09/ Aug/ 2022
08/ Aug/ 2022
05/ Aug/ 2022
မင်းပြား၊ ဩဂုတ်လ (၄)ရက် ။
သန့်ရှင်းသော သောက်ရေသုံးရေ ရရှိမှုက ရပ်ရွာလူထုကျန်းမာရေးမြှင့်တင်မှုတွင် တစ်ဖက်တစ်လမ်းကအထောက်အကူပြုပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရပ်ရွာလူထုအတွက် ရေ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အကျင့်ကောင်းများ ရရှိလာအောင် ဆောင်ရွက်လျှက် ရှိပါတယ်။
ယခုနှစ် ဩဂုတ်လ (၄) ရက်နေ့က ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ ရပ်ရွာလူထု အသုံးပြု လျှက်ရှိသော မင်းကန်သောက်သုံးရေကန်အား ရေကောင်းရေသန့်ရရှိရေးအတွက် မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြပါတယ်။
03/ Aug/ 2022
ဘားအံ၊ ဩဂုတ်လ (၃) ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဝင်းကျန်ကျေးရွာအုပ်စု ဖားလင်ကျေးရွာမှ ကျေးရွာသူကျေးရွာသားများအား မိုးရာသီအတွင်းအဖြစ်များသော မြွေကိုက်ဒဏ်ရာပြုစုနည်းနှင့် အခြေခံအသက်ကယ် အထောက်အကူပြုစုနည်းများကို မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက လက်တွေ့သရုပ်ပြ သင်ကြားပြသပေးခဲ့ပါသည်။ ထို့အပြင် ကြက်ခြေနီအကြောင်းသိကောင်းစရာများနှင့် ခန္ဓာဗေဒအကြောင်းသိကောင်းစရာများကိုလည်း ပြောကြားခဲ့ပါသည်။
01/ Aug/ 2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဩဂုတ်လ (၃) ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်း အကူအညီလိုအပ်နေသူများအတွက် လူမှုကရုဏာ အကူအညီများကို ကြက်ခြေနီအခြေခံမူများနှင့်အညီ စဉ်ဆက်မပြတ်အကူအညီများ ပေးအပ်လျက်ရှိရာ ယခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့မှ (၃၀)ရက်နေ့အထိ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီး၊ ဆီဆိုင်၊ ညောင်ရွှေ၊ ပင်လောင်းနှင့် ရပ်စောက်မြို့နယ်များသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာအိမ်ထောင်စု (၁,၀၀၀) စုတို့အတွက် MPT Telecommunication company ၏ အထောက်အပံ့ဖြင့် အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများကို သွားရောက် ဖြန့်ဝေခဲ့ပါသည်။ အဆိုပါမြို့နယ်များရှိ နေရပ်စွန့်ခွာအိမ်ထောင်စု (၁,၀၀၀)စုတို့အတွက် စောင် (၁,၀၀၀) ထည်၊ မိုးကာအင်္ကျီ (၁,၀၅၀) ထည်၊ စားသုံးဆီ (၂,၁၉၄) ဗူး၊ ခေါက်ဆွဲခြောက် (၂,၀၀၀) ထုပ်နှင့် အသားဗူး (၂,၀၀၀) ဗူးတို့ကို အသင်းဌာနချုပ်မှ ဝန်ထမ်းများ၊ ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် MPT မှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပါသည်။
25/ Jul/ 2022
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀) တွင် ဆေးကုသမှုခံယူနေသော ခွဲစိတ်လူနာတစ်ဦးသည် သွေးလိုအပ်လျှက်ရှိရာ နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၂) ဦးက သွေးလှူရှင်များအား ရှာဖွေပေးခဲ့ပြီး ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့သည်။
21/ Jul/ 2022
https://www.youtube.com/watch?v=C6lm4-G1J7Y
08/ Jul/ 2022
https://www.youtube.com/watch?v=w1Ct8qr72wI