01/ Oct/ 2020

စစ်တွေ ဆေးရုံတွင် ဆေးကုသမှုခံယူပြီး ကိုဗစ်၁၉ ရောဂါပိုးကင်းစင်ကာ ပြန်လည်ကျန်းမာလာသူများအား ကြက်ခြေနီက နေရပ်အသီးသီးသို့ ကူညီ ပို့ဆောင်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် ၁၉ရောဂါကူးစက်မှုကြောင့် ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်ကာ ပြန်လည်ကျန်းမာလာသူများအား ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ထွေး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်နိုင်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ကူညီပေးခြင်းတို့ကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၁ရက်နေ့က ဆောင်ရွက်ခဲ့ကြသည်။  

Read More

  30/ Sep/ 2020

တာချီလိတ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းရှိ နေရပ်ပြန်များအား ကြက်ခြေနီက ထောက်ပံ့ကူညီ

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၃၀ရက်နေ့က တာချီလိတ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး၊ တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌနှင့် မြို့နယ်တပ်ဖွဲ့မှူးတို့ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် ဖွင့်ထားသော အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းရှိ နေရပ်ပြန်ပြည်သူ ၁၁၆ဦးအား အသုံးအဆောင်နှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးနှစ်သိမ့်ပေးခြင်းတို့ကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။  

Read More

  30/ Sep/ 2020

ရေတာရှည်နှင့်ဇီးကုန်းမြို့များတွင် ကိုဗစ် ၁၉ရောဂါကာကွယ်ရေး ဆောင်ရွက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၃၀ရက်နေ့က ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်ရှိ ကားဂိတ်များ၊ ဆိုက်ကားဂိတ်များ၊ လူအများသွားလာကြသောနေရာများတွင် ဖြတ်သန်းသွားလာကြသူများအား ရေတာရှည်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်၁၉ရောဂါကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် ဇီးကုန်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ၊ မြို့နယ်အထွေထွေအုပ်ရေးမှူးရုံး၊ မြို့နယ်သမဝါယမအသင်းရုံး၊ မြို့မရဲတပ်ဖွဲ့ရုံးများများတွင် ကိုဗစ် ၁၉ရောဂါကာကွယ်ရေးအသိပညာပေးခြင်းနှင့် ဆေးဖြန်းခြင်းတို့ကို ဇီးကုန်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်စိုးမင်းနှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  30/ Sep/ 2020

COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်သွား

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ဘန်ကွဲကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် COVID-19 ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးများ ဖြန်းပေးခြင်းတို့ကို တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်စုမှူး ဒေါ်လေးလေးနွယ် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၇ ဦးတို့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  29/ Sep/ 2020

COVID-19 ရောဂါ ကာကွယ်ရေးအတွက် နေရာအနှံ့ ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့က COVID-19 ရောဂါကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာနှင့် ထီဖောင်းကျေးရွာရှိ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များအား COVID-19 ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း စနစ်တကျ ရောင်းချကြရန် အသိပညာပေးခြင်းနှင့် ပိုစတာများကပ်ပေးခြင်းတို့ကို တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ခွဲမှူး ဒေါ်လှိုင်လှိုင်ထွေး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဦးတို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့အတူ ဟိုပုံးမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌဦးကျော်စွာအောင်နိုင်ဟိန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဦးတို့ကလည်း ဟိုပုန်းမြို့ ဘုရားကြီးရှေ့တွင် COVID-19 ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်စည်းများစနစ်တကျ တပ်ဆင်စေခြင်းတို့ကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  29/ Sep/ 2020

နမ့်ခမ်းတွင် COVID-19 ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ ဆက်လက်ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့က နမ်းခမ်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး စိုင်းနော်ခမ်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၁၂) ဦးတို့သည် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့ဝင်ဂိတ်တွင် ရီးသွားပြည်သူစုစုပေါင်း (၄၃၉) ဦးတို့အား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ခရီးသွားရာဇဝင် မှတ်သားခြင်းတို့ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့သို့ ပူးပေါင်းဆောင်ရွက်ခဲ့သော ကြက်ခြေနီစေတနာလုပ်အားရှင်များအား ရပ်မိရပ်ဖများမှ အချိုရည်နှင့်မုန့်များ လှူဒါန်းပေးခဲ့ကြသည်။

