17/ Aug/ 2022

“ ကျွန်မတို့ရွာမှာက ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ အားနည်းတော့ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ တိုးပွားအောင်လုပ်ပေးချင်တဲ့အတွက်ကြောင့်ပါ”

“ ကျွန်မတို့ရွာမှာက ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ အားနည်းတော့ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ တိုးပွားအောင်လုပ်ပေးချင်တဲ့အတွက်ကြောင့်ပါ”
     ကျွန်မကတော့ မယွန်းဝတီလှိုင်ပါ။ ၂၀၁၃ ခုနှစ်ကစလို့ ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ကြက်ခြေနီကဖွင့်လှစ်တဲ့ ရှေးဦးပြုစုခြင်းသင်တန်းကိုတတ်ပြီး ၎င်းအတတ်ပညာဖြင့် လူတွေရဲ့အသက်ကို ကယ်တင်နိုင်တယ်လို့ စိတ်ဝင်စားလာပြီး ကြက်ခြေနီယူနီဖောင်းကို နှစ်သက်တဲ့အတွက် ကြက်ခြေနီထဲဝင်ဖြစ်တာပါ။
     နောက်တစ်ချက်က “ ကျွန်မတို့ရွာမှာက ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ အားနည်းတော့ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ တိုးပွားအောင်လုပ်ပေးချင်တဲ့အတွက်ကြောင့်ပါ”
ယခုလက်ရှိမှာ ကျွန်မအနေနဲ့ ရပ်ကွက်ကျေးရွာများမှာ ကျန်းမာရေးအသိပညာပေးခြင်း၊ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် သွေးလှူရှင်ရှာဖွေချိတ်ဆက်ပေးခြင်းလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးလျှက်ရှိပြီး ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းများတွင်လည်း သင်တန်းနည်းပြအဖြစ်ကူညီဆောင်ရွက်လျှက်ရှိပါတယ်။
     ရပ်ရွာလူထုက ကြက်ခြေနီက ထောက်ပံ့ရေးပစ္စည်းတွေ ထောက်ပံ့ပေးအပ်ခြင်းအပြင် အရေးပေါ်လိုအပ်နေသော သွေးရရှိရန် ရှာဖွေချိတ်ဆက်ပေးတယ်လို့ သိသွားလို့ ကျေးဇူးတင်တဲ့အခါ သူမက ဝမ်းသာပြီး ကြက်ခြေနီစေတနာလုပ်အားရှင်ဖြစ်ရတာ ဂုဏ်ယူတယ်။
     ကိုယ်ရောစိတ်ပါ အပင်ပန်းခံ အနစ်နာခံပြီး ကိုယ်ကျိုးမငဲ့ဘဲ မေတ္တာစေတနာအပြည့်ဖြင့် အချိန်ပေးပြီး လူမှုကရုဏာလုပ်ငန်းများကို ဆောင်ရွက်နေကြတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကိုလည်း လေးစားကြောင်းနဲ့ ထပ်ပြီးတော့လည်း လူမှုကရုဏာအကူအညီတွေပေးနိုင်ဖို့ ကျန်းမာရေးဂရုစိုက်ကြရှင့်။

Read More

  16/ Aug/ 2022

“ အားလပ်တဲ့အချိန်မှာ ရပ်ရွာလူထုနဲ့ ဒုက္ခရောက်နေတဲ့သူတွေကို စေတနာ့ဝန်ထမ်းအဖြစ်နဲ့ ကူညီချင်လို့ "

“ အားလပ်တဲ့အချိန်မှာ ရပ်ရွာလူထုနဲ့ ဒုက္ခရောက်နေတဲ့သူတွေကို စေတနာ့ဝန်ထမ်းအဖြစ်နဲ့ ကူညီချင်လို့ "
     ကျွန်တော် ဦးမျိုးလင်းထိုက်ပါ။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီတပ်စုမှူးပါ။ ကျွန်တော်က “ အားလပ်တဲ့အချိန်မှာ ရပ်ရွာလူထုနဲ့ ဒုက္ခရောက်နေတဲ့သူတွေကို စေတနာ့ဝန်ထမ်းအဖြစ်နဲ့ ကူညီချင်လို့ "၂၀၁၉ ခုနှစ်မှာ ကြက်ခြေနီထဲကို ဝင်ဖြစ်ပါတယ်။ ကျွန်တော်ကြက်ခြေနီထဲကို ဝင်ဖြစ်တဲ့အချိန်မှာပဲ COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားလာတဲ့အတွက် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ခဲ့တာ ယခုအချိန်ထိပါပဲ။
     ဒါ့အပြင် နေရပ်စွန့်ခွာအိမ်ထောင်စုများနှင့် မီးဘေးသင့်အိမ်ထောင်စုများကို ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာအားပေးစကားပြောခြင်းတို့ကိုလည်း ကူညီဆောင်ရွက်ခဲ့ပါတယ်။ မတော်တဆမီးလောင်မှုတွေဖြစ်ပွားခဲ့မှုကြောင့် မီးငြိမ်းသတ်ရာမှာ ကူညီဆောင်ရွက်ပေးခဲ့ပြီး ကျွန်တော်ဒဏ်ရာရရှိခဲ့ပေမယ့် အခြားသူများရဲ့ ဒဏ်ရာများကို ရှေးဦးပြုစုပေးနိုင်ခဲ့ပြီး လူထုအကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်ခဲ့လို့ အရမ်းဝမ်းသာပါတယ်။
     ကြက်ခြေနီစေတနာလုပ်အားရှင်အဖြစ် ကူညီဆောင်ရွက်ရတာတွေဟာ အတွေ့အကြုံတွေလည်း အများကြီးရပြီး ရပ်ရွာလူထုကိုလည်း အခြေခံမူ (၇) ချက်နဲ့အညီ ကူညီပေးဖို့ အမြဲတမ်းအသင့်ပါပဲလို့ပြောချင်ပါတယ်။

