09/ Nov/ 2020

ရန်ကုန်တိုင်းဒေသကြီး၌ အင်အားဖြည့်ကူညီခဲ့သော မွန်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်ငန်းရှင်များပြန်လည်ထွက်ခွာ

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများ၌ အင်အားဖြည့်ကူညီခဲ့ကြသော မွန်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၄၁) ဦးတို့သည် တာဝန်ပြီးဆုံး၍ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်သို့ ပြန်လည်ထွက်ခွာပါသည်။ ထိုသို့ ပြန်လည်မထွက်ခွာမီ လှိုင်တက္ကသိုလ်ဝန်း၊ လှိုင်ကုတင်၅၀၀ဆံ့၊ COVID-19 ကုသရေးစင်တာ တာဝန်ခံဒေါက်တာ ရဲမြင့်အောင်၊ ဌာနချုပ်မှ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာတင်ထွန်းအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်နှင့် အဖွဲ့အစည်းဆိုင်ရာဖွံဖြိုးတိုးတက်ရေး ဌာန ညွှန်ကြားရေးမှူး ဒေါက်တာလင်းလင်းသက်တို့က Debriefing Session ပြုလုပ်၍ဂုဏ်ပြုနှုတ်ဆက်စကားများ ပြောကြားခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် လက်ဆောင်များအသီးသီး ပေးအပ်ခဲ့ပါသည်။ အဆိုပါအဖွဲ့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အစီအစဥ်ဖြင့် လှိုင်ကုတင်၅၀၀ဆံ့၊ COVID-19 ကုသရေးစင်တာတွင် အောက်တိုဘာလ ၁၂ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး မွန်ပြည်နယ်သို့ ပြန်လည်ထွက်ခွာရာတွင် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဦးနေလင်းထွန်းဦးဆောင်သောအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး အဝင်ဂိတ်အထိပို့ဆောင်ပေးကာ ဂုဏ်ပြုနှုတ်ဆက်ခဲ့ပါသည်။

Read More

  08/ Nov/ 2020

ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ဘယ်သူတွေလဲ။

🩸🩸 ရပ်ရွာလူထု ဘေးအနရာယ်နဲ့ကြုံတွေ့ရတဲ့အခါ ကြက်ခြေနီစေတနာ လုပ်အားရှင်တွေက ဘေးအန္တရာယ် တုံ့ပြန်ရေး လုပ်ငန်းများမှာ နေ့မအား၊ ညမနား ပါဝင်ပြီး မည်သည့် အရေးပေါ်အခြေအနေတွင်မဆို ပထမဆုံး တုံ့ပြန်ဆောင်ရွက်သူများ ဖြစ်ပါသည်။ 🩸🩸 🔷🔹 ယခုကြုံတွေ့နေရတဲ့ ကပ်ရောဂါကာလအတွင်းမှာလည်း ရပ်ရွာလူထုကို အသိပညာပေးခြင်းလုပ်ငန်းတွေ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသလို အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွေနဲ့ ရောဂါကုသရေးစင်တာတွေမှာလည်း ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ လုပ်အားပေးလုပ်ငန်းတွေကို အားဖြည့်ကူညီလျက်ရှိကြပါတယ် 🔹🔷 🔷🔹 ဒီနေ့မှာတော့ မကွေးတိုင်းဒေသကြီးက ကြက်ခြေနီစေတနာလုပ်အားရှင်၃၉ ဦးတို့ဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကိုဗစ် ၁၉ရောဂါကုသရေးစင်တာတွေမှာ အားဖြည့်ကူညီပေးကြဖို့အတွက် စတင်ထွက်ခွာလာခဲ့ကြပါပြီ။ 🔹🔷 🔔🔔 ယခုလို လူသားချင်းစာနာထောက်ထားစိတ်အပြည့်နဲ့ ကျရာနေရာကနေ တာဝန်ထမ်းဆောင်ဖို့ရောက်ရှိလာကြမယ့် မကွေးတိုင်းဒေသကြီးက ကျွန်ုပ်တို့ရဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်သူရဲကောင်းတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်း(ဌာနချုပ်)က လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုလျက်ရှိနေပါတယ်။

