11/ Nov/ 2020

ကျွန်တော်တို့ကြက်ခြေနီစေတနာလုပ်အားရှင်တွေရဲ့ ဂရုဏာစွမ်းအားတွေနဲ့ အများပြည်သူအကျိုးအတွက် ကူညီဆောင်ရွက်ပေးနေတာ တောင်ပေါ်မြေပြန့်နေရာအနှံ့ပါပဲ။ 🌼🌼 နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း မိုင်းရှူးမြို့နယ်က ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုင်းစိုးထွန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့ဝင်ဂိတ်နှင့် မိုင်းစံမြို့ဝင်ဂိတ်တွေမှာ ခရီးသည်များ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရန် ကိုယ်အပူချိန်တိုင်းပေးခြင်း၊ စာရင်းမှတ်သားခြင်း စတာတွေကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြပါတယ်။

Read More

  11/ Nov/ 2020

ကျွန်တော်တို့ ကြက်ခြေနီမောင်မယ်များဟာ ပြည်သူများရင်ဆိုင်ကြုံတွေ့နေရတဲ့ COVID-19 ရောဂါဆိုးကြီးကို ပြည်သူနဲ့အတူ တုန့်ပြန်ကျော်လွှားနိုင်ဖို့ တတ်စွမ်းသရွေ့ ပါဝင်ကူညီနေကြတာ နေရာဒေသတိုင်းမှာ ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ရောဂါပိုးတွေ့ရှိသူများ၊ ရောဂါပိုးရှိကြောင်းသံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ဆက်စပ်သူများအား ဆေးရုံများ၊ ကုသရေးစင်တာများ၊ အသွားအလာကန့်သတ်စခန်းများသို့ ပို့ဆောင်ကူညီပေးခြင်း၊ ရောဂါကင်းစင်ပြီး ဆေးရုံမှဆင်းသူများအားကူညီပို့‌ေဆာင်‌ေပးခြင်းများ ပါဝင်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှာတော့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ရောဂါပိုးတွေ့ရှိသူ ၂ ဦးနဲ့ ရောဂါပိုးရှိသူနှင့်ဆက်စပ်သူ ၁ ဦးတို့ကို မြို့နယ်ကြက်ခြေနီအသင်းခွဲက လူနာတင်ယာဉ်နဲ့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Read More

  11/ Nov/ 2020

ရခိုင်ပြည်နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်တွေက မိမိတို့ဒေသအတွင်း ရောဂါပိုးကူးစက်မှုကို လျှော့ချနိုင်စေဖို့အတွက် ရပ်ရွာလူထုကို အသိပညာပေးခြင်းတို့ကို နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြတာကို တွေ့မြင်ရပါတယ်။

နိုဝင်ဘာလ ၉ရက်နေ့နဲ့ ၁၀ရက်နေ့များက ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ရန်အောင်မြေ တိုက်ပွဲရှောင်စခန်း၊ မြောင်းနား တိုက်ပွဲရှောင်စခန်း၊ မြတောင် တိုက်ပွဲရှောင်စခန်းတွေမှာ ကြက်ခြေနီစေတနာလုပ်အားရှင်တွေက စနစ်တကျလက်ဆေးနည်းတွေကို သင်ကြားပေးခဲ့ပြီး ရောဂါကူးစက်မှုမဖြစ်ပွားဖို့ ဘယ်လိုနေထိုင်ဆောင်ရွက်ရမလဲဆိုတာတွေကိုပါ ဗဟုသုတမျှဝေပေးခဲ့ကြပါတယ်။ 👏👏 အလားတူပဲ စစ်တွေမြို့ပေါ်မှာရှိတဲ့ ဗုဒ္ဓမော်ကျောင်းတိုက်(တိုက်ပွဲရှောင်စုရပ်)၊ ဘုရားများသိမ်တော်(တိုက်ပွဲရှောင်စုရပ်)တွေက တိုက်ပွဲရှောင်ပြည်သူတွေကို ရောဂါကာကွယ်‌ရေးအသုံးပြုရန်အတွက် လက်ဆေးဆပ်ပြာရည်တွေ၊ အဝတ်နှာခေါင်းစည်းတွေကို မျှဝေပေးခဲ့ကြပြီး ရောဂါမဖြစ်ပွားအောင် လိုက်နာနေထိုင်ဖို့လည်း အသိပညာပေးခဲ့ကြပါတယ်။

Read More

  11/ Nov/ 2020

ပဲခူးတိုင်းဒေသကြီးအတွင်းက ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းတွေမှာ အားသွန်ခွန်စိုက်စိုက်ရွက်လျက်ရှိကြပါတယ်။ အဲ့ဒီလိုဆောင်ရွက်ရာမှာ ရပ်ရွာလူထုအား ရောဂါအကြောင်းပိုမိုသိရှိနားလည်ပြီး ကြိုတင်ကာကွယ်ရေးများဆောင်ရွက်နိုင်ဖို့နဲ့ ကူးစက်မှုမဖြစ်ပွားစေဖို့ အသိပညာပေးဆောင်ရွက်ကြသလို ရောဂါပိုးကူးစက်ခြင်းခံရသူတွေကိုလည်း နေအိမ်များအသီးသီးမှ ရောဂါကုသရေးစင်တာတွေကိုပို့ဆောင်ရာမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ကူညီဆောင်ရွက်ပေးလျက်ရှိနေတာကို တွေ့မြင်ရပါတယ်။ 🔥🔥 နိုဝင်ဘာလ ၁၁ရက်နေ့က ပဲခူးမြို့ မဇင်းရပ်ကွက်အပိုင် အလယ်ကုန်း၊ အိုးလေးစု ၃လမ်း၊ ၄လမ်း၊ ပြည်တော်သာ အလယ်ကုန်းတို့မှ ပိုးတွေ့လူနာများနဲ့ ဆက်စပ်လူနာ နေအိမ် ပတ်ဝန်းကျင်များကို ဆေးဖြန်းခြင်းတို့ဆောင်ရွက်ရာမှာလည်း ဌာနဆိုင်ရာများက အုပ်ချုပ်ရေးတာဝန်ရှိသူများနဲ့အတူ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြတယ်။

