11/ Apr/ 2020

ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးလဖိုင်ဘရန်ဒီး ဖားကန့်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်စခန်းတွင် လုပ်အားပေးနေသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား သွားရောက်ကြည့်ရှုအားပေး

ဖားကန့်၊ ဗန်းမော် ဧပြီ၁၁ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးလဖိုင်ဘရန်ဒီးနှင့်အဖွဲ့သည် ၂၀၂၀ပြည့်နှစ်၊ ဧပြီလ(၁၀)ရက်နေ့က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာဝင်ပေါက်ဂိတ်တွင်ဖြတ်သန်းသွားလာသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း ဆောင်ရွက်ပေးနေသော ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် အသွားအလာကန့်သတ်စောင့်ကြည့်စခန်းတွင် ဌာနဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအားသွားရောက်ကြည့်ရှုကာ နှာခေါင်းစည်းများထောက်ပံ့ပေးခြင်း၊ အားပေးစကားများပြောကြားခြင်းနှင့် အသွားအလာကန့်သတ်စောင့်ကြည့်စခန်းသို့ အလှူငွေ(၁၀၀,၀၀၀)ကျပ်ထောက်ပံ့ပေးအပ်ခဲ့သည်။ အလားတူ ဗန်းမော်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီတပ်ခွဲမှူးဒေါ်သန်းသန်းမြင့်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြို့နယ်အတွင်းရှိ စင့်ကင်၊ ငှက်ပျောတော၊ သဖန်းပင်ကျေးရွာများသို့ သွားရောက်ခဲ့ပြီး ကျေးရွာနေပြည်သူများအား COVID-19 ရောဂါအန္တရာယ်နှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို လိုက်လံအသိပေးခဲ့ပါသည်။

Read More

  10/ Apr/ 2020

ကြက်ခြေနီမှ မွန်ပြည်နယ်အတွင်း COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် ဆက်လက်ဆောင်ရွက်

ရေး၊ ဧပြီ ၁၀

မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် အလှူရှင်များ ပံ့ပိုးကူညီမှုဖြင့် မွန်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဌ ဦးချိုမင်းလင်း၊ ပြည်နယ်တပ်ဖွဲ့မှူး ဦးကျော်မြင့်၊ ရေးမြို့နယ်အသင်းခွဲ ဒုတိယ ဥက္ကဌနှင့်အမှုဆောင်များ၊ ရေးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးနိုင်ဇော်လတ် ဦးဆောင်သော ကြက်ခြေနီစေတနာ လုပ်အားရှင် (၅၀)ဦးတို့သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၀ ရက်နေ့၊ နံနက်(၉:၀၀)နာရီ အချိန်မှ စတင်ကာ ရေးမြို့နယ်၊ ရွှေဆံတော်ဘုရားရှေ့၊ စျေးရှေ့၊ အောင်သုခရပ်ကွက်၊ ဘူတာပိုင်း၊ ချောင်းတောင်ကျေးရွာ၊ အဏ္ဏ၀ါရပ်ကွက်များရှိ ပြည်သူလူထုများအား COVID-19ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေး ပိုစတာ(၁၀၀)၊ စတစ်ကာ(၅၀) ကပ်ခြင်း၊ လက်စနစ်တကျ ဆေးနည်း သရုပ်ပြခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်သန့်ဆေးရည်(Hand Sanitizer) (၁၅၀၀)ဗူး ဖြန့်‌ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ ပါသည်။

