03/ Jul/ 2018

ကြက်ခြေနီမှ မယ်ဆိုင်ဂူမှ ထွက်ပေါက်ရှိနိုင်သည့် ထိုင်း - မြန်မာ နယ်စပ်တစ်လျှောက် ထိစပ်ဂယ်ပေါက်ဂူများအတွင်း ရှာဖွေရှာတွင် ပါဝင် ကူညီလျှက်ရှိ 

= = = တာချီလိတ်၊ ဇွန် မြန်မာနိုင်ငံကြက်ခြေနီအသင်း တာချီလိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းကာ ထိုင်းလူငယ် (၁၃)ဦး ပိတ်မိနေသည့် မယ်ဆိုင်ဂူမှ ထွက်ပေါက်ရှိနိုင်သည့် ထိုင်း - မြန်မာ နယ်စပ်တစ်လျှောက် ထိစပ်ဂယ်ပေါက်ဂူများအတွင်း ရှာဖွေခြင်းများကို ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင်လည်း ပါဝင် ကူညီဆောင်ရွက်လျှက်ရှိပါသည်။ ထိုင်းလူငယ် (၁၃)ဦးကို ထိုင်းနိုင်ငံအတွင်းမှ တာဝန်ရှိသူများနှင့် နိုင်ငံတကာမှ ကူညီသူများပူးပေါင်းပြီး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံဘက်ခြမ်းရှိ ရှာဖွေရေးများတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit; Minxtut #PhotoCredit

Read More

  03/ Jul/ 2018

ကြက်ခြေနီမှ ထိုင်းလူငယ် (၁၃)ဦး ပိတ်မိနေသည့် မယ်ဆိုင်ဂူမှ ထွက်ပေါက်ရှိနိုင်သည့် တာချီလိတ်မြို့ရှိ ထိစပ်ဂယ်ပေါက်ဂူများအတွင်း ရှာဖွေရာတွင် ပါဝင် ကူညီ

= = = တာချီလိတ်၊ ဇွန်လ မြန်မာနိုင်ငံကြက်ခြေနီအသင်း တာချီလိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် ခရိုင်/မြို့နယ်မီးသတ်ဦးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲဝန်ထမ်းများနှင့် မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းကာ ထိုင်းလူငယ် (၁၃)ဦး ပိတ်မိနေသည့် မယ်ဆိုင်ဂူမှ ထွက်ပေါက်ရှိနိုင်သည့် တာချီလိတ်မြို့ရှိ ထိစပ်ဂယ်ပေါက်ဂူများအတွင်း ရှာဖွေခြင်းများကို ၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီမှ ညနေ ၃ နာရီအထိ ဆောင်ရွက်ခဲ့ကြပါသည်။ ထိုင်းလူငယ် (၁၃)ဦးကို ထိုင်းနိုင်ငံအတွင်းမှ တာဝန်ရှိသူများနှင့် နိုင်ငံတကာမှ ကူညီသူများပူးပေါင်းပြီး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံဘက်ခြမ်းရှိ ရှာဖွေရေးများတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိသည်။

Credit; Minxtut #PhotoCredit

Read More

  28/ Jun/ 2018

ICRC ဥက္ကဌ ရခိုင်ပြည်နယ်တွင်း ကြက်ခြေနီလှုပ်ရှားမှုမှ လူသားချင်းစာနာမှု အကူအညီများ ဆောင်ရွက်နေသည့် ကျေးရွာတချို့သို့ သွားရောက်လေ့လာ

