04/ Nov/ 2020

COVID-19 ရောဂါကူးစက်ခံရသူများအား ဆေးရုံသို့ ပို့ဆောင်ရာတွင် ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ နှစ်(၇၀၀)အားကစားကွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှ COVID-19 ရောဂါပိုးတွေ့ရှိသူ (၁၀) ဦးအား စစ်ကိုင်းမြို့နယ်၊ ကုတင်(၂၀၀) ဆေးရုံသို့လည်းကောင်း COVID-19 ရောဂါပိုးရှိသူနှင့် ထိတွေ့ဆက်စပ်မှုရှိသူ (၃၆) ဦးအား စစ်ကိုင်းမြို့၊ ဝိဇ္ဇာသိပ္ပံကျောင်း အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့လည်းကောင်း ပို့ဆောင်ပေးခြင်းလုပ်ငန်းများကို စစ်ကိုင်းခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ခရိုင်တပ်ဖွဲ့မှူး ဦးမြင့်သိန်းထွန်းနှင့် မြို့နယ်တပ်ဖွဲ့မှူး ဦးဝင်းမြိုင်တို့ ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၇ ) ဦးတို့က ကျန်းမာရေးဝန်ထမ်းများ၊ မိတ်ဖက်လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  04/ Nov/ 2020

အသွားအလာကန့်သတ်စောင့်ကြည့်ခံရသော အိမ်ထောင်စုများအား ထောက်ပံ့မှုများပြုလုပ်ရာတွင် ကြက်ခြေနီ ကူညီ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၆)ရပ်ကွက် နှင်းဆီလမ်းတွင် အသွားအလာကန့်သတ်ခံစောင့်ကြည့်ခံနေရသော အိမ်ထောင်စု (၇) စုမှ လူဦးရေ (၁၇) ဦးတို့အား အလှူရှင်များက လှူဒါန်းသော ဆန် ၄၂ ပြည်၊ ဆီ ၇ ဘူး၊ ဆား ၁၄ ထုပ်၊ ဓာတ်ဆား ၃၅ ထုပ်၊ အာလူး ၁၀ ပိဿာ၊ ကြက်ဥ ၇၀ လုံး၊ ခေါက်ဆွဲခြောက် ၃၅ ထုပ်၊ ငါးသေတ္တာ ၂၁ ဘူး၊ ပဲ ၃ ပိဿာ၊ ကြာဇံ ၇ ထုပ်၊ နှာခေါင်းစည်း ၁ ဘူးနှင့် ရေမလိုလက်သန့်ဆေးရည် ၁ ဘူး တို့ကို ဘားအံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးဇေယျာမိုးမြင့် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်ထောက်ပံ့ပေးခဲ့ကြသည်။

Read More

  03/ Nov/ 2020

ကြိုတင်ဆန္ဒမဲပေးသူများအတွက် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရပ်ကွက် ၅ ခုရှိ မဲရုံများတွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုရွေးကောက်ပွဲတွင် အသက် ၆ဝ နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးရာ COVID-19 ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ရေမလိုလက်သန့်ဆေးရည်များဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်းနှင့် အဖိုးအဖွားများအားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို မြဝတီမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှုး ဦးအောင်သွင်ဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဦးတို့က ကူညီဆောင်ရွက်ခဲ့ကြပါသည်။

Read More

  02/ Nov/ 2020

မိုင်းဖြတ်မြို့တွင် ကြက်ခြေနီက ကိုဗစ် ၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၂ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့အဝင်ဂိတ်မှ ဖြတ်သန်းသွားလာကြသူများအား မိုင်းဖြတ်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက အပူချိန်တိုင်းပေးခြင်း၊ ခရီးသွားမှတ်တမ်းများရယူခြင်းတို့ကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Read More

  01/ Nov/ 2020

ပုသိမ်ကြီး၌ အသက် ၆၀ နှစ်နှင့် အထက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးရာတွင် COVID-19 ကာကွယ်ရေး ကြက်ခြေနီကူညီဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်မြို့မရပ်ကွက်အုပ်ချုပ်ရေးရုံး၌ အသက် ၆၀ နှစ်နှင့်အထက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးရာတွင်ပုသိမ်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးစိုးမင်းအောင်နှင့် အမှုဆောင်များ၊ မြို့နယ်ကြက်‌ေခြနီတပ်ဖွဲ့မှူး ဦးအောင်သန်း တို့ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် COVID-19 ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်သန့်ဆေးရည်များနှင့်လက်သန့်စင်နိုင်ရန်‌ ကူညီ‌ေပးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Read More

  01/ Nov/ 2020

တပ်ကုန်းတွင် COVID-19 ကာကွယ်ရေးအတွက် ကြက်ခြေနီက အသိပညာပေး၊ နှာခေါင်းစည်းများ ပေးဝေ

၂၀၂၀ပြည့်နှစ်၊ နို၀င်ဘာလ ၁ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်တပ်ကုန်းမြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဋ္ဌ ဦးကျော်စိုး၊ မြို့နယ်ကြက်‌ေခြနီတပ်ဖွဲ့မှူး ဒေါ်အေးအေးဆွေနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၉)ဦးတို့သည် ဗိုလ်မင်းရောင်ရပ်ကွက်၊ အောင်ဇေယျရပ်ကွက် မီးပွိုင့်တို့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ယာဥ်ထိန်းရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းကာ COVID-19 ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ ပေးဝေခြင်း၊ အသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့် အချက်များအား နှိုးဆော်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  01/ Nov/ 2020

ထားဝယ်တွင် ကန့်သတ်ဧရိယာရှိ အိမ်ထောင်စုများအား စားသောက်ကုန်များ ဆက်လက် ပေးဝေရာတွင် ကြက်ခြေနီပါဝင်ကူညီ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ် ကန့်သတ်ဧရိယာအတွင်းရှိ အိမ်ထောင်စု(၁၆၄)စုအတွက် စား‌ေသာက်ကုန်များကို နေ့စဥ် ပေး‌‌ေဝလျက်ရှိရာ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့က ထားဝယ်မြို့နယ်ကြက်‌ေခြနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အိမ်ရှေ့ပြင်ရပ် COVID-19 ထိန်းချုပ်ကာကွယ်ရေး စေတနာ့ဝန်ထမ်းများနှင့်အတူ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

Read More

  31/ Oct/ 2020

မော်လမြိုင်ကျွန်းတွင် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီရာမှာ အနုပညာရှင်တွေနဲ့အတူ ကြက်ခြေနီလည်း ပါဝင်

ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ကျရာနေရာက ပါဝင်ကူညီ နေကြပါတယ်။ ဒီလိုဆောင်ရွက်နေကြရာမှာ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ အနုပညာရှင်တွေနဲ့အတူ ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့က မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်စခန်းများကို သွားရောက်ကာ အသွားအလာကန့်သတ်စောင့်ကြည့်ခံနေရသူများကို စိတ်ပိုင်းဆိုင်ရာ အားပေးကူညီတဲ့အနေဖြင့် တေးသီချင်းများနဲ့ ဖျော်ဖြေခဲ့ကြပါသည်။

Read More