07/ Sep/ 2020
စစ်တွေ၊ စက်တင်ဘာ ၇
၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၇ရက်နေ့က မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ခုတင်၅၀၀ဆံ့ပြည်သူဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် COVID-19 ရောဂါပိုးတွေ့ရှိသူများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း-၁၀၅ခု(တစ်ပတ်စာ)၊ စောင်-၁၀၅ထည်နှင့် ခြင်ထောင်-၁၀၅လုံးတို့ကို ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်ထွေးနှင့် ရခိုင်ပြည်နယ်စီမံချက်လုပ်ငန်းများစီမံခန့်ခွဲမှုယူနစ်မန်နေဂျာဦးစည်သူတိုးညွှန့်တို့က လွှဲပြောင်းပေးအပ်ရာ စစ်တွေဆေးရုံအုပ်ကြီးဒေါက်တာကြည်လွင်က လက်ခံရယူခဲ့ပါသည်။
02/ Sep/ 2020
ဘုရားသုံးဆူ၊ စက်တင်ဘာ ၂
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ အနန်းကွင်းကျေးရွာအဝင်လမ်းနှင့် လူစည်းကားရာနေရာများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများအား အခမဲ့ဖြန့်ဝေခြင်း၊ ရေမလိုလက်သန့်ဆေးရည်များ ဖြန့်ဝေခြင်းနှင့်် စနစ်တကျလက်ဆေးခြင်းအား သရုပ်ပြခြင်းတို့ကို ဘုရားသုံးဆူမြို့ကြက်ခြေနီအသင်းခွဲငယ်မှ တပ်စုမှူး ဒေါ်ဧပရယ်ဝင်းပွင့် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၈ ဦးက ဆောင်ရွက်ခဲ့ကြပါသည်။
01/ Sep/ 2020
တောင်ကြီး၊ စက်တင်ဘာ ၁
မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းဆောင်ရွက်သော အဝတ်နှာခေါင်းစည်း ချုပ်လုပ်ခြင်းသင်တန်းဖွင့်ပွဲ ကို စက်တင်ဘာလ ၁ ရက်နေ့က တောင်ကြီးမြို့ရှိ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးတွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အဝတ်နှာခေါင်းစည်းချုပ်လုပ်ခြင်းသင်တန်း(ပထမအသုတ်)သို့ သင်တန်းသူ ၅ ဦးတက်ရောက်ကြမည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ယခုသင်တန်းမှ ချုပ်လုပ်သည့် အဝတ်နှာခေါင်းစည်း များကို ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။
01/ Sep/ 2020
ပေါက်တော၊ စက်တင်ဘာ ၁
၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁ရက်နေ့က ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း ဖြတ်သန်းသွားလာသူများအား COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့်လက်သန့်စင်စေခြင်း၊ ခရီးသွားမှတ်တမ်းများရယူခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား နှိုးဆော်ခြင်း တို့ကို ပေါက်တောမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်ဝင်းစိုးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
01/ Sep/ 2020
တောင်တွင်းကြီး၊ စက်တင်ဘာ ၁
၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁ရက်နေ့က တောင်တွင်းကြီးမြို့နယ်ကြက်
01/ Sep/ 2020
ရန်ကုန်၊ စက်တင်ဘာ ၁
မြန်မာနိုင်ငံကြက်ခြေနီအသင်း မဟာဗျူဟာ(၂၀၂၁-၂၀၂၅) ပြုစုရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က အသင်း (ရန်ကုန်ရုံးခွဲ)တွင် အွန်လိုင်းဖြင့် ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အချိန်ပိုင်း အလုပ်အမှုဆောင်များ၊အထွေထွေအတွင်းရေးမှူးနှင့် ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက် ရောက် ဆွေးနွေးခဲ့ကြပါသည်။
စက်တင်ဘာ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ လေးရက်တာ ပြုလုပ်သွားမည့် အဆိုပါဆွေးနွေးပွဲတွင် နောင်လာမည့် (၅)နှစ်တာ ကာလအတွင်း အသင်းကဆောင်ရွက်မည့် လုပ်ငန်းများအတွက် ထည့်သွင်းရေးဆွဲသင့်သည့် လုပ်ငန်း များနှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်ပါသည်။
၎င်းအပြင် ဩဂုတ်လ ၁၈ ရက်မှ ၁၉ ရက်နေ့အထိ နေပြည်တော် ဌာနချုပ်တွင်လည်း ပြည်နယ်/တိုင်းဒေသကြီးများမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများနှင့် ကော်မတီဝင်များပါဝင်သည့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။
01/ Sep/ 2020
ခန္တီး၊ စက်တင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ခန္တီးမြို့သို့ မန္တလေးတိုင်းဒေသကြီးမှလေကြောင်းလိုင်းဖြင့်ဝင်ရောက်လာသူများအား COVID-19 ရောဂါကာကွယ်ရေးအဖြစ် ခရီးသွားရာဇဝင်ယူခြင်း၊ လက်သန့်ဆေးရည်ဖြင့်စနစ်တကျဆေးကျောစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများအပြင် တရုတ်နိုင်ငံမှ ဝင်ရောက်လာသူတစ်ဦးအား အသွားအလာကန့်သတ်စောင့်ကြည့်သွားမည့် နေရာသို့ပို့ဆောင်ခြင်းအပြင် အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း(တစ်ပတ်စာ)ထောက်ပံ့ခြင်းကို ခန္တီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူးဦးသိန်းဇော်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များကမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာ၁ရက်နေ့က ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
01/ Sep/ 2020
မန္တလေး၊ စက်တင်ဘာ ၁
COVID-19 ရောဂါကာကွယ်ရေး လှုပ်ရှားမှုများတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး)မှ မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့သို့ နှာခေါင်းစည်း(၁၀၀၀)ခု၊ PPE ဝတ်စုံ (၁၀)စုံ၊ လက်သန့်ဆေးရည် (၁၀)ဘူးနှင့် ဓာတ်ဆားထုတ် (၁၀၀) ထုတ်ပေးအပ်လှူဒါန်းခြင်းကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ကမြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး)၌ ပြုလုပ်ခဲ့ပါသည်။
လှူဒါန်းပွဲတွင် မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး)ဥက္ကဌ ပါမောက္ခ ဒေါက်တာခင်မောင်မြင့်မှ ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး(တာဝန်) ဦးကျော်ကျော်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည် ပေးအပ်ခဲ့ပါသည်။
01/ Sep/ 2020
မူဆယ်၊ စက်တင်ဘာ ၁
မူဆယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ OHCတိုးဂိတ်မှ ဖြတ်သန်းသွားလာသူများအား ကိုယ်အပူချိန်တိုင်းပေးခြင်