= = = ရခိုင်၊ ဇွန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ Peter Maurer သည် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီများ တိုးမြှင့်လုပ်ဆောင်ရန် အကူအညီများလိုအပ်နေသည့် ရပ်ရွာလူထု အသိုင်းအဝိုင်းအားလုံးနှင့်အတူ ထိတွေ့ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများသို့ သွားရောက် လေ့လာလျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် ဇွန်လ၂၇ ရက်နေ့တွင် ICRC ဥက္ကဌ Peter Maurer သည် မောင်တောမြို့နယ်အတွင်း ကြက်ခြေနီလှုပ်ရှားမှုမှ လူသားချင်းစာနာမှု အကူအညီများ ဆောင်ရွက်နေသည့် ကျေးရွာတချို့သို့ သွားရောက်လေ့လာခဲ့ပါသည်။ ထို့သို့ လေ့လာရာ ရပ်ရွာလူထုများထဲမှ မောင်တောမြို့နယ် ငခူရကျေးရွာတွင် စားသောက်ဆိုင် ဖွင့်ထားသော ဒေါ်ကျော့စိန်နှင့်လည်း တွေ့ဆုံခဲ့ပါသည်။ ဒေါ်ကျော်စိန်မှ “ ကြက်ခြေနီကပေးတဲ့ အစားအစာဝေမျှမှုကိုပဲ အဓိကအားကိုးပြီးနေရတယ်။ အဲဒါသာမရှိရင် ကျွန်မတို့အန္တရာယ်တွေကြားက စွန့်စားပြီး တခြားနေရာတွေပြောင်းရမှာ. . ”လို့သူမက ပြောခဲ့ပါသည်။ ထို့အပြင် Mr Maurer သည် လူသားချင်းစာနာမှု အကူအညီများအနေဖြင့် ကြက်ခြေနီလှုပ်ရှားမှုက ထောက်ပံ့ပေးသည့် ဆန်၊ သကြား၊ လက်ဖက်ခြောက်၊ တကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းများ၊ မျိုးစေ့နှင့် မြေသြဇာများ ရပ်ရွာလူထုသို့ သွားရောက် ဖြန့်ေ၀ ပေးရာတွင်လည်း လိုက်ပါ ကြကြည့်ရူ့လေ့လာခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ Peter Maurer သည် ရခိုင်ပြည်နယ်ခရီးစဉ်အနေဖြင့် သုံးရက်တာကြာမြင့်မှာဖြစ်ပြီး လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ လိုအပ်နေတဲ့ ရပ်ရွာလူထု အသိုင်းအဝိုင်းများနှင့် တွေ့ဆုံမှာဖြစ်သလို အစိုးရကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Credit; ICRC

Read More

  27/ Jun/ 2018

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများသို့ သွားရောက် လေ့လာလျက်ရှိ

= = = ရခိုင်၊ ဇွန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ Peter Maurer သည် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီများ တိုးမြှင့်လုပ်ဆောင်ရန် အကူအညီများလိုအပ်နေသည့် ရပ်ရွာလူထု အသိုင်းအဝိုင်းအားလုံးနှင့်အတူ ထိတွေ့ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများသို့ သွားရောက် လေ့လာလျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ICRC ဥက္ကဌ Peter Maurer သည် ဘူးသီးတောင်မြို့နယ် ငကျဉ်တောက်ကျေးရွာအုပ်စုရှိ ကြက်ခြေနီလှုပ်ရှားမှု ရွေ့လျားဆေးပေးခန်းတွင် လာရောက်ဆေးကုသမှုခံယူနေသော လူနာ (၇၀) ဦးထဲမှ လူနာအချို့နှင့်အတူ တွေ့ဆုံစကားပြောခဲ့ပါသည်။ ထိုသို့ တွေ့ဆုံစကားပြောစဉ် မိခင်တယောက်မှ Mr Maurer အား"ကျွန်မသမီးက ချောင်းတအားဆိုးနေလို့ လာပြတာပါ . . . ဒီရွေ့လျားဆေးပေးခန်းက ရွာကိုရောက်လာလို့ ဝမ်းသာတယ်" လို့ ပြောကြားခဲ့ပါသည်။

ကြက်ခြေနီလှုပ်ရှားမှု (MRCS, ICRC, IFRC) အနေဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ အချိန်မှီထိရောက်စွာ ပေးနိုင်ရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို ကျေးရွာများအရောက် သွားရောက်ပြီး စမ်းသပ်စစ်ဆေး ဆေးကုသမှုများ ပြုလုပ်ပေးလျက် ရှိသည်။ ရွေ့လျားဆေးပေး ခန်းများသည် ကျန်းမာရေးစောင့်ရှောက်မှုရဖို့ မလွယ်ကူသည့် ဝေးလံခေါင်းပါးဒေသများတွင် မရှိမဖြစ်လိုအပ်လျှက်ရှိပါသည်။ Mr Maurer သည် ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ကြက်ခြေနီဝန်ထမ်းတွေနှင့် တွေ့ဆုံမှာဖြစ်သလို၊ အစားအစာပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် နေရာများတွင်လည်း သွားရောက်ကြည့်ရှုလေ့လာမှာ ဖြစ်တယ်လို့ သတင်းရရှိပါသည်။ Credit; ICRC

