 
									 
								01/ Aug/ 2022
 ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဩဂုတ်လ (၃) ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်း အကူအညီလိုအပ်နေသူများအတွက် လူမှုကရုဏာ အကူအညီများကို ကြက်ခြေနီအခြေခံမူများနှင့်အညီ စဉ်ဆက်မပြတ်အကူအညီများ ပေးအပ်လျက်ရှိရာ ယခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့မှ (၃၀)ရက်နေ့အထိ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီး၊ ဆီဆိုင်၊ ညောင်ရွှေ၊ ပင်လောင်းနှင့် ရပ်စောက်မြို့နယ်များသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာအိမ်ထောင်စု (၁,၀၀၀) စုတို့အတွက် MPT Telecommunication company ၏ အထောက်အပံ့ဖြင့် အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများကို သွားရောက် ဖြန့်ဝေခဲ့ပါသည်။ အဆိုပါမြို့နယ်များရှိ နေရပ်စွန့်ခွာအိမ်ထောင်စု (၁,၀၀၀)စုတို့အတွက် စောင် (၁,၀၀၀) ထည်၊ မိုးကာအင်္ကျီ (၁,၀၅၀) ထည်၊ စားသုံးဆီ (၂,၁၉၄) ဗူး၊ ခေါက်ဆွဲခြောက် (၂,၀၀၀) ထုပ်နှင့် အသားဗူး (၂,၀၀၀) ဗူးတို့ကို အသင်းဌာနချုပ်မှ ဝန်ထမ်းများ၊ ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် MPT မှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပါသည်။
 
 
  
  
 
 
									 
								25/ Jul/ 2022
 ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀) တွင် ဆေးကုသမှုခံယူနေသော ခွဲစိတ်လူနာတစ်ဦးသည် သွေးလိုအပ်လျှက်ရှိရာ နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၂) ဦးက သွေးလှူရှင်များအား ရှာဖွေပေးခဲ့ပြီး ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့သည်။
 
  
 
 
									 
								21/ Jul/ 2022
https://www.youtube.com/watch?v=C6lm4-G1J7Y
 
									 
								08/ Jul/ 2022
https://www.youtube.com/watch?v=w1Ct8qr72wI
 
									 
								30/ Jun/ 2022
 
								30/ Jun/ 2022
 
  
  
  
  
  
  
 
 
									 
								29/ Jun/ 2022
 
 