19/ Feb/ 2021

လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

  ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၉) ရက် ကြက်ခြေနီသည် ပြည်သူထဲက ပေါက်ပွားလာသည့် ပြည်သူများဖြစ်သည့်အားလျော်စွာ ပြည်သူ့အကျိုးအတွက် ကြက်ခြေနီသည် လူသားချင်းစာနာထောက်ထားသည့် ကိစ္စရပ်များကို ကြက်ခြေနီ အခြေခံမူ(၇)ချက်နှင့်အညီ ရှေးဦးပြုစုခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း၊ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာခြင်းများသာမက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဒေသအလိုက် ရွေ့လျား ရှေးဦးပြုစုခြင်းစခန်းငယ်များဖွင့်လှစ်ကာ ပြည်သူများအတွက် ကူညီပေးလျက်ရှိနေပါသည်။   #လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ#   [supsystic-gallery id=4]

Read More

  04/ Jan/ 2021

ရန်ကုန်-ပုသိမ်အမြန်လမ်း ညောင်တုန်း(တာကွေ့)တွင် ရှေးဦးပြုစုခြင်းစခန်း ဖွင့်လှစ်

ညောင်တုန်း၊ ဇန်နဝါရီ ၄ ဧရာဝတီတိုင်း​ဒေသကြီး ကြက်​ခြေနီ ကြီးကြပ်မှု​ကော်မတီ၏ ဦး​ဆောင်မှုဖြင့် မအူပင်ခရိုင်၊​ညောင်တုန်းမြို့ (တာ​ကွေ့ ) ရန်ကုန်-ပုသိမ် အမြန်လမ်း၌ ရှေးဦးပြုစုခြင်းစခန်း ဖွင့်လှစ်ခြင်းကို ဇန်နဝါရီလ ၄ ရက် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ် ဦးအုန်းလွင်၊ တိုင်း​ဒေသကြီး ကြက်​ခြေနီကြီးကြပ်မှု​ကော်မတီ ဥက္ကဌ ဦးမန်းကြည်ရွှင်၊ ဒုတိယဥက္ကဌ ဦးမြင့်လွင်၊ မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီ ဥက္ကဌ ဦး​အောင်မျိုးဝင်းတို့က ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ထို့​နောက် တိုင်း‌ဒေသကြီးကြက်‌ခြေနီကြီးကြပ်မှု‌ကော်မတီဥက္ကဌက အမှာစကား​ပြောကြားပြီး ဒုတိယဥက္ကဌ ဦးမြင့်လွင်က အလှူငွေ ၁၀သိန်းကျပ်၊ မြို့နယ်ကြက်​ခြေနီ အသင်းခွဲ အမှုဆောင်အဖွဲ့ဝင် ဒေါ်သန်းသန်းချိုက ၃ သိန်းကျပ်နှင့် မအူပင်ခရိုင်ကြက်‌ခြေနီတပ်ဖွဲ့မှူးတို့က ဆေးအိတ်တို့ကို အသီးသီး​ပေးအပ် လှူဒါန်းခဲ့ကြပါသည်။ အဆိုပါ ရှေးဦးပြုစုခြင်းစခန်း ဖွင့်ပွဲသို့ တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး ကြက်​ခြေနီကြီးကြပ်မှု​ကော်မတီဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အမှု​ဆောင်များ၊ တိုင်း‌ဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး၊ မအူပင်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး၊ ညောင်တုန်းမြို့နယ် ကြက်​ခြေနီအသင်းခွဲ ဥက္ကဌ နှင့်အမှုဆောင်များ၊မြို့နယ်ကြက်​ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြပါသည်။

Read More

  04/ Jan/ 2021

လှိုင်မြို့နယ် ကိုဗစ်-၁၉ရောဂါကုသရေးစင်တာတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကြက်ခြေနီစေတနာလုပ်အားရှင်များပြန်လည်ထွက်ခွာ