Read More

  16/ Aug/ 2022

“ရှေးဦးပြုစုခြင်းသင်တန်းတက်ရောက်ပြီးစီးတာနဲ့ ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ခွင့်ရတဲ့အတွက် ဝါသနာနဲ့ ဆန္ဒထပ်တူကျခဲ့လို့‌ ပျော်မိပါတယ်”

“ရှေးဦးပြုစုခြင်းသင်တန်းတက်ရောက်ပြီးစီးတာနဲ့ ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ခွင့်ရတဲ့အတွက် ဝါသနာနဲ့ ဆန္ဒထပ်တူကျခဲ့လို့‌ ပျော်မိပါတယ်”
   ကျွန်မကတော့ မမေဖြိုးသီရိစံပါ။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ကြက်ခြေနီအသင်းခွဲက မြို့နယ်ကြက်ခြေနီတပ်ခွဲမှူးပါ။ ကြက်ခြေနီထဲကိုဝင်ခဲ့တာက ၂၀၁၄ ခုနှစ်ကပါ။ အရင်ကတည်းက ရပ်ကွက်မှာ ကြက်ခြေနီအလုပ်လုပ်တာတွေမြင်တဲ့အခါ ပါဝင်ကူညီချင်ခဲ့ပါတယ်။ တက္ကသိုယ်မှာ ကြက်ခြေနီက ရှေးဦးပြုစုခြင်းသင်တန်းဖွင့်တာနဲ့ တက်ဖြစ်ခဲ့ပြီး “ရှေးဦးပြုစုခြင်းသင်တန်းတက်ရောက်ပြီးစီးတာနဲ့ ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ခွင့်ရတဲ့အတွက် ဝါသနာနဲ့ ဆန္ဒ ထပ်တူကျခဲ့လို့‌ ပျော်မိပါတယ်”
   ကျွန်မရဲ့ ကြက်ခြေနီကူညီပေးမှုသက်တမ်း (၈) နှစ်အတွင်းမှာ မြို့နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ရှေးဦးပြုစုခြင်းသင်တန်းများဖွင့်လှစ်ရာတွင် ကူညီခြင်း၊ ရေဘေး၊ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်တွေဖြစ်လာတဲ့အခါ ကူညီကယ်ဆယ်ခြင်း၊ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့် နေရပ်စွန့်ခွာသူများအတွက် လက်လှမ်းမီသလောက်အကူအညီပေးရေးလုပ်ငန်းတွေကို ဆောင်ရွက်လျှက်ရှိပါတယ်။
   ရေဘေးသင့်ပြည်သူတွေ အဓိကလိုအပ်နေတဲ့ ဆန်နဲ့ဆီ ဝေပေးတဲ့အချိန်မှာ ရေဘေးသင့်ပြည်သူတွေရဲ့ ပျော်ရွှင်သွားတဲ့မျက်နှာကို မြင်ခဲ့ရတော့ ကျွန်မတို့ အပင်ပန်းခံပြီးထုပ်ပိုးခဲ့ရပေမယ့် အမောပြေရပါတယ်။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်ကြက်ခြေနီစေတနာလုပ်အားရှင်တွေကိုလည်း မိမိတို့က ရပ်ရွာလူထုအတွက် စိတ်ရင်းဆန္ဒဝါသနာအရ ကူညီဆောင်ရွက်ပေးနေတာဖြစ်လို့ အခက်အခဲတွေမျိုးစုံရှိလာတဲ့အခါ စိတ်ဓာတ်မကျဘဲ ဆက်လက်ကူညီကြဖို့နဲ့ ရပ်ရွာလူထုကလည်း အကူအညီလိုအပ်တဲ့အခါ ကြက်ခြေနီကို ဆက်သွယ်အကူအညီတောင်းကြပါ။ ကျွန်မတို့က ကူညီဖို့အသင့်ရှိနေပါတယ်။
shorturl.at/ehKW0
https://www.facebook.com/info.mrcs
https://twitter.com/MyanmarRedCross
https://www.youtube.com/user/myanmarredcross
https://www.redcross.org.mm/my_MM/
https://www.redcross.org.mm/en_US/

