 
									 
								16/ Mar/ 2022
 
  
  
  
  
  
  
  
  
  
  
  
  
  
  
  
  
  
  
  
  
  
  
  
  
  
  
  
 
 
									 
								15/ Mar/ 2022
 ကယားပြည်နယ်မှာလတ်တလောအခက်အခဲတွေကြုံတွေ့နေရပေမယ့် ကျွန်ုပ်တို့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေရဲ့ လူမှုကရုဏာလုပ်ငန်းဆောင်ရွက်မှုတွေဟာ ရပ်တန့်မသွားခဲ့ပါဘူး။ ကျွန်ုပ်တို့တွေဟာ ရပ်ရွာလူထုဆီကို ထိရောက်တဲ့အထောက်အပံ့တွေနဲ့ အကောင်းဆုံးတွေရရှိစေဖို့ အမြဲတမ်းအားထုတ်ကြိုးပမ်းနေကြတာပါ။
 
COVID 19 ရောဂါကူးစက်မှုမြင့်တက်နေချိန်ဖြစ်တာကြောင့် ရောဂါကာကွယ်ရေးအတွက်လိုအပ်တဲ့အကူအညီတွေဆောင်ရွက်ပေးနေကြပြီး COVID 19 RDT ဖြင့်စစ်ပေးတာတွေအပြင် ပိုးတွေ့လူနာတွေကိုလည်း ကူညီပေးပြီး ဆေးဖြန်းတာတွေကိုလည်း ဂရုတစိုက်ပြုလုပ်နေကြပါတယ်။ ကာကွယ်ဆေးထိုးနှံလိုတဲ့ပြည်သူတွေကိုလည်း ကူညီပို့ဆောင်ပေးလျက်ရှိသလို နေရပ်ပြန်ပြည်သူတွေကိုလည်း စိတ်ပိုင်းဆိုင်ရာအားပေးပြီး ပို့ဆောင်ပေးလျက်ရှိပါတယ်။
 
ယခုကာလမှာ ပြည်နယ်တွင်းဒေသခံတွေရဲ့ စားဝတ်နေရေးအခက်အခဲတွေကြုံတွေ့နေရမှုအပေါ် ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်ုပ်တို့ဆက်လက်ဆောင်ရွက်နေကြပါတယ်။ ဒေသတွင်း စားရေးသောက်ရေးအခက်အခဲဖြစ်နေသူတွေအတွက် အစားအသောက်နှင့်ဆေးဝါးထောက်ပံ့ပေးခြင်း၊ နေရပ်စွန့်ခွာပြည်သူတွေကို ဆန်၊ဆီ၊ဆေး၊အသားဗူး၊ ခေါက်ဆွဲကြော်၊ ကြက်သွန်နီ၊ စောင်၊ နို့မှုန့်၊ အဝတ်အထည်၊ ဆပ်ပြာ၊ နှာခေါင်းစည်း၊ လက်သန့်စင်ဆေးရည်နဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းတွေကို အလှူရှင်တွေနဲ့အတူ ချိတ်ဆက်ပြီး ကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။
 
ယခုလို လူမှုကရုဏာအကူအညီတွေကို လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ဆောင်ရွက်နေကြတာဖြစ်ပြီး ရပ်ရွာလူထုအတွက် ပိုမိုထိရောက်တဲ့အထောက်အပံ့အကူအညီတွေကို ထပ်မံပေးပို့နိုင်ဖို့ ကျွန်ုပ်တို့ရဲ့ ကယားပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီကတာဝန်ရှိသူတွေနဲ့ ကယားပြည်နယ်တွင်းက စေတနာလုပ်အားရှင်တွေဟာ အကောင်းဆုံးကြိုးစားလျက်ရှိကြပါတယ်။
 
  
  
  
  
  
  
  
 
 
									 
								15/ Mar/ 2022
 
									 
								12/ Mar/ 2022
 
 
 
									 
								11/ Mar/ 2022
 
  
  
  
  
  
  
  
 
 
									 
								11/ Mar/ 2022
 
 
								  
									 
								11/ Mar/ 2022
 အခြားသူများကို ကူညီဖို့ကျွန်ုပ်တို့ကိုယ်တိုင် ဂရုစိုက်ဖို့လိုပါတယ်။
#RedCrossVolunteer #MRCS
 
 
 
									 
								10/ Mar/ 2022

 
									 
								10/ Mar/ 2022
