06/ Jun/ 2022

တာချီလိတ်မြို့သို့ရောက်ရှိလာသော နေရပ်ပြန်များအား ကြက်ခြေနီက ကူညီဆောင်ရွက်ပေးလျက်ရှိ

တာချီလိတ်၊ ဇွန်လ (၆)ရက်။
၂၀၂၂ခုနှစ်၊ ဇွန်လ (၃)ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်း သို့ အကြောင်းအမျိုးမျိုးကြောင့် လာအိုနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် ၁၉၉ ဦးအား ကူညီဆောင်ရွက်ခြင်းများနှင့် COVID -19 ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ အပြင် စံလင်းဖြိုး COVID-19 သီးသန့်ထားရှိစင်တာ တွင် သတ်မှတ်ရက်အတွင်းနေထိုင်နိုင်ရေး များအား ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့နောက် ရောဂါကင်းစင်သူများကို သက်ဆိုင်ရာပြည်နယ် နှင့် တိုင်းဒေသကြီးအသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခြင်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

Read More

  06/ Jun/ 2022

အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းဖွင့်ပွဲတက်ရောက်

ရန်ကုန်၊ ၂၀၂၂ခုနှစ်၊ ဇွန်လ(၆)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ထိုင်းနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းဖွင့်ပွဲကို ဇွန်လ(၆)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ လူမှုကရုဏာဆိုင်ရာ ပညာရေးစင်တာ၌ပြုလုပ်ရာ အသင်း
ဥက္ကဌဒေါက်တာမောင်မောင်မြင့် onlineမှ တက်ရောက်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က အမှာစကား ပြောကြားရာတွင် အသင်းအနေဖြင့် ရှေးဦးပြုစုခြင်းလုပ်ငန်းများကို ကြက်ခြေနီစေတနာလုပ်အားရှင်များသာမကဘဲ ပြည်သူလူထုတိုင်း ရှေးဦးပြုစုခြင်းပညာရပ်များ တတ်မြောက်‌စေရန်၊တတ်မြောက်ထားသည့် ရှေးဦးပြုစုခြင်း ပညာရပ်များဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်စေရန် သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ရှေးဦးပြုစုခြင်းပညာရပ်များကို မိမိအတွက်၊ မိသားစုဝင်များအတွက်၊ ပတ်ဝန်းကျင်အတွက် အကျိုးရှိအောင် ပြန်လည်အသုံးချပြီး အများလေးစားရသည့် စံနမူနာပြု နည်းပြကောင်းများအဖြစ် လူမှုကရုဏာလုပ်ငန်းများကို ဆောင်ရွက်ကြရန် ဆန္ဒပြုပါကြောင်း ပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယအထွေထွေအတွင်းရေးမှူးများဖြစ်ကြသော ဒေါက်တာဒေါ်ညိုညိုဝင့်နှင့် ဒေါက်တာတင်ထွန်းအောင်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
ဇွန်လ(၆)ရက်နေ့မှ ဇွန်လ(၁၃)ရက်နေ့အထိ (၈)ရက်ကြာပြုလုပ်မည့် အဆိုပါသင်တန်းသို့ပဲခူးတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင် သင်တန်းသား/သူ (၃၀)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ သင်တန်းသား/သူ(၃)ဦး၊ စုစု‌ပေါင်း(၃၃)ဦး တက်ရောက်ကြမည်ဖြစ်ပါသည်။

Read More

  05/ Jun/ 2022

ဘိုကလေးတွင် ကြက်ခြေနီမှ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံ သင်တန်းဖွင့်လှစ်

ဘိုကလေး၊ ဇွန်လ (၅)ရက် ။
၂၀၂၂ ခုနှစ်၊ ဇွန်လ (၄)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ချိုကြည်သာသနာ့ဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်က အမှာစကားပြောကြားခဲ့ပြီး မြင်းကကုန်းကျေးရွာနှင့် မလော့ကျေးရွာ ကြက်ခြေနီအသင်းခွဲငယ်များသို့ ဆေးအိတ်နှင့် Hand Speaker များပေးအပ်ခဲ့ကြပါသည်။
အခမ်းအနားကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူများ၊ ဖျာပုံခရိုင် ဒုတိယကြက်ခြေနီတပ်ဖွဲ့မှူး ဦးနေဝင်းအောင်၊ ဘိုကလေးမြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်များနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ သင်တန်းကို ဇွန်လ(၄)ရက်နေ့မှ (၅)ရက်နေ့အထိ (၂)ရက်​ကြာ ဖွင့်လှစ် သင်ကြားလျက်ရှိပြီး စုစုပေါင်း သင်တန်းသား/သူ (၅၀) ဦးတက်ရောက်လျှက်ရှိကြပါသည်။

