28/ Aug/ 2020
ရန်ကုန်၊ ဩဂုတ် ၂၈
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်သည် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့သည့် ရေဘေးသင့်ပြည်သူများ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် စားသောက်ဖွယ်ရာများ လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ လှူဒါန်းပွဲတွင် မင်းရသ လူမှုကူညီရေးပရဟိတအဖွဲ့ ဥက္ကဌ ဦးထက်အောင်ဖြိုးက ကျပ် ၇၂၀,၀၀ဝိ/ တန်ဖိုးရှိ အဝတ်အစားထုတ် - ၁၆ ထုတ်၊ ခေါက်ဆွဲခြောက်ထုတ် - ၇ ထုတ်၊ ခေါက်ဆွဲခြောက်ပုံး- ၉ ပုံး၊ ရေသန့်- ၃၄ ကဒ်တို့ကို ပေးအပ်လှူဒါန်းခဲ့ရာ အသင်း ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
လှူဒါန်းပွဲသို့ အသင်း ဒုတိယဥက္ကဌနှင့်အတူ အရင်းအမြစ်စုစည်းအသုံးချရေးဌာန ဌာနမှူးဒေါ်မေစန္ဒာမျိုး နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
24/ Aug/ 2020
ရန်ကုန်၊ ဩဂုတ် ၂၄
မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့်ရှင်သန်ခြင်း(ကြည့်မြင်တိုင်)လူမှုကူညီရေးအသင်း၊ ပရဟိတနှလုံးသား(ရန်ကုန်)လူမှုကူညီရေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်သောရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၌ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ပြီး သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် အနောက်ပိုင်းခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာအောင်ခင်က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ပါသည်။
ဆက်လက်ပြီး သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က ဂုဏ်ပြုဆုများကိုပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် သင်တန်းဖြစ်မြောက်ရေးအတွက် အကူအညီပေးခဲ့ကြသူများအား ကျေးဇူးတင်ဂုဏ်ပြုလွှာများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ပါသည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီး ကြည့်မြင်တိုင်မြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းအတွက် နှာခေါင်းစည်း၊ မျက်နှာအကာ၊ လက်သန့်ဆေးရည်နှင့် ပိုးသတ်ဆေးဖြန်းပုံးတို့ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။
ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို သုံးရက်တာ သင်ကြား ပို့ချခဲ့ပြီး သင်တန်းသို့ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် မြို့နယ်များရှိ လူမှုကူညီရေးအသင်းများမှသင်တန်းသား/သင်တန်းသူများ စုစုပေါင်း ၇၅ ဦး
တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်း၊တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌ ဦးတင်မောင်၊ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်မင်းမင်းကို၊ အနောက်ပိုင်းခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဌဒေါက်တာအောင်ခင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးစောထွေး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးခိုင်မြတ် နှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များ၊လူမှုကူညီရေးအသင်းများမှတာဝန်ရှိသူများနှင့်သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
19/ Aug/ 2020
မင်းပြား၊ ဩဂုတ် ၁၉
၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မင်းပြားမြို့ ပုညရာမ တိုက်ပွဲရှောင်စခန်းရှိ၊ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု (၃၂)စုအား COVID-19 ရောဂါ ကာကွယ်ရေး အတွက် စနစ်တကျ လက်ဆေးခြင်းနှင့် စနစ်တကျ နှာခေါင်းစည်း အသုံးပြုခြင်း များကို အသိပညာပေး ခဲ့ကြပါသည်။
18/ Aug/ 2020
ရန်ကုန်၊ ဩဂုတ် ၁၈
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျှက်ရှိသော COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် Beiersdorf Myanmar မှ အလှူငွေနှင့် ပစ္စည်းများ လှူဒါန်းပွဲကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ အသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး Beiersdorf Myanmar မှ Marketing Manager ဖြစ်သူ Ms.Nikki Seelen က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြော ကြားပါသည်။
ထို့နောက် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက်အလှူငွေ ၄,၈၄၀,၀၁၄ိ/- ( လေးဆယ့်ရှစ်သိန်းလေးသောင်းတစ်ဆယ့်လေးကျပ်)၊ ၁၇,၀၀၀,၀၀၀ိ/တန်ဘိုးရှိ Survival Bags - ၁၀၀၀ အိတ်နှင့် ၇၁,၂၈၀,၀၀၀ိ/တန်ဘိုးရှိ Nivea Creme Tin - ၄၀,၀၀၀ ဘူးတို့ကိုပေးအပ်လှူဒါန်းရာ အသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အဆိုပါ လှူဒါန်းပွဲသို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးတို့ တက်ရောက်ခဲ့ပြီး Beiersdorf Myanmar မှ Marketing Manager နှင့်အတူ ဒေါက်တာသက်နွယ်အုန်း(Business Development Manager)၊ ဦးတိုးအောင်ဝင်း(Key Account Manager)နှင့် ဒေါ်ဇူလိုင်ဝသုန် (Assistant HR Manager)တို့လည်းတက်ရောက်ခဲ့ကြပါသည်။
