောင်မြင့် ကိုယ်တိုင်ကလည်း ဆရာဝန်ဖြစ်တဲ့အတွက် အချိန်မရွေး သူ့ဆေးခန်းဆီသွားပြီး ဆေးထည့်ပေးတာတွေလည်းရှိပါတယ်။
မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်းခွဲအနေနဲ့ လက်ရှိထိခိုက် ဒဏ်ရာရသူ‌တွေ ကို ရှေးဦးပြုစု‌ပေးခြင်းအပြင် အခြား ကူညီရန်လိုအပ်တဲ့ မူးယစ်ဆေးဖြတ်တဲ့ မက်သဒုံးစင်တာလိုမျိုး၊ Covid -19 ကာကွယ်ရေးနဲ့ Fever clinic တို့မှာ‌ေရာဂါကုသ‌နေတာ‌တွေ ရှိတဲ့အတွက် ပါဝင်ကူညီပေးရတာတွေလည်း ရှိပါတယ်။ ကြက်ခြေနီအနေနဲ့ ပြည်သူတွေအတွက် လိုအပ်ချက်ကို အခြေခံမူများနဲ့အညီ ကူညီလုပ်ဆောင်ပေးနေပါတယ်။"

Read More