Read More

  09/ Apr/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် COVID-19 ရောဂါကာကွယ်ရေးအတွက် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် လုပ်အားပေးနေသည့် ကြက်ခြေနီစေတနာလုပ်အားရှင် များအား သွားရောက်ကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူတက်တက်ကြွကြွ ပူးပေါင်းလုပ်ဆောင်လျှက်ရှိရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၈ ရက်နေ့ နေ့လည်ပိုင်းတွင် သင်္ကန်းကျွန်းမြို့နယ်ရှိ အသွားအလာကန့်သတ်စောင့် ကြည့်ရေးစခန်းတွင် လုပ်အားပေးနေကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် အချိန်ပြည့်အလုပ်အမှုဆောင်ဒေါက်တာ တင်ညွန့်၊ ဒုတိယအထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဒေါ်ညိုညိုဝင့်၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးကျော်မိုးကြည်နှင့် တာဝန်ရှိသူများ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်၊ အဖွဲ့အစည်းဆိုင်ရာဖွံဖြိုးတိုးတက်ရေးဌာနညွှန်ကြားရေးမှူး ဒေါက်တာဒေါ်လင်းလင်းသက်နှင့် အတူ အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် လုပ်အားပေးနေကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျေးဇူးတင် အားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက် အသင်းမှပံ့ပိုးသည့်အထောက်အကူပြုပစ္စည်းများ၊ ကိုကာကိုလာကုမ္ပဏီမှ လှူဒါန်းသည့်ရေသန့်နှင့်အချိုရည်များ၊ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဒုတိယဥက္ကဌ ဦးတင်မောင်မှလှူဒါန်းသည့်လက်သန့်ဆေးရည် ဗူး ၅၀၀ တို့ကိုပေးအပ်ခဲ့ပါသည်။ အသင်းဥက္ကဌသည် ယနေ့နံနက်ပိုင်းကလည်း တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် ဖွင့်လှစ်ထား သည့် တိုင်းအဆင့်အရေးပေါ်ကွပ်ကဲမှုကြက်ခြေနီစင်တာကိုသွားရောက်ကြည့်ရှုခဲ့ပြီး တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ၊ တိုင်းကြက်ခြေနီတပ်ဖွဲ့မှူး နှင့် တာဝန်ရှိသူများအား တွေ့ဆုံကာ လိုအပ်ချက်များကိုညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ နိုင်ငံတစ်ဝန်းဒေသအသီးသီးတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ပြည်သူများနှင့်အတူ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။

Read More

  09/ Apr/ 2020

COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ Royal-Dမှ ပစ္စည်းများလာရောက်လှူဒါန်း

COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ Myanmar Oasis Co.,Ltd(Royal D)မှ ဒါရိုက်တာ ဦးဝေလင်းနှင့် Consultant ဒေါက်တာကျော်လင်းတို့အဖွဲ့က ဧပြီလ ၉ ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အသင်းရုံးခွဲတွင် စုစုပေါင်း တန်ဖိုးငွေကျပ်(၃,၄၅၀,၀၀၀) တန်ဖိုးရှိ Digital Thermometer (၅)ခု၊ နှာခေါင်းစည်း Surgical Mask (၃၀၀၀)ခု၊ Royal-D (၅၀၀၀)ဗူး တို့အားလာရောက်လှူဒါန်းရာ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်နှင့် အချိန်ပြည့်အလုပ်အမှုဆောင်ဒေါ်ကြူကြူဝင်းတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။ Image may contain: 2 people, people sitting and indoor

Read More

  09/ Apr/ 2020

ရေနံချောင်းတွင် ကြက်ခြေနီမှ COVID-19ရောဂါကာကွယ်ရေး ဆောင်ရွက

ရေနံချောင်း၊ ဧပြီ ၉

ရေနံချောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးမောင်ကို ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရေနံချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများ၊ ဈေးများ၊ ကားဂိတ်များ၊ လူစည်ကားရာနေရာများ၊ မြို့အဝင်၊အထွက်ဂိတ်များတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျလက်ဆေးနည်း သရုပ်ပြခြင်း၊ ပိုစတာများကပ်ခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့်လက်သန့်စင်စေခြင်း၊ ရောဂါမဖြစ်ပွားအောင် ပြုမူနေထိုင်ရမည့်အချက်များကို အသိပညာပေးဟောပြောခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ် မတ်လ၂၇ရက်နေ့မှ စတင်ကာ ဆောင်ရွက်လျှက်ရှိပါသည်။

