17/ Sep/ 2020

ပဲခူးတိုင်းတွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေး ဆက်လက်ဆောင်ရွက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၇ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးလှဦး နှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များက ပဲခူးတိုင်းဒေသကြီး မြို့အဝင်ဂိတ်တွင် COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ ခရီးသွားမှတ်တမ်းများရယူခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့်လက်သန့်စင်စေခြင်းတို့ကို ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် ပေါင်းတည်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကြည်ထွန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပေါင်းတည်မြို့နယ်အတွင်း မြို့ဝင်ဂိတ်များတွင် ဖြတ်သန်းသွားလာသူများအား ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်းတို့ကို ဌာနဆိုင်ရာများ၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  17/ Sep/ 2020

အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ခံရပြီး ပြန်လည်လွတ်မြောက်လာသည့် နေရပ်ပြန်ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကူညီထောက်ပံ့

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ခံရပြီး ပြန်လည်လွတ်မြောက်လာသည့် ကျား (၉၅)၊ မ (၂၇)နှင့် ရွှေမြဝတီအသွားလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှတဆင့် ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူ ကျား (၂)၊ မ (၁)ဦးတို့သည် ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကျောက်လုံးကြီးအသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ရောက်ရှိလာရာ မြဝတီမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူးဦးအောင်သွင်ဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၆) ဦးတို့က ခရီးစရိတ်၊ စားစရိတ်၊ အဝတ်အထည်၊ အမျိုးသမီး တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ခြင်းတို့ကို တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  17/ Sep/ 2020

ကျိုက်လတ်မှာ COVID-19 ကာကွယ်ရေး ကြက်‌ခြေနီက အသိပေးလှုံဆော်

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့က ရပ်ကွက်‌ေတွမှာ COVID-19 ရောဂါကာကွယ်ရေးလှုံ့ဆော်ခြင်း၊ စနစ်တကျလက်ဆေးခြင်းနဲ့ပတ်သက်ပြီး ကျန်းမာရေးဗဟုသုတများ‌ေပးခြင်းတို့ကို မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၇ ဦးတို့က ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က ဆောင်ရွက်ခဲ့ပါသည်။

Read More

  17/ Sep/ 2020

မူဆယ်တွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေး ဆက်လက်ဆောင်ရွက်

မူဆယ်မြို့နယ်(မိုင်းယု ၁၀၅မိုင်)ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း မူဆယ်မြို့ ၁၀၅မိုင်ရွာအနီးမှာရှိတဲ့ တိုးဂိတ်၊ ကုန်သွယ်ရေးဇုန်များနဲ့ ကျေးရွာများမှာလည်း COVID-19 အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်း၊ လက်သန့်စင်ဆေးရည်များအသုံးပြုစေခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်းနှင့် ပိုစတာကပ်ခြင်းတို့ကို စက်တင်ဘာလအတွင်းမှာ ဆက်လက်ဆောင်ရွက်လျှက်ရှိပါသည်။

Read More

  16/ Sep/ 2020

မြိတ်တွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေးဆောင်ရွက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၆ရက်နေ့က မြိတ်မြို့နယ်ကြက်ခြေနီဒုတိယတပ်ဖွဲ့မှူး ဒေါ်သင်းသင်းအေးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ တောနောက်လယ်အမှတ်၁တံတား၊ ရေနံမြေတောလှေဆိပ်တို့တွင်လည်းကောင်း ၁၆. ၉. ၂၀၂၀ရင်နေ့တွင် ကန်ဘောင်ရိုးရပ်ကွက်၊ ကြောင်ငယ်ရပ်ကွက်များတွင် ကိုဗစ်၁၉ ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား နှိုးဆော်ခြင်း၊ ပိုစတာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Read More

  16/ Sep/ 2020

မိုးညှင်းတွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေး ဆောင်ရွက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ၁၆ရက်နေ့က မိုးညှင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်ပူးပေါင်းကာ လိုအပ်သည်များအားကူညီဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြသည်။

Read More

  16/ Sep/ 2020

တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ COVID-19 ကာကွယ်ရေးတွင် ပါဝင်ဆောင်ရွက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၆ရက်နေ့က ထိုင်းနိုင်ငံ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိလာကြသော နေရပ်ပြန်ပြည်သူ ၁၂၀ဦးအား တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးနှစ်သိမ့်ခြင်းတို့ကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  15/ Sep/ 2020

မြို့သာပေါင်းမှာ ရောဂါကာကွယ်ဖို့ ကြက်ခြေနီကအသိပညာပေး

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကိုနိုင်၊ အမှုဆောင်အဖွဲ့ဝင် ဦးကျော်တိုးနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် (၅) ဦးတို့ဟာ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်က COVID-19 ရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေက ထုတ်ပြန်တဲ့ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို မြို့ပေါ်နဲ့ ကျေးရွာ‌တွေမှာ အသိပညာပေးနှိုး‌ဆော်ခဲ့ပါသည်။

Read More

  15/ Sep/ 2020

ထန်တလန်တွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထန်တလန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယတပ်ဖွဲ့မှူး ဦးဗျက်ကျင်ဆန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် COVID-19 ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေးဟောပြောခဲ့ကြသည်။

Read More