06/ Sep/ 2020
၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၆ရက်နေ့က ကော့ကရိတ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစောထူးကပေါ် နှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ် ၁ရပ်ကွက် ယာယီလဟာပြင်ဈေးအတွင်း ဖြတ်သန်းသွားလာကြသူများအား COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းများဖြန့်ဝေပေးခြင်း၊ လက်သန့်စင်ဆေးရည်များဝေမျှပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား နှိုးဆော်ပေးခြင်းတို့ကို ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မိတ်ဖက်လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
06/ Sep/ 2020
၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့်၊ အတွင်းရေးမှူး ဦးမိုးကျော်၊ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ ဥတ္တရခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါ်မေကလျာဝင်း၊ ခရိုင်တပ်ဖွဲ့မှူး ဦးနိုင်ဝင်းစိုး၊ တပ်ကုန်းမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဒေါက်တာ
ပြည့်ဖြိုးမျိုး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးအေးဆွေ၊ ပျဥ်းမနားမြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းနိုင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၂၅ ဦး တို့သည် တပ်ကုန်းမြို့နယ်ရှိ မြို့မစျေး၊ အနော်ရထာရပ်ကွက်နှင့် အောင်ဇေယျရပ်ကွက်
တို့၌ COVID-19 ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့် အချက်များအား နှိုးဆော်ခြင်း၊ အသိပညာပေး ပိုစတာများကပ်ခြင်းနှင့် နှာခေါင်းစည်းများ ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
06/ Sep/ 2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ်၁ရပ်ကွက်ရှိ ယာယီလေဟာပြင်စျေးအတွင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြထားသည့် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်ချက်များ၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းတို့ကို ကော့ကရိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဒေါ်နန်းပုလဲဖြူနှင့် မြို့နယ်တပ်ဖွဲ့မှူးဦးစောထူးကပေါ်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၁ဦးတို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ တာဝန်ရှိသူများနှင့် ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၅ရက်ကပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထို့အပြင် စက်တင်ဘာ ၆ရက်နေ့တွင်အဆိုပါစျေးအတွင်းတွင်ပင် မြို့နယ်တပ်ဖွဲ့မှူးဦးဆောင်သောကြက်ခြေနီစေတနာလုပ်အားရှင်၆ဦးက COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်ချက်များ၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်း၊ ရေမလိုလက်သန့်ဆေးရည်များဖြန့်ဝေခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
05/ Sep/ 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်၌ COVID-19 ရောဂါပိုးတွေ့ရှိလူနာများထားရှိရန် အရေးပေါ်တိုးချဲ့လူနာဆောင်ပြုပြင်ရာတွင် ရခိုင်ပြည်နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်ထွေးဦးဆောင်ပြီး ဒုတိယပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြတ်ခိုင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးကျော်နိုင်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၄၀ ဦးတို့က ဝေသာလီအဆောင်၊ ဓါတုဗေဒနှင့် ဇီဝဗေဒအဆောင်တို့တွင် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဖြစ်သည့် အခန်းများသန့်ရှင်းခြင်း၊ အိပ်ကုတင်များတပ်ဆင်ခြင်းနှင့် အခန်းများအား ဆေးဖြန်းခြင်းများကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၅ရက်နေ့ကဆောင်ရွက်ခဲ့ကြသည်။
05/ Sep/ 2020
၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၅ရက်နေ့က မံစီမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်ရှိ စည်ပင်စျေး၊ မိတုံကုန်းဈေးနှင့် မြို့အဝင်/ထွက်ဂိတ်များတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်အလက်များအား နှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများရှိ နေရပ်ပြန်ပြည်သူများအား အသိပညာပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးနှစ်သိမ့်ပေးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
05/ Sep/ 2020
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်း (GTI) သို့ ထမင်းထုပ် (၃၃)ထုပ်၊ ရေမလိုလက်သန့်ဆေးရည် (၂)ဗူး၊ မျက်နှာသုတ်ပဝါ (၃၀)ထည်၊ ရေသန့်ဗူး (၄)ကဒ်၊ သွားတိုက်တံ (၃၀)ချောင်းနှင့် ဆပ်ပြာခဲ (၁၀)ခဲတို့ကို လှူဒါန်းခြင်းနှင့် ကျန်းမာရေးအသိပညာပေးပိုစတာများ ကပ်ပေးခြင်းတို့ကို ဟားခါးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်စုမှုးဒေါ်သဇင်သိန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ခဲ့ကြသည်။
04/ Sep/ 2020
၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၄ရက်နေ့က ကျောက်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးအောင်သင်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရှိ လူအများသွားလာနိုင်သောနေရာများ၊ လမ်းဆုံများ၊ ဈေးများနှင့် ရပ်ကွက်၊ကျေးရွာများအတွင်း COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ အသိပညာပေးပိုစတာများကပ်ခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း တို့ကို COVID - 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
04/ Sep/ 2020
၂၀၂၀ပြည့်နှစ် စက်တင်ဘာလ၄ရက်နေ့က ကျောက်တံခါးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးစန်းလွင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၈ဦးတို့သည် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များအားငွေကြေး ထောက်ပံ့မှုပြုလုပ်ရာတွင် လာရောက်ကြသော ကိုယ်ဝန်ဆောင်အမျိုးသမီးများအား COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား တိုက်တွန်းခြင်းတို့ကို လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပါသည်။
04/ Sep/ 2020
၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၄ ရက်နေ့က မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ၂၆လမ်းနှင့် ၈၆လမ်းဈေးချိုတို့တွင် ချမ်းအေးသာစံ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသိန်းနိုင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဗြဟ္မစိုရ်လူမှုရေးအသင်း၊ ပရဟိတမင်းခေါင် လူမှုရေးအသင်း၊
မန္တလာရောင်စဉ် အဖွဲ့တို့နှင့် ပူးပေါင်းကာ COVID-19ရောဂါကာကွယ်ရေးအတွက်
နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ ပေးဝေခြင်း၊ ပိုစတာများ ကပ်
ခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်း
များ ပြုလုပ်ခဲ့ကြပါသည်။
ထို့အတူ မိခင်ကြီးဒေါ်ခင်အေးအေး အားရည်စူး၍ ဦးခင်ညိုမိသားစုမှ နှာခေါင်းစည်း (၁၀၀၀)ခု၊ ဈေးချို၈၆လမ်းမိသားစုမှ နှာခေါင်းစည်း (၄၀၀၀)ခု တို့ကို ပေးအပ်
လှူဒါန်းကြရာ တိုင်းကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်ကျော်နှင့် မြို့နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းအောင် တို့မှလက်ခံရယူခဲ့ကြပါသည်။