Read More

  27/ Jun/ 2018

သဘာဝဘေးအန္တရာယ်တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းများအား ကြက်ခြေနီက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်

=== ဇွန်လ၊ အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းမှုကြောင့် မြန်မာနိုင်ငံတဝှမ်းနှင့် အထူးသဖြင့် တောင်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး လေပြင်းတိုက်ခြင်းများ၊ ရုတ်တရက် မြစ်ရေကြီးခြင်းများဖြစ်ပေါ်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ရေကြီး/ရေလျှံမှုများနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် မြန်မာနိုင်ငံတဝှမ်းရှိ ဘေးအန္တရာယ် ထိခိုက် ခံစားရသော ရပ်ရွာလူထုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကူညီဆောင်ရွက်ပေးလျက်ရှိရာ - ရခိုင်ပြည်နယ် မင်းပြားမြို့ ရေလွှမ်းမိုးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုများအား ထောက်ပံ့ရန် တာပေါ်လင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (Hygiene Kit & Hygiene Parcel) တို့ကို မင်းပြားမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့်အတူ ဆောင်ရွက်လျှက်ရှိခြင်း ရခိုင်ပြည်နယ် အမ်းမြို့နယ် ရေလွှမ်းမိုးမှုကြောင့် အိမ်များမျောပါပျက်စီးသွားသော အိမ်ထောင်စုများအတွက် တာပေါ်လင်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (Hygiene Kit & Hygiene Parcel)၊ မီးဖိုချောင်သုံးပစ္စည်း (Kitchen Set)တို့ကို အမ်းမြို့ကြက်ခြေနီ စေတနာလုပ်အားရှင်များနှင့် အတူ ဆောင်ရွက်လျှက်ရှိခြင်း မွန်ပြည်နယ် မော်လမြိုင်မြို့ ရေလွှမ်းမှုကြောင့် ရေဘေးသင့် အိမ်ထောင်စုများအား ကြက်ခြေနီစေတနာလုပ်အားရှင်များက လုံခြုံသောရေဘေးခိုလုံရာစခန်းသို့ လိုက်ပါ ပို့ဆောင်ပေးခြင်း၊ ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများပေးခဲ့ခြင်း မွန်ပြည်နယ် သံဖြူဇရပ်တွင် ပင - သံဖြူဇရပ် ရထားလမ်းရေကျော်ပြီး ဆက်လက်ခုတ်မောင်းလို့ မရသောကြောင့် ရထားစီးခရီးသည်များအား သံဖြူဇရပ်ကြက်ခြေနီစေတနာလုပ်အားရှင်များက သံဖြူဇရပ်သို့ ပို့ဆောင်ပေးခြင်း၊ ရှေးဦးပြုစုခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ခြင်း မွန်ပြည်နယ် မုဒုံမြို့ ရေလွှမ်းမှုကြောင့် ရေဘေးသင့် အိမ်ထောင်စုများအား ကြက်ခြေနီစေတနာလုပ်အားရှင်းများက လုံခြုံသော ရေဘေးခိုလုံရာစခန်းသို့ လိုက်ပါ ပို့ဆောင်ပေးခြင်းနှင့် ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးခဲ့ခြင်း မွန်ပြည်နယ် မုတ္တမြို့ ရေလွှမ်းမှုကြောင့် ရေဘေးသင့်ပြည်သူများအား ကြက်ခြေနီစေတနာလုပ်အားရှင်းများက လုံခြုံသော ရေဘေးခိုလုံရာစခန်းသို့ လိုက်ပါ ပို့ဆောင်ပေးခြင်းနှင့် ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများပေးခဲ့ခြင်း၊ ထမင်းထုတ်များ ပေးဝေခြင်းနှင့် မုတ္တမတိုက်နယ် ဆေးရုံအတွင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ခြင်း မွန်ပြည်နယ် ရေးမြို့ ရေလွှမ်းမှုကြောင့် ရေဘေးသင့်ပြည်သူများအား ကြက်ခြေနီစေတနာလုပ်အားရှင်များက လုံခြုံသော ရေဘေးခိုလုံရာစခန်းသို့ လိုက်ပါ ပို့ဆောင်ပေးခြင်း၊ အရေးပေါ် ရှာဖွေကယ်ဆယ်ခြင်းနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအား ဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်ပေးခဲ့ခြင်း ဧရာဝတီတိုင်းဒေသကြီး ညောင်းတုန်းမြို့တွင် မြစ်ကမ်းပါးပြိုကျသောကြောင့် ရေဘေးသင့်ပြည်သူများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (Hygiene Kit & Hygiene Parcel)များ ထောက်ပံ့ပေးခဲ့ခြင်း စသည်တို့ ဆောင်ရွက်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံတဝှမ်းရှိ ပြည်သူလူထုအတွက် ဘေးဒဏ်ကြံ့ကြံ့ ခံနိုင်ရေး လုပ်ငန်းများကို ရပ်ရွာလူုထုနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ Credit:>>> MRCS EOC

