02/ Apr/ 2020

အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ကြက်ခြေနီမှ ပူးပေါင်း ဆောင်ရွက်

လွိုင်ကော်၊ ဧပြီ ၁၂ ကယားပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမျိုးတင့်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ပိုးသတ်ဆေးဖျန်းခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ၂၀၂၀ပြည့်နှစ် ဧပြီလ ၁၀ရက်နေ့က ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  30/ Mar/ 2020

ကြက်ခြေနီမှ ပဲခူးတိုင်းဒေသကြီးတွင် COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေးတွင် ပူးပေါင်းဆောင်ရွက်

ပဲခူး၊ မတ်လ ၃၀ ကြက်ခြေနီမှ ပဲခူးတိုင်းဒေသကြီးတွင် COVID-19ကိုရိုနာဗိုင်းရပ်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၀ပြည့်နှစ် မတ်လ ၃၀ရက်နေ့က ပန်းတောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့မှူးဦးမြင့်သိန်းဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၁၀)ဦးသည် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသူများကို ပန်းတောင်းမြို့နယ်တွင်ထားရှိသွားမည့် အသွားအလာကန့်သတ်သွားမည့် စခန်းဖွင့်လှစ်နိုင်ရန်အတွက် ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ နေရာထိုင်ခင်းစီစဉ်ပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ပေါင်းတည်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးကြည်ထွန်းဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်(၁၀)ဦးသည် ပေါင်းတည်ဘူတာရုံတွင် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်စစ်ဆေးပေးခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။

Read More

  30/ Mar/ 2020

ကြက်ခြေနီမှ ကယားပြည်နယ်တွင် COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေးတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်

ကယား၊ မတ်လ ၃၀

ကြက်ခြေနီမှ ကယားပြည်နယ်တွင် COVID-19ကိုရိုနာဗိုင်းရပ်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၀ပြည့်နှစ် မတ်လ ၂၉ရက်နေ့က ရှားတောမြို့နယ်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်သီတာလှိုင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များမှ နယ်စပ်ဝင်ထွက်ဂိတ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့နှင့် ပူးပေါင်းကာ ကိုယ်အပူချိန်တိုင်းတာခြင်း၊ မှတ်သားခြင်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
အလားတူ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်နန်းစောတင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များမှပညာပေးပိုစတာနှင့် စတစ်ကာကပ်ခြင်း၊ လက်ဆေးခြင်းအသိပညာပေးခြင်းများပြုလုပ်ခဲ့ပါသည်။
လွိုင်ကော်မြို့နယ်တွင်လည်း မြို့အဝင်/အထွက်ဂိတ်များတွင် လွိုင်ကော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ကိုယ်အပူချိန်တိုင်းတာခြင်း၊ မှတ်သားခြင်းများပြုလုပ်ခဲ့သည်။ ထို့အပြင်COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ပိုစတာများကပ်ခြင်း၊ စနစ်တကျလက်ဆေးနည်းသရုပ်ပြခြင်းတို့ကို ကျေးရွာများ၊ ဈေးများ၊ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  30/ Mar/ 2020

နေပြည်တော်ကောင်စီနယ်မြေတွင် ကြက်ခြေနီမှ COVID 19 ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းပူးပေါင်းဆောင်ရွက်

နေပြည်တော်၊ မတ် ၃၀

နေပြည်တော်ကောင်စီနယ်မြေကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးအောင်ချို ၊ ဒက္ခိဏခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ခင်မိုးမိုးနှင့် ဇမ္ဗူသီရိမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးကျော်ကျော်အောင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၅ ဦးတို့သည် ၂၀၂၀ပြည့်နှစ်၊ မတ်လ ၂၈ ရက်နှင့် မတ်လ ၂၉ ရက်နေ့တွင် ဒက္ခိဏခရိုင် ပျဉ်းမနား၊ လယ်ဝေး၊ ဒက္ခိဏသီရိနှင့် ဇမ္ဗူသီရိမြို့နယ်များ၌လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးမိုးကျော်၊ ကြက်ခြေနီဒုတိယတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ ဥတ္တရခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနိုင်ဝင်းစိုးနှင့် တပ်ကုန်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဒေါ်အေးအေးဆွေ ဦးဆောင်သောကြက်ခြေနီစေတနာလုပ်အားရှင် ၅ ဦးတို့သည်မတ်လ ၃၀ ရက်နေ့ တွင် ဥတ္တရခရိုင် တပ်ကုန်း၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိနှင့် ဥတ္တရသီရိမြို့နယ်များ၌လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများနှင့်ပူးပေါင်းကာ COVID 19 ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ ပိုစတာများကပ်ခြင်း၊ အသံချဲစက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
မတ်လ ၃၁ ရက်နေ့တွင်လည်းဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။

 

Read More

  30/ Mar/ 2020

ချင်းပြည်နယ်တွင် ကြက်ခြေနီက COVID 19 ရောဂါကာကွယ်ရေး အသိပညာပေး

ဟားခါး၊ မတ်လ ၃၀

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယတပ်ခွဲမှူးဒေါ်သဇင်သိမ်းဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် COVID-19 ရောဂါကာကွယ်ရေးအတွက် ဟားခါးမြို့နယ်၊ စျေးသစ်ရပ်ကွက်နေပြည်သူများ၊ မိဘမဲ့ဂေဟာရှိ ကလေးငယ်များ၊ ဘိုးဘွားရိပ်သားများ ရှိအဘိုး၊ အဘွားများကို COVID 19 ရောဂါကာကွယ်ရေးနည်းလမ်းအသိပညာပေးခြင်း၊ ကာပေါ်လိပ်ဆပ်ပြာခဲ(၂၀၀)ခန့်အား အခမဲ့လိုက်လံဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 

