29/ Sep/ 2020

သာပေါင်းမြို့တွင် ကိုဗစ်ကာကွယ်ရေး ဆက်လက်ဆောင်ရွက်

နိုဝင်ဘာလ ၂၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ရှမ္မမြောင်ကျေးရွာအုပ်စု၊ ရှမ္မမြောင်ကျေးရွာမှာ COVID-19 ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရေးကို အသိပညာပေးပြီး နှာခေါင်းစည်းများ ပေးဝေခဲ့ကြတယ်လို့သိရပါတယ်။ အဆိုပါ လှုပ်ရှားမှုမှာ ကျန်းမာရေးဝန်ထမ်းများ၊ဌာနဆိုင်ရာများ၊ ကျေးရွာတာဝန်ရှိသူများနဲ့အတူ သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃) ဦးတို့ကပါဝင်ကူညီခဲ့ကြတယ်။

Read More

  28/ Sep/ 2020

နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါကာကွယ်ရေး အင်အားဖြည့်ကူညီမည်

နေပြည်တော်၊ စက်တင်ဘာ ၂၈ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အင်အားဖြည့် ကူညီရန် နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၅) ဦး ပါဝင်သောအဖွဲ့ကို ၂၀၂၀ပြည့်နှစ် ၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ စီမံမှုဖြင့် စေလွှတ်ခဲ့ပါသည်။ အဆိုပါ ကြက်ခြေနီစေတနာလုပ်အားရှင် များအား စုရပ်ဖြစ်သော နေပြည်တော်တိုးဂိတ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ စီမံရေးရာဌာန ဌာနမှူး ဦးမြင့်ထွန်းဟန်၊ ဗဟိုဦးစီးမှူး ဦးစိုးနိုင်၊ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချို၊ ဒုတိယဥက္ကဋ္ဌဒေါ်ဖြူဖြူမြင့်၊ ကော်မတီ၀င် ဦးမောင်မောင်ထွန်း၀င်း၊ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ဥတ္တရခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ယမင်းအေး၊ ဥတ္တရခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့အုပ်ချုပ်ရေးအဖွဲ့ ဦးနိုင်၀င်းစိုး၊ ဒက္ခိဏခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့အုပ်ချုပ်ရေးအဖွဲ့ ဦးစီးမှူး(ဒုတိယတန်း)ဦးညီငယ်တို့က အားပေးနှုတ်ဆက်ခဲ့ကြပါသည်။ အဆိုပါအဖွဲ့တွင် နေပြည်တော်အတွင်းရှိ မြို့နယ် (၅) ခုမှ ကြက်ခြေနီစေတနာလုပ်အားရှင်အမျိုးသား (၂၅) ဦး၊ အမျိုးသမီး (၁၀) ဦး၊ စုစုပေါင်း (၃၅) ဦး ပါဝင်ကြကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အစီအစဥ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ အသွားအလာကန့်သတ် စောင့်ကြည့်စခန်းတွင် တာဝန်ထမ်းဆောင်မည်ဖြစ်ပါသည်။  

Read More

  28/ Sep/ 2020

လှိုင်မြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုစခန်းတွင် တာဝန်ထမ်းဆောင်ရန် နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ရောက်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၈ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုစခန်းတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃၅ ဦးတို့အား မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာလင်းလင်းသက်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးကျော်မိုးကြည်၊ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်မင်းမင်းကိုတို့ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး လိုအပ်သည်များဖြည့်ဆည်းမှာကြားခဲ့ပါသည်။ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးမိုးကျော် ဦးဆောင်သည့်နေပြည်တော်ရှိ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃၅ ဦးတို့သည် လှိုင်မြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရေးစခန်းတွင် ရက်သတ္တပတ် ၂ ပတ်ကြာ ကူညီဆောင်ရွက်ပေးကြမည်ဖြစ်ပါသည်။

Read More

  28/ Sep/ 2020

ထားဝယ်တွင်‌ COVID-19 ရောဂါကာကွယ်ရေးနှင့် မိုင်းအန္တရာယ်အသိပညာပေး ကြက်ခြေနီကပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်ထားဝယ်မြို့နယ် ရမ္မဇူကျေးရွာနှင့် ဖွတ်လက်တိုကျေးရွာတို့တွင် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးညီညီသိန်း ဦးဆောင်‌ေသာ ကြက်ခြေနီစေတနာလုပ်အားရှင် ၇ ဦးတို့သည် ကျေးရွာ‌ေနပြည်သူများအာ COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ မိုင်းအန္တရာယ်အသိပညာပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။  