Read More

  15/ Aug/ 2022

ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများတွင် လှုပ်ရှားဆောင်ရွက်နေသူများအား ဂုဏ်ပြုသောအားဖြင့် ဩဂုတ်လ (၁၉) ရက်နေ့ကို ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပြီး၊ အခက်အခဲများကြားမှ ဆက်လက်၍ လိုအပ်နေသော လူများအား အသက်ကယ်ဆယ်ရေးနှင့် လိုအပ်သော ကူညီထောက်ပံ့ပေးနိုင်ရန် ကူညီပေးနေသော လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နေသူများအားလုံးကို ဂုဏ်ပြုအပ်သောနေ့လည်းဖြစ်ပါသည်။
#WorldHumanitarianDay
   
https://m.facebook.com/story.php?story_fbid=639070221123583&id=100050618313560
https://www.facebook.com/info.mrcs
https://twitter.com/MyanmarRedCross?s=20&t=lr9Ie_1v6V18-TL1S5fp6A
https://www.youtube.com/user/myanmarredcross/featured
 

Read More

  14/ Aug/ 2022

#WorldHumanitarianDay2022

ဩဂုတ်လ (၁၉) ရက်နေ့ကို ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့ အထိမ်းအမှတ်အဖြစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများတွင် လှုပ်ရှားဆောင်ရွက်နေသူများအား ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပြီး၊ အခက်အခဲများကြားမှ ဆက်လက်၍ လိုအပ်နေသော လူများအား အသက်ကယ်ဆယ်ရေးနှင့် လိုအပ်သော ကူညီထောက်ပံ့ပေးနိုင်ရန် ကူညီပေးနေသော လူသားချင်စာနာထောက်ထားမှု အကူအညီပေးအပ်နေသူများအားလုံးကို ဂုဏ်ပြုအပ်သောနေ့လည်းဖြစ်ပါသည်။
World Humanitarian Day is commemorated every year on 19 August to pay tribute to humanitarian workers to honour all aid and health workers who continue, despite the odds, to provide life-saving support and protection to people most in need.
#WorldHumanitarianDay
https://www.facebook.com/info.mrcs
https://twitter.com/MyanmarRedCross
https://www.youtube.com/user/myanmarredcross
https://www.redcross.org.mm/my_MM/
https://www.redcross.org.mm/en_US/

Read More

  12/ Aug/ 2022

ရေဘေးသင့်အိမ်ထောင်စုများအား ဆန်နှင့် အသုံးအဆောင်ပစ္စည်းများ ကြက်ခြေနီက ထောက်ပံ့ကူညီ

မန်တုံ၊ ဩဂုတ်လ (၁၂) ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန်တုံမြို့နယ်တွင် မိုးများစွာရွာသွန်းမှုနှင့် တောင်ကျရေများစွာစီးဆင်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ရေဘေးသင့်အိမ်ထောင်စု (၃၀) စုအား တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၃၀) စုံ၊ ဆေးစိမ်ခြင်ထောင် (၃၀) လုံး၊ စောင် (၆၀) ထည်နှင့် ဆန် (၂၁) ပြည်အိတ် (၆) အိတ်တို့ကို မန်တုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့က သွားရောက်ထောက်ပံ့ခဲ့ပါသည်။  

Read More

  09/ Aug/ 2022

ဇော်ဂျီမြစ်ရေလျှံမှုကြောင့် ရေဘေးသင့်အိမ်ထောင်စုများအား ကြက်ခြေနီက ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်

ရပ်စောက်၊ ဩဂုတ်လ (၉) ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်ရှိ ဇော်ဂျီမြစ်ရေလျှံမှုကြောင့် ဇော်ဂျီရပ်ကွက်နှင့် ဥတ္တားရပ်ကွက်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းတို့ကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
၎င်းရေဘေးသင့်အိမ်ထောင်စုများအား ဆေးစိမ်ခြင်ထောင် (၁၀၀) လုံး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၀၀) စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၀၀) စုံနှင့် နိုင်လွန်ကြိုး (၃) ခွေတို့ကိုလည်း သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Read More