Read More

  29/ Mar/ 2020

ကြက်ခြေနီမှ ကယားပြည်နယ်တွင် COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်

ကယား၊ မတ်လ ၂၉ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြက်ခြေနီစေတနာလုပ်အားရှင်များသည် COVID-19ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားသည့်အချိန်မှစတင်ကာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအသီးသီးတို့တွင် ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ခြင်း၊ အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ အလားတူ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုင်းနေဇော်ထွေးဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များမှလည်းကောင်း၊ ဖရူဆိုမြို့နယ်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်စန်းစန်းမွှေးဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များမှလည်းကောင်း၊ ဖားဆောင်းမြို့နယ်တွင် ဉီးအောင်မျိုးသွင်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များမှလည်းကောင်း၊ ဘောလခဲမြို့နယ်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနေလင်း ဦးဆောင်သောကြက်ခြေနီစေတနာလုပ်အားရှင်များမှလည်းကောင်း၊ လွိုင်ကော်မြို့နယ်တွင် ကယားပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးဒေါ်ထက်အိဝေ ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များမှလည်းကောင်း COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်းစနစ်တကျအသုံးပြုနည်း၊ စနစ်တကျလက်ဆေးခြင်း၊ အသိပညာပေးပိုစတာများကပ်ခြင်း၊ အသိပညာပေးဟောပြောခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ ကယားပြည်နယ်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ၊ ဈေးများ၊ ကားဂိတ်များနှင့် လူစည်ကားရာနေရာများတွင် ၂၀၂၀ပြည့်နှစ် မတ်လ ၂၆ရက်မှ ၂၉ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  26/ Mar/ 2020

မွန်ပြည်နယ်တွင် ကြက်ခြေနီမှ COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကာကွယ်ရေး ဆောင်ရွက်

မွန်ပြည်နယ်၊ မတ် ၂၆


၂၀၂၀ပြည့်နှစ် မတ်လ ၂၆ရက်နေ့တွင် သထုံခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယခရိုင်တပ်ဖွဲ့မှူး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၁၅)ဦးတို့သည် ကျိုက်ထိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ တို့နှင့် ပူးပေါင်းကာ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ ဈေးများနှင့် လူစည်ကားရာနေရာများတွင် COVID-19ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ ပိုစတာနှင့် စတစ်ကာများ ကပ်ခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်သန့်ဆေးရည်များ ဖြန့်‌ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အလားတူ ဘီးလင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၁၅)ဦးတို့သည် မြို့နယ်ကျန်းမာရေးဌာနနှင့် ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ် မတ်လ၂၆ရက်နေ့ နံနက်(၉)နာရီခန့်က ဘီးလင်းမြို့နယ်ရှိ ဈေးများနှင့် လူစည်ကားရာနေရာများတွင် COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဝေခြင်း၊ ပိုစတာများကပ်ခြင်း၊ စနစ်တကျလက်ဆေးနည်း သရုပ်ပြခြင်းနှင့် အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  25/ Mar/ 2020

ချင်းပြည်နယ်တွင် ကြက်ခြေနီမှ COVID-19ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး ဆောင်ရွက်

ချင်းပြည်နယ်၊ မတ်လ ၂၅

၂၀၂၀ပြည့်နှစ် မတ်လ၂၅ရက်နေ့က ဟားခါးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဟားခါးမြို့အတွင်းရှိ ဈေးများနှင့် လူစည်ကားရာနေရာများတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ထန်တလန်မြို့အဝင်ဂိတ်တွင်လည်း ချင်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ တပ်ဖွဲ့မှူး ဦးကျုံဟူး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၅)ဦးတို့မှ COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျှက်ရှိပါသည်။

Read More

  20/ Mar/ 2020

ပဲခူးတိုင်းတွင် ကြက်ခြေနီမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး ဆက်လက် ဆောင်ရွက်

ပဲခူးတိုင်း၊ မတ်လ ၂၀

ပဲခူးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ပဲခူးခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ပဲခူးမြို့နယ်ကြက်ခြေနီအသင်းခွဲ များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနမှ ဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များ နှင့်ပူးပေါင်းကာ ပဲခူးမြို့နယ်အတွင်းရှိ ဈေးများ၊ ကားဂိတ်များ၊ စက်ရုံများ၊ လူစည်ကားရာနေရာများတွင် ဘုရားဖူးလာပြည်သူများ၊ ခရီးသွားပြည်သူများအား COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ၊ စတေကာများ၊ ပိုစတာများဖြန့်ဝေခြင်း နှင့် လက်ကိုဆပ်ပြာဖြင့် စနစ်တကျ မကြာခဏဆေးကြောရန်နှင့် လက်သန့်စင်ဆေးရည်အသုံးပြုရန် တိုက်တွန်းခြင်းများကို ၂၀၂၀ပြည့်နှစ် မတ်လ ၂၀ရက်နေ့က ဆောင်ရွက်ခဲ့ကြသည်။

Read More