18/ Aug/ 2020
မြောက်ဦး၊ ဩဂုတ် ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ရှိ မြို့သစ်တိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စုများအား COVID-19 ကာကွယ်ရေးအတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုအသိပညာပေးခြင်းကို ကြက်ခြေနီက ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၁၇ရက်နေ့က ပြုလုပ်ခဲ့သည်။
တိုက်ပွဲရှောင်စခန်းရှိ၊ ယာယီနေရပ်စွန့်ခွာအိမ်ထောင်စု (၁၃၂)စုအား COVID-19 ရောဂါအသိပညာပေးခြင်းများ၊ စနစ်တကျလက်ဆေးခြင်းနှင့် စနစ်တကျနှာခေါင်းစည်းအသုံးပြုပုံများကို မြောက်ဦးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယတပ်ခွဲမှူးဦးဌေးအောင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၂ဦးတို့ကပြုလုပ်ခဲ့ပါသည်။
17/ Aug/ 2020
ဖားကန့်၊ ဩဂုတ် ၁၇
၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၁၇ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်နှင့်လမ်းများ ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူအချို့ရေဘေးသင့်ခဲ့ရသဖြင့် ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ကူညီရွှေ့ပြောင်းပေးခြင်း၊ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။
15/ Aug/ 2020
မြဝတီ၊ ဩဂုတ် ၁၅
ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ခံရပြီး ပြန်လည်လွတ်မြောက်လာကာ အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူနေသည့် မြန်မာနိုင်ငံသားများအား ထောက်ပံ့မှုများပြုလုပ်ခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၁၄နှင့် ၁၅ ရက်နေ့ကဆောင်ရွက်ခဲ့သည်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ MOU Quarantine Center တွင်အသွားအလာကန့်သတ်မှုခံယူနေသည့် ပြစ်ဒဏ်လွတ်မြောက်နေရပ်ပြန်ပြည်သူ ၅၄ဦးနှင့် ကျောက်လုံးကြီးအသွားအလာကန့်သတ်စခန်းတွင် အသွားအလာကန့်သတ်မှုခံယူနေသည့် ပြစ်ဒဏ်လွတ်မြောက်နေရပ်ပြန်ပြည်သူ ၄၁ အား ခရီးစရိတ်၊ စားစရိတ်၊ အဝတ်အထည်၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း၊ အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာန ညွှန်ကြားရေးမှူး ဒေါ်စုစုလင်း၊မြဝတီခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဦးအောင်နိုင်ဦး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးဦးအောင်သွင်ဦးတို့က မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးဦးဇာအောင်၊ ဌာနဆိုင်ရာများအသီးသီးမှတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွတ်မြောက်လာသူကာ အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူသူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လမှစဒီဇင်ဘာလအထိ ထောက်ပံ့စရိတ်နှင့် ထောက်ပံ့ပစ္စည်းများကို ဆက်လက်ပေးသွားမည်ပါသည်။
15/ Aug/ 2020
တာချီလိတ်၊ ဩဂုတ် ၁၅
ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ခံရပြီး ပြန်လည်လွတ်မြောက်လာကာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုးကုတ်ဓမ္မရိတ်သာတွင် အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူနေသည့် မြန်မာနိုင်ငံသားများအား ထောက်ပံ့မှုများပြုလုပ်ခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့ကဆောင်ရွက်ခဲ့သည်။
မိုးကုတ်ဓမ္မရိပ်သာတွင်ဖွင့်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းရှိ နေရပ်ပြန်ပြည်သူ ကျား၇၈ဦး၊မ၃၃ဦး စုစုပေါင်း ၁၁၁ဦးအား ခြင်ထောင်၊ စောင်၊အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း၊ အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်းများထောက်ပံ့ခြင်း၊ COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးနှစ်သိမ့်ခြင်းများကို တာချီလိတ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဦးဘမိုးမြင့်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးဦးဉာဏ်မြင့်ဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက မြို့နယ်အထွေအထွေအုပ်ချုပ်ရေးမှူးဦးချမ်းမြေ့စော၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၁၅ရက်နေ့က ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။