Read More

  28/ Sep/ 2020

ကိုဗစ်-၁၉ လစဉ်သတင်းစာစောင် အမှတ် (၂)

Read More

  27/ Sep/ 2020

ပွင့်ဖြူတွင် ကြက်ခြေနီက ကိုဗစ် ၁၉ရောဂါကာကွယ်ရေး အသိပညာပေးခြင်း ဆက်လက်ဆောင်ရွက်

ပွင့်ဖြူ၊ စက်တင်ဘာ ၂၇ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၂၇ရက်နေ့က မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အင်းကုန်းကျေးရွာရှိ အိမ်ထောင်စုများအား နှာခေါင်းစည်းများထောက်ပံ့ပေးခြင်း၊ ကိုဗစ် ၁၉ ရောဂါကာကွယ်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များအား နှိုးဆော်ခြင်းတို့ကို အင်းကုန်းကျေးရွာကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  26/ Sep/ 2020

မန်တုံရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ကြက်ခြေနီက ထောက်ပံ့ပစ္စည်းများ ပေးအပ်

မန်တုံ၊ စက်တင်ဘာ ၂၆ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မန်တုံမြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှ နေရပ်ပြန်ပြည်သူ ကျား (၂၁)နှင့် မ (၅၈) ဦးတို့အား မန်တုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးခင်ဇော် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၈) ဦးတို့က ခြင်ထောင် (၇၉) လုံး ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်း (၅၈) ခုနှင့် အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၂၁) ခုတို့ကို သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

Read More

  25/ Sep/ 2020

တီးတိန်တွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်စည်းများနှင့် မျက်နှာအကာများလှူဒါန်း

တီးတိန်၊ စက်တင်ဘာ ၂၅ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က တီးတိန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးဇာဏီဟိန်း ဦး‌ဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက Covid-19 ရောဂါ ကာကွယ်ရေးအတွက် ချင်းပြည်နယ်၊ တွန်းဇန်မြို့ရှိ သတ္တမနေ့ဘုရားကျောင်းသို့ နှာခေါင်းစည်း ၁၀၀ ခု၊ မျက်နှာအကာ ၄၀ ခုနှင့် PPE ဝတ်စုံ ၁ စုံ တို့ကိုလည်းကောင်း၊ တီးတိန်မြို့နယ်၊ အန်လန့်ကျေးရွာရှိ သတ္တမနေ့ဘုရားကျောင်းသို့ နှာခေါင်စည်း ၂၀၀ ခု၊ မျက်နှာအကာ ၉၀ ခု၊ PPE ဝတ်စုံ ၁စုံ တို့ကိုလည်းကောင်း လှူဒါန်းခဲ့ပြီး ၎င်းမြို့နယ်များရှိ ရပ်မိရပ်ဖများအား Covid-19 ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

Read More

  24/ Sep/ 2020

ရန်ကုန်တွင် COVID-19ရောဂါကာကွယ်‌ရေးလုပ်ငန်းများ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ကြက်‌ခြေနီ‌စေတနာလုပ်အားရှင်များအတွက် အသိပညာပေး သင်တန်းဖွင့်

နေပြည်တော်၊ စက်တင်ဘာ ၂၄ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး၌ COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးသင်တန်းဖွင့်ပွဲကို ပြုလုပ်ခဲ့ရာ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချို၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့်၊ အတွင်းရေးမှူး ဦးမိုးကျော်၊ ဥတ္တရခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါ်မေကလျာဝင်း၊ ခရိုင်ကြက်‌ခြေနီတပ်ဖွဲ့မှူးဦးနိုင်ဝင်းစိုးနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြမည့် ကြက်ခြေနီစေတနာလုပ်အားရှင်(၃၅)ဦးတက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းကို စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ရောဂါကာကွယ်ရေးနည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်များ၊ PPE ဝတ်ဆင်နည်းများအား ဆွေးနွေးပို့ချမည်ဖြစ်ပါသည်။

Read More