25/ Sep/ 2020

(၈၃)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး (ပထမနေ့) အခမ်းအနား အစီအစဉ်များဆက်လက်ကျင်းပ

(၈၃)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး (ပထမနေ့) အခမ်းအနား အစီအစဉ်များဆက်လက်ကျင်းပ =================== နေပြည်တော်၊ စက်တင်ဘာ ၂၅ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ (၈၃)ကြိမ်မြောက်ကြက်ခြေနီ ဗဟိုကောင်စီအစည်းအဝေး ပထမနေ့ အခမ်းအနား အစီအစဉ်များကို ယနေ့ နံနက် ၁၀း၃၀ အချိန်တွင် Online Video Conferencing ဖြင့်ဆက်လက် ကျင်းပပြုလုပ်ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့် / အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ကြီးကြပ်မှုကော်မတီ ဥက္ကဌများ၊ တပ်ဖွဲ့မှူးများ၊ အသင်းမှ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ညွှန်းကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်လျက်ရှိပါသည်။ အခမ်းအနားတွင် ကောင်စီအစည်းအဝေး အဖွင့်အမှာစကားကို သဘာပတိဥက္ကဌ ဒေါက်တာမောင်မောင်မြင့်ကပြောကြားခဲ့ပါသည်။ ထို့နောက် (၈၂) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဒုတိယဥက္ကဌ ဒေါက်တာ ဒေါ်အမယာမော်နိုင်မှ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူမှ အသင်းဌာနချုပ်၏ (၂၀၁၉) ခုနှစ် ဇူလိုင်လမှ (၂၀၂၀) ပြည့်နှစ် အထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး အချိန်ပြည့်အလုပ်အမှုဆောင်ဒေါက်တာတင်ညွန့်မှ (၈၃) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးသို့ တင်သွင်းသည့် အမှုဆောင်အဖွဲ့၏ အစီရင်ခံစာကို ဆက်လက်တင်ပြခဲ့ပါသည်။ ထို့နောက် အချိန်ပြည့်အလုပ်အမှုဆောင် ဒေါ်ကြူကြူဝင်းမှ အမှုဆောင်အဖွဲ့၏ (၂၀၁၉) ခုနှစ် ဘဏ္ဍာရေးအစီရင်ခံစာနှင့် အတွင်းစာရင်းစစ်၏ လုပ်ငန်းဆောင်ရွက်ချက်များကိုတင်ပြခဲ့ကြပြီး အစည်းအဝေးကို ခေတ္တပ်ရပ်နားခဲ့ပါသည်။ ကောင်စီအစည်းအဝေး နေ့လယ်ပိုင်း အစီအစဉ်များကို နေ့လည် ၁ နာရီတွင် Video conferencing ဖြင့် ဆက်လက်ကျင်းပမည်ဖြစ်ရာ တပ်ဖွဲ့မှူးချုပ်ဒေါက်တာထိန်လင်းက ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ဗဟိုအုပ်ချုပ်ရေးအဖွဲ့၏ အစီရင်ခံစာကိုတင်ပြမည်ဖြစ်ပြီး ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတို့က ဆောင်ရွက်ပြီးစီးမှု အစီရင်ခံစာများကို ညနေ ၃:၃၀ နာရီထိဆက်လက် တင်ပြဆွေးနွေး သွားကြမည်ဖြစ်ပါသည်။  

Read More

  25/ Sep/ 2020

(၈၃)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော်၊ စက်တင်ဘာ ၂၅ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ (၈၃)ကြိမ်မြောက်ကြက်ခြေနီ ဗဟိုကောင်စီအစည်းအဝေးကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာ၂၅ရက်၊နံနက် ၉နာရီအချိန်တွင် Online Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်လျက်ရှိပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့် / အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များ၊ နှီးနွယ်ဝန်ကြီးဌာနများမှ ဖိတ်ကြားထား သူများ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများနှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီမှ တာဝန်ရှိသူများ၊ မိတ်ဖက်အမျိုးသားအသင်းများမှ ဌာနေကိုယ်စားလှယ်များ၊ အသင်းမှ အထွေထွေအတွင်းရေးမှူး၊ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့နောက် အသင်းဥက္ကဌက အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားပထမပိုင်းအစီအစဉ်ကိုခေတ္တရပ်နားခဲ့ပါသည်။

Read More

  24/ Sep/ 2020

ရန်ကုန်တွင် COVID-19ရောဂါကာကွယ်‌ရေးလုပ်ငန်းများ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ကြက်‌ခြေနီ‌စေတနာလုပ်အားရှင်များအတွက် အသိပညာပေး သင်တန်းဖွင့်

နေပြည်တော်၊ စက်တင်ဘာ ၂၄ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး၌ COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးသင်တန်းဖွင့်ပွဲကို ပြုလုပ်ခဲ့ရာ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချို၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့်၊ အတွင်းရေးမှူး ဦးမိုးကျော်၊ ဥတ္တရခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါ်မေကလျာဝင်း၊ ခရိုင်ကြက်‌ခြေနီတပ်ဖွဲ့မှူးဦးနိုင်ဝင်းစိုးနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြမည့် ကြက်ခြေနီစေတနာလုပ်အားရှင်(၃၅)ဦးတက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းကို စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ရောဂါကာကွယ်ရေးနည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်များ၊ PPE ဝတ်ဆင်နည်းများအား ဆွေးနွေးပို့ချမည်ဖြစ်ပါသည်။

Read More

  23/ Sep/ 2020

တောင်ကြီးတွင် COVID-19 ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်းများ ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်

တောင်ကြီး၊ စက်တင်ဘာ ၂၃ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးမြို့၊ ကျောင်းထိုကျေးရွာတွင် COVID-19 ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေးနှိုးဆော်ခြင်းများကို တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်စုမှူး ဦးကျော်စိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၃ က ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