Read More

  27/ Jun/ 2018

သဘာဝဘေးအန္တရာယ်တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းများအား ကြက်ခြေနီက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်

=== ဇွန်လ ၂၀၁၈ ခုနှစ်၊ ဇွန်လမှ စတင်ပြီး ဘင်္ဂလားပင်လယ်တွင် ဖြစ်ပွားခဲ့သည့် ရာသီဥတုအခြေအနေများကြောင့် အနောက်တောင်မုတ်သုံလေအလွန်အားကောင်း၍ နိုင်ငံအနှံ့ မိုးများရွာသွန်းပြီး တိုင်းဒေကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီး/ရေလျှံမှုများနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ရေကြီး/ရေလျှံမှုများနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် မြန်မာနိုင်ငံတဝှမ်းရှိ ဘေးအန္တရာယ် ထိခိုက် ခံစားရသော ရပ်ရွာလူထုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကူညီဆောင်ရွက်ပေးလျက်ရှိရာ ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ကြက်ခြေနီစေတနာလုပ်အားရှင် ၁၂ ဦးတို့က မြစ်ရေကြီးခြင်း သတိပေးချက် များ ဖြန့်ဝေပေးခြင်းနှင့် ရေဝင်သည့် နေအိမ်များမှ မိသားစုများကို နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် တောင်ကုန်းများသို့ ကူညီရွှေ့ပြောင်းပေးခဲ့ခြင်း ရခိုင်ပြည်နယ် သံတွဲမြို့တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက ရေဘေးသင့်ပြည်သူများအား မိသားစုသုံးပစ္စည်းများ (Household Kit) ၂၈ စုံ ထောက်ပံ့ံပေးခဲ့ခြင်း ရခိုင်ပြည်နယ် အမ်းမြို့တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက အမ်း- မအီကားလမ်း၍ အခက် အခဲတွေ့နေသည့် ခရီးသည်များကို လှေဖြင့် ကမ်းကူး ပေးခဲ့ခြင်း ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက ရေဘေးသင့်ပြည်သူ များကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ခြင်း ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့တွင် ထူးကြီး-မဲဇလီကုန်း ကားလမ်းရေကျော်ခြင်းကြောင့် သွားလာရ ခက်ခဲနေသည့် ပြည်သူများအား ကူညီပေးခဲ့ခြင်း မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် ရေဘေးသင့်ပြည်သူများအား တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်း (Hygiene Kit)၊ မီးဖိုချောင်သုံးပစ္စည်း (Kitchen Set)၊ တာပေါ်လင်၊ အဆောက်အဦသုံးပစ္စည်း (Shelter Tools Kit)၊ ကြိုးနှင့် ဓာတ်ဆားထုပ်များ ထောက်ပံ့ ပေးခဲ့ခြင်း မကွေးတိုင်းဒေသကြီး ရေစကြိုမြို့တွင် ကမ်းပြိုသွားသော အိမ်ထောင်စုများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ခြင်း မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် မင်းဘူး-စကုလမ်း ကံမလမ်းပိုင်း ကားလမ်းရေကျော်၍ အချိန် ကြာမြင့်စွာ ပိတ်မိနေသော ခရီးသည်များအား အစားအစာများ ဖြန့်ဝေခြင်းနှင့် ရေကျော်လမ်းများ ဖြတ်ကျော်ရာတွင် ကူညီပေးခဲ့ခြင်း မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် ကြက်ခြေနီစေတနာလုပ်အားရှင် ၃၀ ဦးတို့သည် မြေပြို၍ အိမ်များကို ကူညီရွှေ့ပြောင်းပေးခဲ့ဲခြင်း ရှမ်းပြည်နယ် သီပေါမြို့တွင် ရေဘေးသင့်ပြည်သူများအတွက် ရှေးဦးပြုစုခြင်း သေတ္တာ (First Aid Kit)၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (Hygiene Kit & Hygiene Parcel)၊ အဆောက်အဦသုံးပစ္စည်း (Shelter Tools Kit)များ ထောက်ပံ့ပေးခဲ့ခြင်း စသည်တို့ ဆောင်ရွက်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံတဝှမ်းရှိ ပြည်သူလူထုအတွက် ဘေးဒဏ်ကြံ့ကြံ့ ခံနိုင်ရေး လုပ်ငန်းများကို ရပ်ရွာလူုထုနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ Credit:>>> MRCS EOC

