10/ Jun/ 2022

အရေးပေါ်သွေးလိုအပ်နေသူများအတွက် ကြက်ခြေနီက သွေးသန့် (၆) လုံး ကူညီရှာဖွေပေးနိုင်ခဲ့

ဘားအံ၊ ဇွန်လ (၁၀) ရက်။
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်သူ့ဆေးရုံနှင့် တောင်ကုလေး ကုတင် (၁၀၀) ဆေးရုံတို့တွင် ဆေးကုသမှုခံယူနေသော လူနာ (၄) ဦး အရေးပေါ်လိုအပ်သည့် သွေးသန့် (၆) လုံးရရှိရေးအတွက် ဘားအံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် များက သွေးလှူရှင်များနှင့် ကူညီချိတ်ဆက်ရှာဖွေပေးခဲ့ပါသည်။

Read More

  09/ Jun/ 2022

တနင်္သာရီတိုင်းတွင် ၂၄နာရီလူနာတင်ယာဉ်ဝန်ဆောင်မှုများအား ကြက်ခြေနီက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

တနင်္သာရီ၊ ဇွန်လ(၉)ရက်။
၂၄နာရီလူနာတင်ယာဉ်ဝန်ဆောင်မှုများကို ကြက်ခြေနီစေတနာလုပ်အားရှင်များက နိုင်ငံတဝန်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲများအလိုက် ဆောင်ရွက်ပေးလျက်ရှိနေကြပါသည်။ ထိုသို့ဆောင်ရွက်ပေးကြရာတွင် လူနာတင်ယာဉ်တစ်စီးတွင် ပါဝင်ရမည့် ပစ္စည်းကိရိယာအစုံအလင်ဖြင့် ကူညီပေးနေကြခြင်းဖြစ်ပြီး လိုအပ်ပါက ရှေးဦးပြုစုပေးနိုင်စေရန်အတွက် ရှေးဦးပြုစုခြင်းကျွမ်းကျင်သူများဖြင့် လှုပ်ရှားနေကြပါသည်။
ဇွန်လ(၃)ရက်နေ့က ထားဝယ်မြို့၊ ဥဿာရံရပ်ကွက်မှ ဆေးရုံဆင်းလူနာတစ်ဦးအား မယ်ဒီလန်းဆေးရုံမှတစ်ဆင့် နေအိမ်သို့လည်းကောင်း၊ ဇွန်လ(၄)ရက်နေ့ မွန်းလွဲ ၂နာရီခွဲခန့်က သရက်ချောင်းမြို့နယ်၊ ပဲကျေးရွာတွင် နေထိုင်သည့် လူနာတစ်ဦးအား ထားဝယ်ဆေးရုံကြီးမှ နေအိမ်သို့လည်းကောင်း၊ ညနေ ၄နာရီခွဲခန့်က လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာမှ CT Screen ရိုက်မည့်လူနာတစ်ဦးအား မြင့်မိုရ်ဦးဆေးရုံ မှ ထားဝယ်ဆေးရုံကြီး သို့ လည်းကောင်း၊ ည(၇)နာရီခန့်က ထားဝယ်မြို့၊ ဥသာရံရပ်ကွက်မှ အမောဖောက်လူနာတစ်ဦးအား နေအိမ်မှ ထားဝယ်ဆေးရုံကြီးသို့ လည်းကောင်း၊ ည(၈)နာရီခန့်က ထားဝယ်မြို့၊ ကရပ်ပြင်မြောက်ရပ်ကွက်မှ ဘယ်ဘက်ဒူးခေါင်းထိခိုက်ဒဏ်ရာရရှိသော လူနာတစ်ဦးအား ထားဝယ်ဆေးရုံကြီး OPD မှ ဖျားနာဆောင်သို့ လည်းကောင်း၊ ထို့နောက် ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်ကွက်မှ ဘယ်ဘက်နဖူးထိခိုက်ဒဏ်ရာရရှိသူ လူနာတစ်ဦးအား ထားဝယ်ဆေးရုံကြီး OPD မှ ဖျားနာဆောင် သို့ လည်းကောင်း၊ ည (8:10)နာရီအချိန်ခန့်တွင် ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ် က ဘယ်နဖူးဒဏ်ရာရရှိသော သူ အား ထားဝယ်ဆေးရုံကြီး OPD မှ ဖျားနာဆောင် သို့ လည်းကောင်း၊ ဇွန်လ(၅)ရက်နေ့ နေ့လည် (၁၂)နာရီခွဲခန့်က ထားဝယ်မြို့၊ ကရင်ပြင်မြောက်ရပ်ကွက်မှ ဆေးရုံဆင်းလူနာတစ်ဦးအား ထားဝယ်ဆေးရုံကြီး မှ နေအိမ် သို့ လည်းကောင်း၊ မွန်းလွဲ (၁)နာရီခွဲခန့်က ရေဖြူမြို့နယ် (ဂ)ရပ်ကွက်မှ CT Screen ရိုက်မည့်လူနာတစ်ဦးအား ထားဝယ်ဆေးရုံကြီးမှ မယ်ဒီလန်းဆေးရုံသို့ လည်းကောင်း၊ ညနေ (၆)နာရီခွဲခန့်က လောင်းလုံးမြို့နယ်၊ မဲမော်ကျေးရွာမှ လေဖြတ်လူနာစ်ဦးအား နေအိမ်မှ မယ်ဒီလန်းဆေးရုံသို့ လည်းကောင်း၊ ည(၈)နာရီခန့်က ရေဖြူမြို့နယ်၊ ပိန်းရှောင်ကျေးရွာမှ ဗိုက်အောင့်လူနာတစ်ဦးအား ထားဝယ်ဆေးရုံကြီး OPD မှ ဖျားနာဆောင် သို့ လည်းကောင်း အသီးသီးပို့ဆောင်ကူညီပေးခဲ့ကြပါသည်။
အဆိုပါ ၂၄နာရီလူနာတင်ယာဉ်ဝန်ဆောင်မှုများကို “၂၄နာရီ’’ ဆိုသည့်အတိုင်း နံနက်၊ နေ့၊ ည အချိန်မရွေး၊ နေရာမရွေး ရပ်ရွာလူထု အကူအညီလိုအပ်တဲ့အခါတိုင်း အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးနိုင်ဖို့ ကျွန်ုပ်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆက်လက် ကြိုးပမ်းအားထုတ်နေကြပါသည်။