Read More

  23/ Sep/ 2020

မြစ်သားတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် အလှူရှင်များက ဝတ်စုံများလှူဒါန်း

မြစ်သား၊ စက်တင်ဘာ ၂၃ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ဝတ်စုံနှင့် လူမှုရေးအသင်းအဖွဲ့များအတွက် အလှူငွေများလှူဒါန်းခြင်းအခမ်းအနားကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့ရာအမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်သင်းမြမြသင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်း တို့က အမှာစကားများ ပြောကြားခဲ့ကြပါသည်။ ထို့နောက် အလှူရှင်များမှ လှူဒါန်းသော ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ဝတ်စုံများကို အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လမ်းဦးစီးဌာန ဦးစီးအရာရှိတို့က ပေးအပ်လှူဒါန်းရာ မြို့နယ်ကြက်ခြေနီ အသင်းခွဲ ဥက္ကဌဦးတင့်လွင်ဦး၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ရဲကျော်၊ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးလှိုင်ဝင်းအောင် တို့ကလက်ခံရယူခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ဝတ်စုံ ၅၅ စုံ အား တစ်စုံလျှင် ငွေကျပ် ၃၀၀၀၀ိ/ နှုန်းဖြင့် စုစုပေါင်းတန်ဖိုးငွေ ကျပ် ၁၆၅၀,၀၀၀ိ/ သိန်းကို မြို့နယ်လမ်းဦးစီးဌာန၊ Creative Seven၊ Rise up၊ Mandalay Crown ကုမ္ပဏီများက လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။ ယင်းနောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ကူမဲကြက်ခြေနီတပ်ဖွဲ့၊ မေတ္တာရှင်လူမှုကူညီရေးအသင်း၊ ဗြဟ္မပါလလူမှုကူညီရေးအသင်းတို့အတွက် အလှူငွေကျပ် (၁) သိန်းစီဖြင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှ ငွေကျပ်(၄)သိန်းကို ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။

Read More

  22/ Sep/ 2020

စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူပြီးရောဂါပိုးကင်းစင်သူများအား ကြက်ခြေနီက နေရပ်အသီးသီးသို့ ကူညီ ပို့ဆောင်

စစ်တွေ၊ စက်တင်ဘာ ၂၂ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၂၂ရက်နေ့က ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ထွေးနှင့် စစ်တွေမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်နိုင်ဦး ဦးဆောင်သောကြက်ခြေနီစေတနာလုပ်အားရှင်များက စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူကာ ရောဂါပိုးကင်းစင်၍ပြန်လည်ကျန်းမာလာသူ ၄၆ဦးအား ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူပူးပေါင်းကာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။

Read More

  11/ Sep/ 2020

ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ကိုကြိုဆိုသောအားဖြင့် ကြက်ခြေနီက သွေးသန့်လှူဒါန်း

ရန်ကုန်၊ စက်တင်ဘာ ၁၁ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ (World First Aid Day)ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီက ဦးဆောင်၍ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ စုပေါင်းသွေးသန့်လှူဒါန်းခြင်းကို ယနေ့ စက်တင်ဘာ ၁၁ရက်နေ့က ရန်ကုန်မြို့ရှိအမျိုးသားသွေးလှူဘဏ်တွင် ပြုလုပ်ခဲ့သည်။ COVID-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်းများနှင့် အညီ ယနေ့တွင် ကြက်ခြေနီစေတနာလုပ်အားရှင် ၁၄ဦးကသွေးလှူဒါန်းခဲ့ခြင်းဖြစ်ပြီး လာမည့်ရက်များတွင် ထပ်မံသွေးလှူဒါန်းသွားမည်ဖြစ်သည်။

Read More

  08/ Sep/ 2020

အသင်းဌာနချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များ ညှိနှိုင်းအစည်းအဝေး အွန်လိုင်းဖြင့်ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၈ COVID-19 ရောဂါကာကွယ်ရေးအပါအဝင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၈ ရက်နေ့က အသင်း(ရန်ကုန်ရုံးခွဲ)တွင် အွန်လိုင်းဖြင့်ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်‌‌ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများဖြစ်ကြသောဒေါက်တာဒေါ်ညိုညိုဝင့်နှင့် ဒေါက်တာတင်ထွန်းအောင်၊ ‌ညွန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများ၊ အထောက်အကူပြုအရာရှိများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် အသင်းဌာနချုပ်မှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကိုရှင်းလင်းတင်ပြပါသည်။ ထို့နောက် တိုင်းဒေသ/ပြည်နယ်များမှဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ အသင်းဌာနချုပ်မှဆက်လက်ပံ့ပိုးပေး‌မည့်အစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Read More

  08/ Sep/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ နှင့် အစ္စရေးသံအမတ်ကြီးတို့တွေ့ဆုံ

ရန်ကုန်၊ စက်တင်ဘာ ၈ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာအစ္စရေးသံအမတ်ကြီး Mr. Ronen GILOR တို့သည် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက အသင်း(ရန်ကုန်ရုံးခွဲ) တွင် တွေ့ဆုံခဲ့ပါသည်။ ထို့သို့တွေ့ဆုံရာတွင် အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများဖြစ်ကြသော ဒေါက်တာဒေါ်ညိုညိုဝင့်နှင့် ဒေါက်တာတင်ထွန်းအောင်၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြတ်မင်းနိုင် တို့တက်ရောက်ခဲ့ပြီး အစ္စရေးသံအမတ်ကြီးနှင့်အတူ အစ္စရေးသံရုံးမှ Public Diplomacy ဒေါ်မေဟန်လည်း တက်ရောက်ခဲ့ပါသည်။

Read More