Read More

  27/ Jun/ 2018

ကြက်ခြေနီမှ ရပ်ရွာလူထု မုန်တိုင်းအန္တရာယ်ကင်းရှင်းနိုင်ရန်ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိ

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသအတွင်း နောက်(၉)နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်မည်ဟု မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အနီရောင်အဆင့် ထုတ်ပြန်ခဲ့ပါသည်။ ဖြစ်ပေါ်လာနိုင်မည့် မုန်တိုင်းအန္တရာယ်အတွက် မုန်တိုင်းသတိပေး အလံများလွှင့်ထူခြင်း၊ ပြည်သူလူထုများအား မုန်တိုင်းသတင်း လိုက်လံကြေညာခြင်းနှင့် ပိုစတာများကပ်ခြင်းတို့ကို ရခိုင်ပြည်နယ်တွင်းရှိ စစ်တွေ ၊ မာန်အောင် ၊မင်းပြား မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရပ်ရွာလူထု အန္တရာယ်ကင်းရှင်းနိုင်ရန်ကြိုတင်ပြင်ဆင်    ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Read More

  30/ May/ 2018

ကြက်ခြေနီမှ ရွှေပြည်သာမြို့နယ် လေဘေးသင့် ပြည်သူများအား အကူညီပေးလျက်ရှိ

= = = ရွှေပြည်သာမြို့နယ် လေဘေးသင့် ပြည်သူများနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအား မြန်မာနိုင်ကြက်ခြေနီအသင်း ရွှေပြည်သာမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးစခန်းဖွင့်ကာ ရှေးဦးပြုစုခြင်းများ၊ ကျိုးကျနေသော သစ်ပင် သစ်ကိုင်း ရှင်းလင်းခြင်းများ၊ အိမ်အမိုးလန်ပျက်စီးမှုများကို ဝိုင်းဝန်းကူညီပေးခြင်းများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ထောက်ပံ့ပစွည်းများကို ကူညီသယ်ယူ နေရာချပေးခြင်းများနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီလျှက်ရှိပါသည်။ ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့ နံနက်အစောပိုင်းတွင် ရွှေပြည်သာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၇၆) လုံး ပြိုကျပျက်စီးခဲ့ပြီး၊ နေအိမ် (၅၄၂) လုံး အမိုးလန် ပျက်ပြီးမှုများ ဖြစ်ပွားခဲ့ပါသည်။

Credit; Zaw Moe Aung (SO)

Read More