Read More

  09/ Apr/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မောင်တောမြို့နယ်တွင် COVID-19ရောဂါ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရခိုင်ပြည်နယ်စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ်မှ ရွေ့လျားဆေးကုသရေး စီမံချက်ဖြင့် မောင်တောမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မောင်တောခရိုင်ကျန်းမာရေးဦးစီးဌာနတို့သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)နှင့် ပူးပေါင်းကာ COVID-19ရောဂါကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများကို မောင်တောမြို့နယ်ရှိ နေရာ(၁၃)နေရာတွင် ၂၀၂၀ပြည့်နှစ် ဧပြီလ ၁ရက်နေ့မှ စတင်ကာ ၃၀ရက်နေ့အထိ ဆောင်ရွက်သွားမည်ဟု သတင်းရရှိပါသည်။ Credit to >>> ဒေါက်တာ ကောင်းထက် [gallery size="medium" ids="3668,3667"]

Read More

  09/ Apr/ 2020

ကြက်ခြေနီမှ မွန်ပြည်နယ်အတွင်း COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် ဆက်လက်ဆောင်ရွက်

မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးချိုမင်းလင်း၊ ပြည်နယ်ကော်မတီ၀င် ဦးမာနူး၊ ပြည်နယ်တပ်ဖွဲ့မှူး ဦးကျော်မြင့် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၃၅)ဦးတို့သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်နေ့၊ ညနေ(၄း၀၀)နာရီအချိန်မှ စတင်ကာ မော်လမြိုင်မြို့နယ်၊ ကျားတံတားလမ်းဆုံ၊ ထား၀ယ်စုစျေးလမ်းဆုံ၊ ဘိုကုန်းလမ်းဆုံ၊ ညောင်လေးပင်ရပ်ကွက်၊ အထက်လမ်းမကြီး လွှတ်တော်အရှေ့၊ လိမ္မော်စဥ်၊ မောင်ငံလမ်းဆုံ၊ မုပွန်လမ်းဆုံ၊ ကျောက်တန်းရပ်ကွက် များရှိ ပြည်သူလူထုများအား COVID-19ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ရောဂါ ကာကွယ်ရေး ပိုစတာ(၂၀၀)၊ စတစ်ကာ(၅၀) ကပ်ခြင်း၊ လက်စနစ်တကျ ဆေးနည်း သရုပ်ပြခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်သန့်ဆေးရည်(Hand Sanitizer) (၃၀၀၀)ဗူး ဖြန့်‌ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ ပါသည်။ အလားတူပင် မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် အလှူရှင်များ ပံ့ပိုးကူညီမှုဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင် (၈)ဦးတို့ သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၇ရက်နေ့တွင် မုဒုံမြို့နယ်၊ ကမာ၀က်မြို့၌ COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင် ရောဂါကာကွယ်ရေး ပိုစတာ(၁၅)၊ စတစ်ကာ(၅)ခု ကပ်ခြင်း၊ လက်စနစ်တကျ ဆေးနည်း သရုပ်ပြခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်သန့်ဆေးရည်(Hand Sanitizer) (၃၀၈)ဗူး ဖြန့်‌ဝေခြင်းတို့ကို ဆောင်ရွက်ပြီး၊ ပြည်သူလူထုပူးပေါင်း၏ ဝိုင်းဝန်းပူးပေါင်းပါဝင်မှုဖြင့် သတ်မှတ်နေရာ အဆောက်အဉီများတွင် ထားရှိပြီး အသွားအလာ ကန့်သတ်ခြင်း (Community Based Facility Quarantine) စခန်းများတွင် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ စာရင်းသွင်းခြင်းနှင့် သောက်/သုံးရေလှူဒါန်းခြင်းများ ပြုလုပ်ပေးကြပါသည်။ ထို့အတူ သထုံမြို့နယ်တွင် အနှိုင်းမဲ့သွေးနှင့်အောက်ဆီဂျင်အဖွဲ့ ဥက္ကဌ ဦးမိုးကျော်သူမှ လှူဒါန်းသော ပိုးသတ်ဆေးရည်ဖြင့် သထုံခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးတင်လှ ဦး‌ဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၉)ဦးတို့သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၇ရက်နေ့တွင် သထုံမြို့နယ်၊ ဘုန်းတော်ကြီးကျောင်း(၁၀)ကျောင်း ၌ ပိုးသတ်ဆေးဖြန်းခြင်း တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ Credit:>>> ဒေါ်လေးလေးခက် [gallery size="medium" ids="3663,3664,3662"]

