23/ Apr/ 2021
၂၀၂၁ခုနှစ်၊ ဧပြီလ၂၃ရက်၊ နံနက်၂နာရီခန့်က တနင်္သာရီဒေသကြီး၊ ထားဝယ်မြို့နယ်၊ကြက်စားပြင်ရပ်ကွက်မှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အရေးပေါ်မီးဖွားရန်လိုအပ်သဖြင့် ထားဝယ်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့ပေးခဲ့ကြသည်။
23/ Apr/ 2021
၂၀၂၁ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံးမီးဘေးသင့်ခဲ့ရသဖြင့် ချင်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးကျုံဟူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ သွားရောက်ကာ မီးဘေးသင့်အိမ်ထောင်စုအား မိသားစုသုံးပစ္စည်း (၁)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ တို့ကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများ ဆောင်ရွက်ခဲ့ကြသည်။
23/ Apr/ 2021

23/ Apr/ 2021
23/ Apr/ 2021
၂၀၂၁ခုနှစ်၊ ဧပြီလ၂၃ရက်နေ့ နံနက် ၅နာရီခန့်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေပြည်အေးရပ်ကွက်မှ သွေးအန်လူနာတစ်ဦးအား မွန်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက နေအိမ်သို့သွားရောက်ခေါ်ဆောင်ကာ ကြက်ခြေနီလူနာတင်ယာဥ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။
23/ Apr/ 2021
22/ Apr/ 2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မူလုပ်ငန်းများအား ကူညီဆောင်ရွက်ပေးလျှက်ရှိရာ ၂၀၂၁ခုနှစ် ဧပြီလ ၂၂ရက်နေ့က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၄ရပ်ကွက်မှ အဆုတ်ရေဝင်လူနာတစ်ဦးအားလည်းကောင်း၊ ၃၁ရပ်ကွက်မှ အရိုးကျိုးလူနာတစ်ဦးအားလည်းကောင်း နေအိမ်များမှ ဆေးရုံသို့ အသီးသီးပို့ဆောင်ကူညီပေးခဲ့ကြသည်။
21/ Apr/ 2021

21/ Apr/ 2021