Read More

  09/ Jun/ 2022

သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး နေရာအနှံ့ ကြက်ခြေနီဆောင်ရွက်

ကြက်ခြေနီစေတနာလုပ်အားရှင်များသည် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် သက်ဆိုင်ရာမြို့နယ်များအလိုက် အသိပညာပေးခြင်း နှင့် ကာကွယ်ရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်လျက်ရှိပါသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ကြက်ခြေနီအသင်းခွဲငယ် မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များတွင် ဖုံး/သွန်/လဲ/စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခပ်ခြင်းများ၊ အဘိတ်ဆေးထုပ်များပေးဝေခြင်း နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို ဇွန်လ(၁)ရက်နေ့ နှင့် (၅)ရက်နေ့က ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။
ထို့အပြင် ဇွန်လ(၆)ရက်နေ့က လှိုင်းဘွဲ့မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရွှေဂွန်းကျေးရွာ၊ အောက်တောရပ် ရပ်ကွက်တွင် ဖုံး/သွန်/လဲ/စစ် ပြုလုပ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  08/ Jun/ 2022

ဆေးကုသမှုခံယူမည့် လူနာကို ဆေးရုံသို့ ကြက်ခြေနီက ပို့ဆောင်ကူညီ

စမ်းချောင်း၊ ဇွန်လ(၈)ရက်။
၂၀၂၂ခုနှစ်၊ ဇွန်လ (၇)ရက်နေ့ ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်မှ ဆီးချို လူနာ(၁)ဦးကို စမ်းချောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၄)ဦးတို့က မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူနာတင်ယာဉ်ဖြင့် ရန်ကုန်အနောက်ပိုင်းဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။

Read More

  08/ Jun/ 2022

ထိခိုက်ဒဏ်ရာရရှိသူများအား ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ပေး

လသာ၊ ဇွန်လ (၈)ရက်။
၂၀၂၂ခုနှစ်၊ ဇွန်လ (၇)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်မှ ပေါင်ရိုးကျိုးဝေဒနာရှင် လူနာအမျိုးသားတစ်ဦးအား လသာမြို့နယ်ကြက်‌ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အသင်းခွဲပိုင် ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်ဖြင့် အရိုးရောဂါအထူးကုဆေးရုံ (ကြည့်မြင်တိုင်) သို့ ရက်ချိန်းပြသရန်အတွက် ပို့ဆောင်ကူညီပေးခဲ့ပါသည်။