Read More

  29/ Sep/ 2020

သာပေါင်းမြို့တွင် ကိုဗစ်ကာကွယ်ရေး ဆက်လက်ဆောင်ရွက်

နိုဝင်ဘာလ ၂၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ရှမ္မမြောင်ကျေးရွာအုပ်စု၊ ရှမ္မမြောင်ကျေးရွာမှာ COVID-19 ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရေးကို အသိပညာပေးပြီး နှာခေါင်းစည်းများ ပေးဝေခဲ့ကြတယ်လို့သိရပါတယ်။ အဆိုပါ လှုပ်ရှားမှုမှာ ကျန်းမာရေးဝန်ထမ်းများ၊ဌာနဆိုင်ရာများ၊ ကျေးရွာတာဝန်ရှိသူများနဲ့အတူ သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃) ဦးတို့ကပါဝင်ကူညီခဲ့ကြတယ်။

Read More

  28/ Sep/ 2020

နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါကာကွယ်ရေး အင်အားဖြည့်ကူညီမည်

နေပြည်တော်၊ စက်တင်ဘာ ၂၈ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အင်အားဖြည့် ကူညီရန် နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၅) ဦး ပါဝင်သောအဖွဲ့ကို ၂၀၂၀ပြည့်နှစ် ၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ စီမံမှုဖြင့် စေလွှတ်ခဲ့ပါသည်။ အဆိုပါ ကြက်ခြေနီစေတနာလုပ်အားရှင် များအား စုရပ်ဖြစ်သော နေပြည်တော်တိုးဂိတ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ စီမံရေးရာဌာန ဌာနမှူး ဦးမြင့်ထွန်းဟန်၊ ဗဟိုဦးစီးမှူး ဦးစိုးနိုင်၊ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချို၊ ဒုတိယဥက္ကဋ္ဌဒေါ်ဖြူဖြူမြင့်၊ ကော်မတီ၀င် ဦးမောင်မောင်ထွန်း၀င်း၊ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ဥတ္တရခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ယမင်းအေး၊ ဥတ္တရခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့အုပ်ချုပ်ရေးအဖွဲ့ ဦးနိုင်၀င်းစိုး၊ ဒက္ခိဏခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့အုပ်ချုပ်ရေးအဖွဲ့ ဦးစီးမှူး(ဒုတိယတန်း)ဦးညီငယ်တို့က အားပေးနှုတ်ဆက်ခဲ့ကြပါသည်။ အဆိုပါအဖွဲ့တွင် နေပြည်တော်အတွင်းရှိ မြို့နယ် (၅) ခုမှ ကြက်ခြေနီစေတနာလုပ်အားရှင်အမျိုးသား (၂၅) ဦး၊ အမျိုးသမီး (၁၀) ဦး၊ စုစုပေါင်း (၃၅) ဦး ပါဝင်ကြကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အစီအစဥ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ အသွားအလာကန့်သတ် စောင့်ကြည့်စခန်းတွင် တာဝန်ထမ်းဆောင်မည်ဖြစ်ပါသည်။  

Read More

  28/ Sep/ 2020

လှိုင်မြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုစခန်းတွင် တာဝန်ထမ်းဆောင်ရန် နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ရောက်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၈ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုစခန်းတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃၅ ဦးတို့အား မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာလင်းလင်းသက်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးကျော်မိုးကြည်၊ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်မင်းမင်းကိုတို့ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး လိုအပ်သည်များဖြည့်ဆည်းမှာကြားခဲ့ပါသည်။ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးမိုးကျော် ဦးဆောင်သည့်နေပြည်တော်ရှိ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃၅ ဦးတို့သည် လှိုင်မြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရေးစခန်းတွင် ရက်သတ္တပတ် ၂ ပတ်ကြာ ကူညီဆောင်ရွက်ပေးကြမည်ဖြစ်ပါသည်။

Read More