ရန်ကုန်၊ ဇန်နဝါရီ ၄ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ ကိုဗစ်-၁၉ရောဂါကုသရေးစင်တာတွင် ရောဂါကာကွယ်တုန့်ပြန်ရေးလုပ်ငန်းများအား ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်အသီးသီးမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၁) ဦးသည် ၂၀၂၁ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် နေရပ်သို့ပြန်လည်ထွက်ခွာခဲ့ကြပါသည်။ ကိုဗစ်-၁၉ရောဂါကာကွယ်တုန့်ပြန်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များအား လှိုင်တက္ကသိုလ်ကုတင်(၅၀၀) ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာ တာဝန်ခံဒေါက်တာမိုးမိုးအေး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဦးတင်ထွန်းအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်နှင့် အဖွဲ့အစည်းဆိုင်ရာဖွံဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာလင်းလင်းသက်တို့က ဂုဏ်ပြုနှုတ်ဆက်စကားများ ပြောကြားခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါတယ်။ အဆိုပါအဖွဲ့သည် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ကြခြင်းဖြစ်ပါသည်။

Read More

  01/ Jan/ 2021

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၏ ၂၀၂၁ ခုနှစ် နှစ်သစ် နှုတ်ခွန်းဆက်စကား

ချစ်ခင်လေးစားအပ်ပါသော နိုင်ငံတစ်ဝန်းက ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီအသင်းဝင် တပ်ဖွဲ့ဝင်များနဲ့ မိဘပြည်သူ အပေါင်းတို့ ခင်ဗျာ - ယနေ့သည် ၂၀၂၁ ခုနစ် နှစ်သစ်ရဲ့ ပထမ ခြေလှမ်းကို စတင်မည့် နေ့ရက်ကောင်းဖြစ်ပါတယ်။ ဒီလို မင်္ဂလာ ရှိလှတဲ့ နှစ်သစ်ရဲ့ ပထမဦးဆုံးနေ့မှာ ကျက်သရေ မင်္ဂလာ အပေါင်းနဲ့ ပြည်စုံကြပါစေကြောင်းနဲ့ နှစ်ဟောင်း ကုန်လို့ နှစ်သစ်ကူးပြောင်းတဲ့ အချိန်အခါဖြစ်သည်နဲ့အညီ ကျွန်တော်တို့အားလုံး ရင်ဆိုင်နေကြရတဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေးနှင့်တကွ ဘေးအန္တရာယ်အပေါင်းမှ လွန်မြောက်ကင်းဝေးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း ရှေးဦးစွာ နှုတ်ခွန်းဆက်ပါတယ်။ ယခု ကမ္ဘာနိုင်ငံ အနှံ့အပြားမှာ ဖြစ်ပွားကူးစက်နေတဲ့ ကိုဗစ်-၁၉ ကူးစက်မြန် ကပ်ရောဂါဆိုးကြောင့် အသက် ပေါင်းများစွာ ကြွေလွင့်ဆုံးရှုံးနေကြရပါတယ်။ ဒီကပ်ရောဂါဆိုးကို တိုက်ထုတ်ဖို့ရာမှာ ကျွန်တော်တို့ တစ်ဦး တစ်ယောက်တိုင်းမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ ကြက်ခြေနီများအနေနဲ့လည်း မိမိတို့ ကိုယ်တိုင်အတွက် သာမက အများအကျိုးအတွက် ဒေသအလိုက် ရောဂါတားဆီးကာကွယ်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပူး ပေါင်းပါဝင်ဆောင်ရွက်နေကြတဲ့အတွက် ကျေးဇူးတင်ဂုဏ်ယူပါတယ်။ အထူးသဖြင့် ကူးစက်မှုနှုန်း မြင့်တက် နေတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက လှိုင်ကိုဗစ်ကုသရေးစင်တာနှင့် ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတို့တွင် တိုင်းဒေသကြီး/ ပြည်နယ်(၇)ခုက ကြက်ခြေနီစေတနာလုပ်အားရှင် စုစုပေါင်း (၂၇၃)ဦးတို့က အလှည့်ကျ တစ်လစီ တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြတဲ့အတွက် အသင်းအနေဖြင့် နိုင်ငံတော်ကို တစ်ဖက် တစ်လမ်းက အားဖြည့်ပေးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုလာရောက်ကူညီနိုင်အောင် အဘက်ဘက်မှ ဝိုင်းဝန်း ပံ့ပိုး ပေးခဲ့ကြတဲ့ ကြီးကြပ်ကော်မတီများ၊ မြို့နယ်အမှုဆောင်များ၊ အသင်းဝင်၊ တပ်ဖွဲ့ဝင်ခေါင်းဆောင်များ၊ အလှူရှင်များနဲ့ ခွင့်ပြုပေးခဲ့ကြတဲ့ မိဘ၊ ဆွေမျိုးသားချင်းများ၊ အထူးသဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ ကြက်ခြေနီ စေတနာ လုပ်အားရှင် တစ်ဦးတစ်ယောက်တိုင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက အထူးပင် ကျေးဇူးတင် လေးစား ဂုဏ်ယူပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ ယနေ့ကမ္ဘာပေါ်မှာ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များနှင့်အတူ လက်ရှိ ကြုံတွေ့နေရတဲ့ ကပ်ရောဂါဆိုး ကြောင့် ကျွန်တော်တို့ရဲ့ နေထိုင်မှုပုံစံများကို ပုံစံအသစ် (New Normal Style) ဖြင့်ပြောင်းလဲ ပြုမှုလုပ်ဆောင် ကြရမှာဖြစ်တဲ့အတွက် ပုံစံသစ်နဲ့ အံဝင်ခွင်ကျဖြစ်မည့် ဆောင်ရွက်မှုများကို တီထွင်ဖန်တီး ကြိုးစားလုပ် ဆောင်ပေးကြဖို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။ ချစ်ခင်လေးစားအပ်ပါတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်၊ အသင်းဝင်များနဲ့ မိဘ ပြည်သူအပေါင်းတို့ ခင်ဗျာ - ယခုလို နှစ်သစ်မင်္ဂလာအခါသမယမှာ ကြက်ခြေနီနှင့် အများပြည်သူ အတူလက်တွဲကာ ပိုမို ကျန်းမာ ကြံ့ခိုင်သော လူမှုဘဝများကို တည်ဆောက်နိုင်ပြီး ငြိမ်းချမ်းသာယာတဲ့ လူမှုဘဝ ပတ်ဝန်း ကျင်မှာနေထိုင်ရင်း ထပ်မံကြုံတွေ့လာနိုင်သည့် ဘေးဒုက္ခအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုနှင့် ထိရောက်တဲ့ တုံ့ပြန်နိုင်မှု တို့အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြစ် အသင်း၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ထိန်းသိမ်းကာ မွန်မြတ် လှတဲ့ လူမှုကရုဏာခရီးလမ်းမှာ မည်သို့သော စိန်ခေါ်မှု၊ အခက်အခဲများ ကြုံတွေ့စေကာမူ ဖြေရှင်း ကျော်လွှား ဆောင်ရွက်နိုင်သော ကြက်ခြေနီများ ဖြစ်ကြပါစေကြောင်းနှင့် ရောဂါဘယကင်းဝေး ကြပါစေကြောင်း မင်္ဂလာရှိလှတဲ့ နှစ်သစ်ကူး အချိန်အခါ သမယမှာ ဆန္ဒပြု ဆုမွန်ကောင်းတောင်းရင်း မေတ္တာပို့သလိုက် ပါတယ်။ ဒေါက်တာမောင်မောင်မြင့် ဥက္ကဌ မြန်မာနိုင်ငံကြက်ခြေနီအသင်း

