21/ Sep/ 2020

🌺🌺 သင်သိပါသလား🌺🌺

ကိုဗစ်၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်းမှာ ကျွန်ုပ်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင်တွေက အသက်အရွယ်ကြီးရင့်သူတွေ၊ ကလေးငယ်လေးတွေနဲ့ မိဘပြည်သူတွေကို ရောဂါကူးစက်မှုမှကာကွယ်ပေးဖို့အတွက် အစွမ်းကုန် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၂၁ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့ နှင့်မိုးညိုမြို့များမှ ကြက်ခြေနီစေတနာလုပ်အားရှင်တွေက မြန်မာ့စီးပွားရေးဘဏ်ခွဲများမှာ ပင်စင်လစာငွေလာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များကို ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အတွက် 📣📣 တစ်ဦးနှင့်တစ်ဦး အကွာအဝေးသတ်မှတ်၍ နေရာထိုင်ခင်းစီစဉ်ပေးခြင်း 📣📣 နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်း 📣📣 လက်သန့်စင်ဆေးရည်များအသုံးပြုစေခြင်း 📣📣 သက်ကြီးရွယ်အိုများကို ကူညီဖေးမပေးခြင်း တို့ကိုလည်း ဆောင်ရွက်ပေးခဲ့ကြပါသည်။ 🎀🎀 မွန်မြတ်သောစိတ်ထားနဲ့ လူမှုကရုဏာလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေကြသော ကျွန်ုပ်တို့ရဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို လက်ခုပ်တီးပြီး အားပေးလိုက်ကြရအောင်နော် ။ 🎀🎀 👏👏👏👏👏👏👏👏👏👏👏👏 #လက်ခုပ်တီးလို့ဆက်လက်အားပေးကြပါစို့ #KeepClapping #RedCrossVolunteer  

Read More

  21/ Sep/ 2020

ဘားအံတွင် Covid-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ ဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က ဘားအံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူးဦးဇေယျာမိုးမြင့် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဦးတို့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မြိုင်ကလေးလမ်းဆုံနှင့် ဝါဘိုးတောလမ်းဆုံတို့တွင် လမ်းသွားလမ်းလာပြန်သူများအား COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနိုးဆော်ခြင်း၊ အလှူရှင်များမှလှူဒါန်းသောနှာခေါင်းစည်းများအား ပြန်လည်ဖြန့်ဝေပေးခြင်း၊ ရေမလိုလက်သန့်ဆေးရည်များပေးဝေခြင်းနှင့် စနစ်တကျလက်ဆေးခြင်းတို့အား သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  21/ Sep/ 2020

COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ အဆက်မပြတ် ပူးပေါင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က COVID-19 ရောဂါကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့စီးပွားရေးဇုံကားကွင်းသို့ ရောက်ရှိလာသော နေရပ်ပြန်ပြည်သူ ကျား ၃၀၊ မ ၃၀ ဦးတို့အား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စာရင်းများသွင်းခြင်းနှင့် သက်ဆိုင်ရာဒေသများသို့ ပြန်လည်ထွက်ခွာလိုသူများအား စီးနင်းရမည့်ကားများ ညွှန်းပို့ပေးခြင်းတို့ကို ဒုတိယပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်မျိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၄ ဦးတို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Read More

  20/ Sep/ 2020

အလှူရှင်များကလှူဒါန်းထားသည့်အခြေခံစားသောက်ကုန်များအား စစ်တွေမြို့ရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များထံ ထပ်မံထောက်ပံ့

စစ်တွေမြို့နယ်ကြက်ခြေနီအသင်းခွဲသို့ စေတနာရှင်များကလာရောက်လှူဒါန်းထားသည့် အခြေခံစားသောက်ကုန်များအား COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်နေကြသည့် စစ်တွေမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃၈ဦးတို့အား ပြန်လည်ထောက်ပံ့ခြင်းကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၀ရက်နေ့က တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

Read More

  20/ Sep/ 2020

ခရမ်းတွင် ကြက်ခြေနီက အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ကိုဗစ်၁၉ရောဂါကာကွယ်ရေး ဆောင်ရွက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၂၀ရက်နေ့က ခရမ်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ခရမ်းမြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် အစားအသောက်ပြင်ဆင်ပေးခြင်း၊ ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းတို့ကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  18/ Sep/ 2020