Read More

  07/ Nov/ 2020

🛑🛑 ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ ကျွန်တော်တို့ရဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ကာကွယ်‌ရေးလုပ်ငန်းတွေကို စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးနေကြပါတယ်။

🙏🙏 ဒီနေ့မှာလည်း သံဖြူဇရပ်မြို့နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ကျိုက္ခမီမြို့၊ ရေလည်ဆံတော်ရှင် ဘုရားပွဲမှာ ဘုရားဖူးလာသူမိဘပြည်သူတွေအတွက် နှာခေါင်းစည်းပေးဝေတာတွေ၊ ကျန်းမာရေးအသိပညာပေးတာတွေ၊ အဖိုးအဖွားတွေကို နွေးထွေးတဲ့မေတ္တာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေကို ဘုရားဂေါပကအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ ဦးစိုးမင်းက ပြောပြခဲ့ပါတယ်။  

Read More

  07/ Nov/ 2020

📣📣 နေထိုင်မှုပုံစံအသစ်မှာ ပြင်ဆင်ပြောင်းလဲခဲ့တဲ့ ရှေးဦးပြုစုခြင်း အလေ့အကျင့်များက ဘာတွေဖြစ်မလဲ။

💥ဒဏ်ရာ ရရှိသည့် လူနာတစ်ဦးကို တွေ့ရှိသည့်အခါတွင် အပြန်အလှန်ရောဂါပိုး ကူးစက်မှု မရှိစေရေးကို ဂရုစိုက်ဆောင်ရွက်ရခြင်း၊ 💥သတိလစ်သောလူနာ၏ မျက်နှာအနီးတွင် မိမိ၏ မျက်နှာကပ်ပြီး အသက်ရှူမှုကိုစစ်ဆေးသည့်စနစ်ကို မလုပ်ဆောင်တော့ခြင်း၊ 💥အသက်ရှူ ရပ်ပြီး နှလုံးခုန်ရပ်နေသည့် လူနာကို နှလုံးနှိုးဆွခြင်းကိုသာ ပြုလုပ်ပြီး အသက်ရှူ အားကူနည်းကို မပြုလုပ်တော့ခြင်း၊ ဒါတွေကတော့ ကပ်ရောဂါကာလအတွင်း ပြင်ဆင်ပြောင်းလဲခဲ့တဲ့ ရှေးဦးပြုစုခြင်းနည်းစနစ်အချို့ပဲဖြစ်ပါတယ်။ 💛💛 ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ရွေးကောက်ပွဲကာလအတွင်း မဲရုံများမှာ ကျန်းမာရေးစောင့်ရှောက်မှုများပေးတဲ့အခါ အရေးပေါ်ဆောင်ရွက်ရမယ့် ရှေးဦးပြုစုခြင်းနည်းစနစ်များကို ဇာတ်တိုက်လေ့ကျင့်နေကြပါတယ်။ 💛💛 👏👏 ရပ်ရွာပြည်သူရဲ့ကောင်းကျိုးကိုသယ်ပိုးဖို့၊ လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ကွက်လပ်ကို ဖြည့်စွက်ပေးဖို့ ကျွန်ုပ်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင်တွေက အချိန်တိုင်းအသင့်ရှိနေကြမှာပါ။ 👏👏

Read More

  07/ Nov/ 2020

နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့်ပါတီစုံဒီမိုက‌ေရစီရွေးကောက်ပွဲမှာ မဲဆန္ဒရှင်များကျန်းမာရေးညီညွတ်စွာ မဲပေးနိုင်ဖို့ဆောင်ရွက်နေရာမှာ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း အကူအညီ ပေးနေကြပါတယ်။

ဒီလိုကူညီရာမှာ တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့မှာတော့ ဇမ္ဗူသီရိအရေးပေါ်လူနာတင်ယာဥ်အဖွဲ့၊ Dawei ဆေးဖြန်းTeam တို့နဲ့ ပူးပေါင်းပြီး မဲရုံ‌ေတွမှာ ဆေးဖြန်းခြင်းကို ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၇ ရက်နေ့က ဆောင်ရွက်ခဲ့တာဖြစ်ပြီး ထားဝယ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦဆောင်တဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များပါဝင်ခဲ့ပါတယ်။ ဒီသတင်းကို တိုင်းဒေသကြီး အထောက်အကူပြုအရာရှိ ဦးမြင့်နိုင်က ပေးပို့ခဲ့တာ ဖြစ်ပါတယ်။  