Read More

  30/ Dec/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကချင်ပြည်နယ်တွင် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လေ့လာ ဆန်းစစ်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာလ ၃၀ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မြေစာပုံပြိုခြင်းအရေးပေါ်တုန့်ပြန်ရေး လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လေ့လာဆန်းစစ်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပြည့်အလုပ်အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ ၊ ညွှန်ကြားရေးမှူးများ၊ IFRC မှ Head of Country Office Joy Singhal၊ DRC မှ Country Manager Andreas Walter Fabricius၊ IFRC-KL မှ Jessie Roseleen HUARD နှင့်တာဝန်ရှိသူများ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ၊ အတွင်းရေးမှူး နှင့် ကော်မတီဝင်များ၊ ပြည်နယ်တပ်ဖွဲ့မှူး၊ ခရိုင်ကြက်ခြေနီကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌနှင့် ကော်မတီဝင်များ၊ ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသော အစိုးရဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွှန့်၊ IFRC မှ Head of Country Office Joy Singhal၊ DRC မှ Country Manager Andreas Fabricius နှင့် IFRC-KL မှ Jessie Roseleen Roseleen HUARD တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်မှ ဖားကန့် မြို့နယ်၊ မြေစာပုံပြိုမှုဖြစ်စဉ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆွေးနွေးပွဲတွင် လေ့လာဆန်းစစ်ခြင်းများအပေါ်အဖွဲ့လိုက်ဆွေးနွေးခြင်း ၊အဖွဲ့လိုက် ဆွေးနွေးခဲ့သည့်အကြောင်းအရာများအား ပြန်လည်တင်ပြဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  28/ Dec/ 2020