Read More

  04/ Jun/ 2022

ဆေးကုသမှုခံယူမည့် လူနာများ ဆေးရုံ၊ ဆေးခန်းသို့ အချိန်မီသွားရောက်နိုင်ရန် ကြက်ခြေနီက ကူညီ

ရန်ကုန်၊ ၂၀၂၂ခုနှစ်၊ ဇွန်လ(၄)ရက်။
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြို့နယ်အတွင်းမှ ဆေးကုသမှုခံယူရန်လိုအပ်သည့်လူနာများ ဆေးရုံ၊ ဆေးခန်းသို့ အချိန်မီသွားရောက်နိုင်ရန် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိပါသည်။
ထို့အပြင် မြို့နယ်အတွင်းမှ ကလေးငယ်များအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်လည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။

Read More

  04/ Jun/ 2022

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ကြက်ခြေနီများက ပါဝင်ကူညီလျက်ရှိ

ထားဝယ်၊ ၂၀၂၂ခုနှစ်၊ ဇွန်လ(၄)ရက်။
သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်များတွင် ပြည်နယ်၊ တိုင်းဒေသကြီးများမှကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပါဝင်ကူညီဆောင်ရွက်လျက်ရှိပါသည်။
ဇွန်လ(၄)ရက်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်တွင် ဆောင်ရွက်သော သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လူထုအသိပညာမြှင့်တင်ခြင်းအစီအစဥ်တွင် ထားဝယ်မြို့နယ်ကြက်ခြေနီအသင်းခွဲ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင် များသည် ရပ်ကွက်များအတွင်း အသိပညာပေးခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဆေးဖျန်းခြင်းများကို ပါဝင်ကူညီဆောင်ရွက်ခဲ့ပါသည်။

Read More

  04/ Jun/ 2022

ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကြက်ခြေနီက ဆေးရုံသို့ ကူညီပို့ဆောင်

စမ်းချောင်း၊ ဇွန်လ (၄)ရက် ။
၂၀၂၂ခုနှစ်၊ ဇွန်လ (၄)ရက်နေ့၊ ည(၉)နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ပြည်လမ်း၊ Novotel ဟိုတယ်အနီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး
အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၃)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် စမ်းချောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှစေတနာလုပ်အားရှင်များ သွားရောက်ကာ ရှေးဦးပြုစုပေးခဲ့ပြီး ပရဟိတအသင်းများဖြင့်ပူးပေါင်းကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။

Read More

  04/ Jun/ 2022

ကျောက်တော်တွင် ဆိုင်ကယ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို ကြက်ခြေနီက ရှေးဦးပြုစုပေး

ကျောက်တော်၊ ၂၀၂၂ခုနှစ်၊ ဇွန်လ(၄)ရက်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်အုပ်စု၊ သာယာကုန်းကျေးရွာလမ်းဆုံတွင်ဇွန်လ(၄)ရက်နေ့က ဆိုင်ကယ်မတော်တဆမှုကြောင့် ခြေထောက်ထိခိုက်ဒဏ်ရာရသူ အမျိုးသား (၁)ဦးနှင့် ပွန်းပဲ့ဒဏ်ရာရသူ အမျိုးသား(၁)ဦးတို့ကို ကျောက်တော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၂)ဦးတို့က ရှေးဦးပြုစုပေးပြီး စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

Read More

  03/ Jun/ 2022

ကရင်ပြည်နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များ ဆောင်ရွက်လျှက်ရှိသော လူမှုကရုဏာအကူညီများ

ကရင်၊ ဇွန်လ ၃ ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော လူနာတစ်ဦးသည် အောက်ဆီဂျင်အရေးပေါ်လိုအပ်လျှက်ရှိရာ မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အောက်ဆီဂျင် (၄၀) လီတာ တစ်အိုးကို ကူညီရှာဖွေကာ သွားရောက်ထောက်ပံ့ပေးခဲ့ကြပါသည်။
ထို့အပြင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကလေးများအား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

Read More

  03/ Jun/ 2022

ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကြက်ခြေနီက ကူညီ

နေပြည်တော်၊ ဇွန်လ (၃)ရက်။
၂၀၂၂ခုနှစ်၊ ဇွန်လ (၂)ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မိုး‌ေစွ- အောင်သပြေ ရွာဆက်လမ်းပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသားတစ်ဦးအား ဥတ္တရသီရိမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးက ရှေးဦးပြုစု၍ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။

Read More