သင်သိပြီးပြီလား

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များက CBFQ စင်တာတွေနဲ့ ကိုဗစ်ရောဂါကူးစက်လူနာတွေထားရှိတဲ့ ဆေးရုံတွေမှာ ကျန်းမာရေးဆိုင်ရာ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီပေးလျက်ရှိနေပါတယ်။ 🥰🥰🥰 ဒီနေရာတွေမှာ - 🌺 စိတ်သက်သာစွာ ရောဂါကုသမှုခံယူနိုင်ဖို့ နေရာထိုင်ခင်းနဲ့ အသုံးအဆောင်ပစ္စည်းများ ကြိုတင်ပြင်ဆင်ပေးခြင်း၊ 🌺 စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်မှုတွေပြုလုပ်ပေးခြင်း၊ 🌺 သင့်ကျန်းမာရေးအတွက်လိုအပ်တဲ့ လေ့ကျင့်ခန်းတွေကူညီဆောင်ရွက်ပေးခြင်း၊ 🌺 ရောဂါပျောက်ကင်းပြီး သာယာပျော်ရွှင်တဲ့နေ့စဉ်လူနေမှုဘဝကို ပြန်လည်ရရှိအောင် ကူညီစောင့်ရှောက်ပေးခြင်း တို့ကို ပြုလုပ်ပေးလျက်ရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် သူရဲကောင်းတွေကို လက်ခုပ်တီးပြီး ဆက်လက်အားပေးဂုဏ်ပြုလိုက်ရအောင်နော်။

Read More

  18/ Sep/ 2020

ထားဝယ်၌ COVID-19 ကာကွယ်ရာတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့များနှင့်အတူ ကြက်ခြေနီ ပါဝင်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကိုကိုနိုင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၂ ဦးတို့သည် ထားဝယ်မြို့တဂူသိမ်စျေး၊ စည်ပင်သာယာစျေးနှင့် ကမ်းနားစျေးတို့တွင် COVID-19ရောဂါကာကွယ်ရေးအတွက် စျေးသူ/စျေးသားများကို နှာခေါင်းစည်းတပ်စေခြင်း၊ စျေးအတွင်း ဝင်ရောက်သူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း တပ်ဆင် လက်ဆေးပြီးမှစျေးအတွင်း ဝင်ရောက်စေခြင်းနှင့် ဗမာ/ထားဝယ်စကား ၂ မျိုးဖြင့် အသံသွင်းထားသော အသိပညာပေးအချက်အလက်များကို အသံချဲ့စက်ဖြင့်နှိုးဆော်ခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စည်ပင်ကော်မတီ၊ Clean Dawei ၊ စေတနာ့ဝန်ထမ်းများ၊ ထားဝယ်ဒေသ COVID-19ထိန်းချုပ်ကာကွယ်ရေး လူထုအခြေပြုအထောက်အကူပြုအဖွဲ့ တို့ နှင့်ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့က ဆောင်ရွက်ခဲ့ကြသည်။

Read More

  17/ Sep/ 2020

ပေါက်တောမြို့နယ်မီးသတ်ဦးစီးဌာနသို့ ကြက်ခြေနီက COVID-19ရောဂါကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများ လှူဒါန်း

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၇ရက်နေ့က ပေါက်တောမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်ဝင်းစိုးနှင့်ကြက်ခြေနီစေတနာလုပ်အားရှင် ၄ဦးတို့က ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မီးသတ်ဦးစီးဌာနသို့ COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ၊ လက်သန့်စင်ဆေးရည်များ၊ မျက်နှာအကာများ၊ လက်အိတ်များအား သွားရောက်လှူဒါန်းခဲ့ကြသည်။  

Read More

  17/ Sep/ 2020

လှိုင်းဘွဲ့တွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က ပြည်ပမှပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူများသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ရောက်ရှိလာရာ လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးဝင်းဇော် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၄ ဦးက COVID-19 ရောဂါကာကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စာရင်းများသွင်းခြင်းနှင့် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများနှင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Read More