ကြက်ခြေနီက ကချင်ပြည်နယ်တွင် EOC Set up Advocacy and Design Workshop ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာလ ၂၈ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အမေရိကန်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်နေသော Red Ready Program မှ ကချင်ပြည်နယ်တွင် EOC Set up Advocacy and Design Workshop အား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ နေ့လည် (၂း၀၀ )နာရီက ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ၊ ပြည်နယ်တပ်ဖွဲ့မှူး၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဌနှင့် အလုပ်အမှု ဆောင်များ၊ အသင်းခွဲများဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လင်းလင်းသက်နှင့် တာဝန်ရှိသူများ၊ အစိုးရဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးဘရန်ဒီး နှင့် အသင်းခွဲများ ဖွံ့ဖြိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်လင်းလင်းသက်တို့က အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပြည်နယ်အတွင်း ဖြစ်လေ့ဖြစ်ထရှိသော သဘာ၀ဘေးအန္တရာယ်များအကြောင်းနှင့် ဘေးအန္တရာယ်တုန့်ပြန်ရေးလုပ်ငန်းများတွင် ကြက်ခြေနီ၏ အခန်းကဏ္ဏအကြောင်းဆွေးနွေးခြင်း၊ ရရှိလာသောသင်ခန်းစာများအကြောင်းဆွေးနွေးခြင်း၊ EOC၏ အထောက်အကူဖြစ်စေမှုအကြောင်း ၊ EOCတည်ထောင်ရန် အကြောင်းဆွေးနွေးခြင်း၊ EOC၏ အခန်းကဏ္ဏအကြောင်းများအား အဖွဲ့ လိုက် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  28/ Dec/ 2020

ကြက်ခြေနီက ကရင်ပြည်နယ်တွင် EOC Set up Advocacy and Design Workshop ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာလ ၂၈ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အမေရိကန်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်နေသော Red Ready Program မှ ကရင်ပြည်နယ်တွင် EOC Set up Advocacy and Design Workshop အား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ နေ့လည် (၂း၀၀ )နာရီက ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ၊ ပြည်နယ်တပ်ဖွဲ့မှူး၊ ခရိုင်ကြက်ခြေနီကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူ၊ ဒုတိယထွေထွေအတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အစိုးရဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးခွန်ကျော်ဝင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပြည်နယ်အတွင်း ဖြစ်လေ့ဖြစ်ထရှိသော သဘာ၀ဘေးအန္တရာယ်များအကြောင်းနှင့် ဘေးအန္တရာယ်တုန့်ပြန်ရေးလုပ်ငန်းများတွင် ကြက်ခြေနီ၏ အခန်းကဏ္ဏအကြောင်းဆွေးနွေးခြင်း၊ ရရှိလာသောသင်ခန်းစာများအကြောင်းဆွေးနွေးခြင်း၊ EOC၏ အထောက်အကူဖြစ်စေမှုအကြောင်း ၊ EOCတည်ထောင်ရန် အကြောင်းဆွေးနွေးခြင်း၊ EOC၏ အခန်းကဏ္ဏအကြောင်းများအား အဖွဲ့ လိုက် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  28/ Dec/ 2020

နေပြည်တော်တွင် အသင်းခွဲခေါင်းဆောင်များအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်လှစ်

