31/ Aug/ 2020
ကျောက်မဲ ဩဂုတ် ၃၁
၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၃၁ရက်နေ့က ကျောက်မဲမြို့နယ်ကြက်ခြေနီတ
31/ Aug/ 2020
ပေါက်ခေါင်း၊ ဩဂုတ် ၃၁
၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၃၁ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ လူအများသွားလာနိုင်သောနေရာများ၊ ဈေးများ၊ ကားဂိတ်များတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ဖြတ်သန်းသွားလာသူများအား မှတ်တမ်းရယူခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်းတို့ကို ပေါက်ခေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများ၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
31/ Aug/ 2020
မြဝတီ၊ ဩဂုတ် ၃၁
မြ၀တီမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သွင်ဦး ဦးဆောင်သည့် ကြက်ခြေနီစေတနာလုပ်အားရှင် (၁၅) ဦးတို့သည် COVID-19 ရောဂါကာကွယ်ရေးအဖြစ် မြ၀တီမြို့ အမှတ် (၂) ချစ်ကြည်ရေးတံတား Cargo Gate မှတဆင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော Truck ကားများနှင့် လိုက်ပါလာကြသူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ စာရင်းကောက်ခံခြင်း၊ သတင်းပေးပို့ခြင်း၊ Health Checked လက်မှတ်ထုတ်ပေးခြင်းများကို နေ့စဉ် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
30/ Aug/ 2020
29/ Aug/ 2020
ဝိုင်းမော်၊ ဩဂုတ် ၂၉
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်သည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ့်ဆန်ယန်ကျေးရွာရှိ နေရပ်ပြန်ပြည်သူများနှင့် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၉ရက်ကတွေ့ဆုံခဲ့ပါသည်။
အသင်းဥက္ကဌဦးဆောင်သောအဖွဲ့သည် နေရပ်ပြန်ပြည်သူများနှင့်တွေ့ဆုံကာ လူမှုကရုဏာအကူအညီများပေးနိုင်ရေအတွက် အပြန်အလှန်ဆွေနွေးမှုများပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးဘရန်ဒီး၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်နှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။
29/ Aug/ 2020
တောင်ကြီး၊ ဩဂုတ် ၂၉
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် တောင်ကြီးတက္ကသိုလ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းရှိ နေရပ်ပြန်ပြည်သူ ကျား ၁၅၊ မ ၂၃ ဦးအား COVID-19 ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းတို့ကို ဒုတိယပြည်နယ်တပ်ဖွဲ့မှူး ဦးအောင်ကျော်မျိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၄ ဦးက ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
28/ Aug/ 2020
ရန်ကုန်၊ ဩဂုတ် ၂၈
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော ရေဘေးသင့်သူများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၌ အသုံးပြုရန် Korea Garment Association in Myanmar (KOGAM) မှ အလှူငွေ၊စောင်နှင့် အဝတ်အထည်များလှူဒါန်းခြင်းကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့ပါသည်။
လှူဒါန်းပွဲတွင် Korea Garment Association in Myanmar (KOGAM)မှ Secretary General ဖြစ်သူ Mr.Ryan Kim က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး အသင်းမှ ဆောင်ရွက်လျက်ရှိသော ရေဘေးသင့်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌ အသုံးပြုရန် အလှူငွေကျပ် ၇,၆၀၀,၀၀၀ိ/(ကျပ် ခုနှစ်ဆယ့်ခြောက်သိန်း)နှင့် ကျပ် ၃,၂၀၀,၀၀ဝိ/ တန်ဘိုးရှိ စောင်နှင့် အဝတ်အထည်များအား လှူဒါန်းရာ အသင်း ဥက္ကဌက လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အဆိုပါ လှူဒါန်းပွဲသို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အရင်းအမြစ်စုစည်း အသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ Korea Garment Association in Myanmar သည် ရေဘေးသင့်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌ အသုံးပြုရန် အသင်းသို့ ယမန်နှစ်ကလည်း လာရောက်လှူဒါန်းခဲ့ပါသည်။
28/ Aug/ 2020
ကွတ်ခိုင်၊ ဩဂုတ် ၂၈
၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၈ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့နယ်ရှိ၊ မိုင်းယုလော့ပန်တိုက်ပွဲရှောင်စခန်းမှ နေရပ်စွန့်ခွာပြည်သူများအတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီကထောက်ပံ့သည့် ခြင်ထောင်(၈၆)လုံးကို ကွတ်ခိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌဦးစိုင်းဝင်းခိုင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၃ ဦးတို့ကသွားရောက်ထောက်ပံ့ခဲ့သည့်အပြင် COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများကိုလည်းအခမဲ့ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
28/ Aug/ 2020
ရန်ကုန်၊ ဩဂုတ် ၂၈
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်သည် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့သော COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် Otsuka Myanmar Co.,Ltdမှ အားဖြည့်အချိုရည်များ လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ လှူဒါန်းပွဲတွင် Otsuka Myanmar Co.,Ltdမှ Marketing Executive များဖြစ်ကြသော ဦးဖြိုးဝေမောင်နှင့်ဒေါ်ဇင်မာမိုး တို့က ကျပ် ၉၃၆,၀၀၀ိ/တန်ဖိုးရှိ Pocari Sweat အားဖြည့်အချိုရည် ၁၅၆၀ ဘူး ကို ပေးအပ်လှူဒါန်းခဲ့ရာ အသင်း ဒုတိယဥက္ကဌ
ဒေါက်တာဒေါ်အမယာမော်နိုင်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
လှူဒါန်းပွဲသို့ အသင်း ဒုတိယဥက္ကဌနှင့်အတူအရင်းအမြစ်စုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုး နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။