Read More

  07/ Jun/ 2022

နေရပ်စွန့်ခွာအိမ်ထောင်စုများအား ကြက်ခြေနီက ထောက်ပံ့ပစ္စည်းများပေးအပ်ကူညီ

မြဝတီ၊ ဇွန်လ (၇) ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ဖလူးကြီး၊ ဖလူးလေးနှင့် မဲထော်သလေးကျေးရွာများမှ နေရပ်စွန့်ခွာအိမ်ထောင်စု (၃၃၃) စုတို့အား မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာန၊ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသစီမံချက်မှ ထောက်ပံ့သော အခြေခံစားသောက်ကုန်များနှင့် လိုအပ်သောပစ္စည်းများကို ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့ကြသည်။
အဆိုပါ နေရပ်စွန့်ခွာအိမ်ထောင်စုများအား တာပေါ်လင်စ၊ စောင်၊ ခြင်ထောင်၊ ဖျာ၊ မီးဖိုချောင်သုံးပစ္စည်း၊ အရေးပေါ်သုံးရေဘူး၊ ရေပုံးနှင့် အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း စုစုပေါင်း (၈) မျိုးတို့ကို ပြည်နယ်ကြက်‌ခြေနီတပ်ဖွဲ့မှူး ဦးမြင့်နိုင်၊ စီမံချက်တာဝန်ခံအရာရှိ ဦးမန်းကျော်ခုန်းတာနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သွင်ဦးတို့က မင်းလက်ပံကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

Read More

  07/ Jun/ 2022

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် ကျိုင်းတုံရှိ စိန့်မေရီအနာကြီးရိပ်သာ သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ သွားရောက်လှူဒါန်း

ရန်ကုန်၊ ဇွန်လ (၇) ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင်များသည် ယခုနှစ် မေလ (၁၆) ရက်နေ့က ကျိုင်းတုံမြို့၊ နောင်ကန်ကျေးရွာရှိ စိန့်မေရီအနာကြီးရိပ်သာသို့ သွားရောက်ခဲ့ပြီး ရောဂါသည်များနှင့် ရိပ်သာတာဝန်ရှိ သူများကို တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် အသင်းဥက္ကဌမှ ကြက်ခြေနီမှ ဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာလုပ်ငန်းများ အကြောင်းကို မိတ်ဆက်ပြောကြားခဲ့ပြီး ရိပ်သာတာဝန်ရှိသူများမှ ရောဂါသည်များ၏ အခြေအနေနှင့် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအကြောင်းကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်၊ ဆက်လက်ပြီး ရိပ်သာတွင် အသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ဖြစ်သည့် နှာခေါင်းစည်း (၂,၅၀၀) ခု၊ ခွဲစိတ်ခန်းသုံး တစ်ခါသုံးလက်အိတ် (၂,၀၀၀) ခု၊ လက်သန့်ဆေးရည် (၁၀၀ မီလီ) (၂၄၀) ခု၊ လက်သန့်ဆေးရည် (၅၀၀ မီလီ) (၆၀) ခု၊ ကာဘော်လစ် ဆပ်ပြာ(၅၀) တုံးနှင့် မျက်နှာကာ (၃၀၀) ခုတို့ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

Read More

  07/ Jun/ 2022

တနင်္သာရီတွင် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း(ဆင့်ပွား) သင်တန်းများ ဖွင့်လှစ်

တနင်္သာရီ၊ ဇွန်လ (၇)ရက်။
၂၀၂၂ခုနှစ်၊ ဇွန်လ(၄)ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း (ဆင့်ပွား)သင်တန်းကို ထားဝယ်မြို့ကြက်ခြေနီအသင်းခွဲ ရုံး၌ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းအား ဇွန်လ(၄)ရက်နှင့်(၅)ရက်နေ့များတွင် သင်ကြားပေးခဲ့ပြီး သင်တန်းသား စုစုပေါင်း (၃၇)ဦးတက်ရောက်ခဲ့ကြပါသည်။
မြိတ်မြို့နယ်တွင်လည်း ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း (ဆင့်ပွား) သင်တန်းကို ဇွန်လ(၄)ရက်နေ့က မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ ရုံး၌ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းအား ဇွန်လ(၄)ရက်နှင့် (၅)ရက်များတွင် (၂)ရက်တာသင်ကြားခဲ့ကြပြီး သင်တန်းသား စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြပါသည်။

Read More