နေပြည်တော်၊ ဒီဇင်ဘာ ၂၈ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော အသင်းခွဲခေါင်းဆောင်များအတွက်စွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့က onlineဖြင့် ပြုလုပ်ခဲ့ရာ အသင်းဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်က အမှာစကားပြောကြားခဲ့ပါတယ်။ ထို့နောက် အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး‌ေဒါက်တာလင်းလင်းသက်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါတယ်။ သင်တန်းဖွင့်ပွဲသို့ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးအောင်ချို ၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့်၊အတွင်းရေးမှူး ဦးမိုးကျော်နှင့် သင်တန်းနည်းပြများ၊ ခရိုင်/မြို့နယ်များမှ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါတယ်။ ဒီဇင်ဘာလ (၂၈)ရက်နေ့မှ ဒီဇင်ဘာလ (၃၀) ရက်နေ့အထိ(၃) ရက်တာ ကြာမြင့်မည့် အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၃၀) ဦးတက်ရောက်မည်ဖြစ်ပြီး အသင်းခွဲခေါင်းဆောင်များ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေးပို့ချ သွားမည်ဖြစ်ပါသည်။

Read More

  28/ Dec/ 2020

ရှေးဦးပြုစုခြင်းဥာဏ်စမ်းပြိုင်ပွဲနှင့် ကြက်ခြေနီဘာသာရပ်ဆိုင်ရာ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်သည့် အွန်လိုင်း အခမ်းအနားပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာလ ၂၈ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ပြုလုပ်ခဲ့သည့် ကြက်ခြေနီဘာသာရပ်ဆိုင်ရာစာစီစာကုံးပြိုင်ပွဲနှင့် ရှေးဦးပြုစုခြင်းဉာဏ်စမ်းပြိုင်ပွဲတွင် ဆုရသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဒီဇင်လာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက အွန်လိုင်းမှ တစ်ဆင့် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ ရှေးဦးစွာ အသင်း ဥက္ကဌမှ အမှာစကားပြောကြားရာတွင် ရှေးဦးပြုစုခြင်းဥာဏ်စမ်းပြိုင်ပွဲများနှင့် ကြက်ခြေနီဘာသာရပ်ဆိုင်ရာစာစီစာကုံးများပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရှေးဦးပြုစုခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ဆောင်ပုဒ်ဖြစ်သည့် "ရှေးဦးပြုစုခြင်း အလေ့အကျင့်များကပ်ရောဂါအလိုက်ပြင်ဆင်သွား" ဆိုသည့်အတိုင်း ရှေးဦးပြုစုခြင်းနည်းစနစ်များအား ဂရုတစိုက်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲဝင်စာစီစာကုံးများကို ဖတ်ရှုမည်ဆိုလျင် ကြက်ခြေနီစေတနာလုပ်အားရှင်များရဲ့ ကိုယ်ကျိုးမဖက်ဘဲ စေတနာ၊ ဝါသနာ၊ အနစ်နာခံပြီး ဆောင်ရွက်ခဲ့မှုများ၊ ရပ်ရွာလူထုကို ရှေးဦးပြုစုခြင်းနည်းစနစ်တွေနဲ့အကျိုးပြုခဲ့မှုများ၊ ကြက်ခြေနီအခန်းကဏ္ဏကို တိုးတက်အောင်ဆောင်ရွက်ခဲ့မှုများကို ရေးသားထားသည်ကို တွေ့ရပါကြောင်း၊ သို့အတွက် ပြိုင်ပွဲဝင်များရဲ့ စာမူများကို အသင်းရဲ့လူမှုကွန်ယက်မီဒီယာများမှတစ်ဆင့် ပြန်လည်ဖော်ပြသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြိုင်ပွဲများအား လာမည့်နှစ်များအတွင်း တာဝန်ရှိသူများမှ ဆက်လက် ဆောင်ရွက်သွားရန်တိုက်တွန်းပါကြောင်း၊ ပါဝင်ယှဉ်ပြိုင်သူများကလည်း ဇွဲမလျှော့ဘဲ ဆက်လက်ယှဉ်ပြိုင် သွားရန်လို့ပါကြောင်း၊ နိဂုံးချုပ်အနေနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များအား ကြက်ခြေနီ အခြေခံမူတစ်ခုဖြစ်သည့် ခွဲခြားမှုမရှိခြင်းမူကို အစဉ်ထိန်းသိမ်းပြီး ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ငန်းများမှာ ပြည်သူတို့နှင့်အတူ ရှေးဦးပြုစုခြင်းအလေ့အကျင့်ကောင်းများဖြင့် နိုင်ငံ့အကျိုးပြု လူမှုကရုဏာလုပ်ငန်းများကို ယခုထက်ပိုပြီးစွမ်းစွမ်းတမံအကောင်အထည်ဖော်သွားကြရန်လိုပါကြောင်း၊ ရရှိထားသော အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းသွားရန်၊ ရှေးဦးပြုစုခြင်းကိုအခြေပြုပြီး အခြားသောကြက်ခြေနီဘာသာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးရန်၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ဖို့အတွက် အင်္ဂလိပ်စာကိုလည်း ကြိုးစားလေ့လာသင်ယူကြရန် တိုက်တွန်းမှာ ကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အခမ်းအနား အစီအစဉ်အရ ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ဆက်လက်ပြုလုပ်ရာ ကြက်ခြေနီစာစီစာကုံးပြိုင်ပွဲတွင် ပထမဆု ဒေါ်အေးမြမူ (တနင်္သာရီတိုင်းဒေသကြီး) ၊ ဒုတိယဆု ဦးနိုင်ဦး (စစ်ကိုင်းတိုင်းဒေသကြီး)၊ တတိယဆု ဦးသိန်းအောင် (ပဲခူးတိုင်းဒေသကြီး) တို့အားလည်းကောင်း၊ ရှေးဦးပြုစုခြင်းစာစီစာကုံးပြိုင်ပွဲတွင် ပထမဆု ဦးသိန်းအောင်(ပဲခူးတိုင်းဒေသကြီး)၊ ဒုတိယဆု ဒေါ်မေဖြိုးသီရိစံ(ကရင်ပြည်နယ်)၊ တတိယဆု ဒေါ်အေးချမ်းမေ(နေပြည်တော်) တို့အားလည်းကောင်း၊ လူငယ်ကြက်ခြေနီ စာစီစာကုံး (မြန်မာ) ပြိုင်ပွဲတွင် ပထမဆု ဒေါ်ဝင့်မာအောင်(မကွေးတိုင်းဒေသကြီး) ၊ ဒုတိယဆု ဒေါ်ရွှေရည်ထွန်းလတ်(ကယားပြည်နယ်)၊ တတိယဆု ဦးစောဝေယံလင်းထက် (ကရင်ပြည်နယ်) တို့အားလည်းကောင်း၊ လူငယ်ကြက်ခြေနီ စာစီစာကုံး (အင်္ဂလိပ်) ပြိုင်ပွဲတွင် ပထမဆု ဦးဇင်ကိုကိုထွန်း (ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆု ဒေါ် Chris Nun Cowi (ရန်ကုန်တိုင်းဒေသကြီး) ၊ တတိယဆု ဒေါ်မေမြင့်မြတ်အောင်(မန္တလေးတိုင်းဒေသကြီး) တို့အားလည်းကောင်း၊ ရှေးဦးပြုစုခြင်း ဉာဏ်စမ်းပြိုင်ပွဲတွင် ပထမဆု ဦးဇာနည်ထက်(တနင်္သာရီတိုင်းဒေသကြီး) ၊ ဒုတိယဆု ဒေါ်နန်းလှလှသန်း (ကရင်ပြည်နယ်) ၊ တတိယဆု ဒေါ်အိသန္တာစိုးညွန့် (ပဲခူးတိုင်းဒေသကြီး)၊ စတုတ္ထဆု ဒေါ်နေခြည်သက်လွင် (မွန်ပြည်နယ်) နှင့် ပဉ္ဇမဆု ဒေါ်ဇွန်ပွင့်ဖြူ (မွန်ပြည်နယ်)တို့အားလည်းကောင်း အသီးသီးဆုချီးမြှင့်ခဲ့ကြပါသည်။ ယင်းနောက် ဆုရသူများကိုယ်စား ပဲခူးတိုင်းဒေသကြီးမှ ဆုရရှိသူတစ်ဦးဖြစ်သည့် ဦးသိန်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဆုချီးမြှင့်ခြင်း အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယ ဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်/အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ပြည်နယ်တိုင်းဒေသကြီးများမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌများနှင့် ကော်မတီဝင်များ၊ အသင်းဌာနချုပ်မှ ညွှန်ကြားရေးမှူးများနှင့် ဌာနမှူးများ၊ ဝန်ထမ်းများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ဆုရသူများ စုံညီစွာတက်ရောက်ခဲ့ပါသည်။

Read More