Read More

  09/ Apr/ 2020

ကျောက်တံခါးမြို့နယ်တွင် ကြက်ခြေနီမှ COVID-19ရောဂါကာကွယ်ရေး ဆောင်ရွက်

ကျောက်တံခါး၊ ဧပြီ ၇ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ကြက်ခြေနီဥက္ကဌ ဦးကျော်ဝင်းအောင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဆန်းလွင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်(၁၆)ဦးတို့သည် ကျောက်တံခါးမြို့နယ်အတွင်းရှိ ဘူတာရုံ၊ စောင့်ကြပ်ကြည့်ရှုရေးစခန်း၊ ကားဂိတ်များနှင့် လူစည်ကားရာနေရာများတွင် COVID-19ရောဂါကာကွယ်ရေး အသိပညာပေး ပိုစတာများကပ်ခြင်း၊ စနစ်တကျလက်ဆေးနည်းသရုပ်ပြခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းတို့ကို ၂၀၂၀ပြည့်နှစ် ဧပြီလ ၄ရက်နေ့မှ ၆ရက်နေ့အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မီးသတ်တပ်ဖွဲ့၊ အခြားလူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ Credit to >>> ဒေါ်ဇင်မာနွယ် [gallery link="file" size="medium" ids="3657,3656"]

Read More

  03/ Apr/ 2020

COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ Total E & P Myanmar မှ အလှူငွေ ပေးအပ်

ရန်ကုန်၊ ဧပြီလ ၃ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Total E & P Myanmar မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အလှူငွေ ပေးအပ်လှူဒါန်းပွဲ ကို ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၃ ရက်နေ့ နံနက်(၁၀)နာရီက ရန်ကုန်မြို့ရှိ အသင်းရုံးခွဲတွင်ပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ Total E & P Myanmar (Yadana Project) General Manager Mr.Romaric Roignan ကလှူဒါန်းရခြင်းအကြောင်းကိုရှင်းလင်းပြောကြားပြီး အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ကိုလှူဒါန်းရာအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် က လက်ခံရယူပြီး COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများအတွက် အကျိုးရှိထိရောက်စွာအသုံးပြုသွားမည်ဖြစ်ပါကြောင်းပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ အဆိုပါလှူဒါန်းပွဲသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အချိန်ပိုင်း အမှုဆောင်များဖြစ်ကြသော ဒေါက်တာတင်ညွန်နှင့် ဒေါက်တာထိန်လင်း၊ အရင်းအမြစ်များစုစည်းအသုံးချရေးဌာနမှူး ဒေါ်မေစန္ဒာမျိုး၊ ကျန်းမာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနေထက်လင်းတို့တက်ရောက်ခဲ့ပြီး Total E&P Myanmar (Yadana Project)မှ General Manager Mr.Romaric Roignan ၊  CSR Manager ဒေါ်ဆွေဆွေဝင်းနှင့် National Program Coordinator ဉီးခင်မောင်တင့် တို့တက်ရောက်ကြပါသည်။ လှူဒါန်း‌ငွေများဖြင့် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် PPE ပစ္စည်များနှင့် အသိပညာပေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ရာ ယခုကဲ့သို့လှူဒါန်းမှုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း အနေဖြင့် Total E&P Myanmar (Yadana Project)အားလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။

Read More