Read More

  07/ Nov/ 2020

🎀🎀 ရိုင်းပင်းကူညီ ကြက်ခြေနီ 🎀🎀

🤝🤝 ကျွန်တော်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို နေရာအနှံ့မှာ ကူညီဆောင်ရွက်နေကြပါတယ်။ 🤝🤝 💥💥 ကျိုက်မရောမြို့နယ်ရှိ ဖျားနာဆေးကုသခန်းမှာလည်း ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမျိုးမင်းဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ဆေးကုသမှုခံယူသူများကို နေရာချထားခြင်းတွေ၊ စာရင်းမှတ်ပေးခြင်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတွေနဲ့ ယနေ့အထိပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ 💥💥

Read More

  07/ Nov/ 2020

ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ မြို့နယ်ကြက်‌ေခြနီတပ်ဖွဲ့မှူး ဦးဇေယျာမိုးမြင့်နဲ့ကြက်ခြေနီစေတနာလုပ်အားရှင် ၇ ဦးတို့က အ.မ.ကမူလွန် (၃)မဲရုံ၊ တကောင်ဘိုကျေးရွာမဲရုံတို့မှာ COVID-19ရောဂါကာကွယ်ရေး အတွက် ဆေးဖြန်းခြင်း၊ နှာခေါင်းစည်း ၅ဘူး၊ လက်သန့်ဆေးရည် ၁ ဘူးတို့ကို သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြို့နယ်ကြက်ခြေနီတပ်စုမှူး ​ဒေါ်​နော်​ဖော့လားဟိ နဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် ၄ ဦး တို့ကလည်း ဒုံသမိတံတားပိတ်ဆို့တားဆီးရေးအဖွဲ့နဲ့ ပူးပေါင်းပြီး COVID-19 Test စစ်ဆေးတာ၊ ကုန်ကားသမား‌ေတွကို နှာခေါင်းစည်း အခမဲ့ ပေးဝေ၊ ရေမလိုလက်သန့်ဆေးရည်များဖြန်း‌ေပးတာ‌ေတွကိုဆောင်ရွက်ခဲ့ကြပါတယ်။

Read More

  06/ Nov/ 2020

ကျန်းမာရေးညီညွတ်စွာ မဲပေးနိုင်ဖို့လည်း ကြက်ခြေနီတွေက ကူညီနေ

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိမဲရုံများမှာ လာရောက်ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေးနဲ့ညီညွတ်စွာ မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို‌ေဆာင်ရွက်ရာမှာ ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ကျရာနေရာက ပါဝင်ကူညီကြတယ်လို့လည်း သိရပါတယ်။ လယ်ဝေးမြို့နယ် ၊ လယ်တာကြီးကျေးရွာမှာရှိတဲ့ မဲရုံ‌၊ ဥတ္တရသီရိမြို့နယ်မှာရှိတဲ့ မဲရုံတွေကိုသန့်ရှင်းရေးလုပ်တာနဲ့ ဆေးဖြန်းတာတွေကို မြို့နယ်တွေမှာရှိတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေက နိုဝင်ဘာလ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့ကြတယ်လို့ ဦးရဲဝင်းထွန်း သတင်းပေးပို့မှုအရသိရပါတယ်။

Read More

  04/ Nov/ 2020

မြဝတီမြို့နယ်၊ အမှတ် ၂ ချစ်ကြည်ရေးတံတားမှဝင်ရောက်လာသူများအတွက် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၂ ချစ်ကြည်ရေးတံတား Cargo Gate မှတစ်ဆင့် ကုန်တင်ကားများဖြင့် လိုက်ပါဝင်ရောက်လာသော ခရီးသည်များအား COVID-19 ရောဂါ ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စားရင်းများမှတ်သားခြင်း၊ သတင်းပေးပို့ခြင်းနှင့် ထိုနေရာတွင် ပိုးသတ်ဆေးဖြန်းခြင်းတို့ကို မြဝတီမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးအောင်သွင်ဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက နေ့စဥ်ဆောင်ရွက်လျက်ရှိပါသည်။

Read More