Read More

  11/ Nov/ 2020

ကရင်ပြည်နယ်မှာ COVID-19 ကာကွယ်ရေးအတွက် ကြက်ခြေနီ‌ေစတနာလုပ်အားရှင်‌ေတွက ဆက်လက် ဆောင်ရွက်နေကြပါတယ်.... ဘားအံမြို့မှာရှိတဲ့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်ဖွံဖြိုးတိုးတက်ရေးသင်တန်းကျောင်း အသွားအလာကန့်သတ်စောင့်ကြည့်စခန်း ၊ဘားအံယာဉ်ရပ်နားစခန်းနဲ့ အမက ၃ မဲရုံများအား ဆေးဖြန်းခြင်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲ မြိုနယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇေယျာမိုးမြင့်နဲ့ကြက်ခြေနီစေတနာလုပ်အားရှင် ၄ဦးတို့က ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က ကူညီဆောင်ရွက်ခဲ့ကြတယ်။

Read More

  11/ Nov/ 2020

ကိုဗစ် ၁၉ လစဉ်သတင်းစာစောင် အမှတ် (၃)

Read More

  10/ Nov/ 2020

မြဝတီမြို့နယ်က ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သွင်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ကရင်ပြည်နယ်ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)ဂိတ်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်စေရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်နေကြပါတယ်။ 🔱🔱🔱 နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း အမှတ် (၂) ဂိတ်မှ ဝင်ရောက်လာတဲ့ခရီးသည်များနှင့် နေရပ်ပြန်ပြည်သူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စာရင်းများမှတ်သားခြင်း၊ သတင်းပေးပို့ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ထိုနေရာအား ပိုးသတ်ဆေးဖြန်းပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြတယ်။

Read More

  10/ Nov/ 2020

👨‍👩‍👧‍👦👨‍👩‍👧‍👦 မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနက ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ကျောက်လုံးကြီးအသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှာ နေရပ်ပြန်ပြည်သူတွေအတွက် လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းများနှင့် ငွေကြေးထောက်ပံ့မှုတွေကို အဆက်မပြတ်လုပ်ဆောင်နေပါတယ်။ 🌺🌺 နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ပြည်ပနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ နေရပ်ပြန်ပြည်သူ (၅၃) ဦးကို အဝတ်အထည်၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ခရီးစရိတ်၊ စားစရိတ် စုစုပေါင်း (၂,၅၈၂,၀၀၀ိ/-) ကျပ်တိတိကို မြဝတီမြို့နယ်က ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သွင်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များကတဆင့် ထောက်ပံ့ပေးခဲ့ပါတယ်။

Read More

  09/ Nov/ 2020

လှိုင်မြို့နယ်ရှိ COVID-19 ကုသရေးစင်တာတွင် တာဝန်ထမ်းဆောင်ရန် မကွေးတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ရောက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ COVID-19 ကုသရေးစင်တာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းတာဝန်ထမ်းဆောင်ရန် မကွေးတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃၉ ဦးတို့သည် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၉ ရက်တွင် ရောက်ရှိလာခဲ့ကြပါသည်။ ယင်းအဖွဲ့အား လှိုင်တက္ကသိုလ်ဝန်း၊ လှိုင်ကုတင်(၅၀၀)ဆံ့၊ COVID-19ကုသရေးစင်တာတာဝန်ခံ ဒေါက်တာရဲမြင့်အောင်၊ ဌာနချုပ်မှဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာတင်ထွန်းအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူးဒေါက်တာလင်းလင်းသက်တို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး လိုအပ်သည်များဖြည့်ဆည်းမှာကြားခဲ့ပါသည်။ မကွေးတိုင်းဒေသကြီးမှ ရေနံချောင်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးဦးကျော်စိန်မြဦးဆောင်သည့် ဦးဆောင်သည့် မကွေးတိုင်းဒေသကြီး၊ မြို့နယ်အသီးသီးမှ ကြက်ခြေနီစေတနာလုပ်အားရှင် ကျား ၃၁၊ မ ၈ ဦးတို့သည် လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်ဝန်း၊ လှိုင်ကုတင်(၅၀၀)ဆံ့၊ COVID-19 ကုသရေးစင်တာတွင် ဒီဇင်ဘာ ၅ရက်နေ့အထိကူညီဆောင်ရွက်ပေးသွားရန်ရှိပါသည်။ ထို့အပြင်မကွေးတိုင်းဒေသကြီးမှကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကုသရေးစင်တာတွင် ပူးပေါင်းတာဝန်မထမ်းဆောင်မီ ကိုဗစ်၁၉ စစ်ဆေးခြင်းကိုယနေ့ညနေတွင်ပြုလုပ်ခဲ့ကြကာ နိုဝင်ဘာ၁၀ရက်နေ့ညတွင် စတင်တာဝန်ထမ်းဆောင်နိုင်ကြမည်ဖြစ်ပါသည်။

Read More