05/ Oct/ 2020

ရေဖြူမြို့နယ် ကလိန်အောင်မြို့တွင် COVID-19 ကာကွယ်ရေး ကြက်ခြေနီက ပူးပေါင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အတွင်းCOVID-19ရောဂါကာကွယ်နိုင်ရန်အတွက် ဌာနဆိုင်ရာရုံးများ၊ လူသွားလူလာများသော စျေးဆိုင်များ၊ စားသောက်ဆိုင်များ၊ကလိန်အောင်မြို့ဆံတော်ရှင်ဂေါပကစျေးနှင့် ဆံတော်ရှင်စေတီမြတ်ရင်ပြင် တို့တွင် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က ရေဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်‌‌ခြေနီတပ်ဖွဲ့မှူး ဒေါ်သီတာတင်နှင့် မြို့နယ်ကြက်‌ခြေနီတပ်စုမှူး ဦးအောင်ဖြိုးခိုင် တို့ဦးဆောင်‌သော ကြက်ခြေနီစေတနာလုပ်အားရှင်(၄)ဦးတို့သည် ဖြူစင်မေတ္တာ အရေးပေါ် ကယ်ဆယ်ရေးအသင်း(ကလိန်အောင်မြို့) ၊ ရွက်နုဝေ အရေးပေါ်ကယ်ဆယ်ရေးအသင်း(နှမ်းကျဲကျေးရွာ)၊ မြတ်ရတနာ အရေးပေါ်ကယ် ဆယ်ရေးအသင်း(ရေပုံးကျေးရွာ)တို့နှင့် ပူးပေါင်းကာ ရောဂါကာကွယ်ရေးအတွက် အသိပညာပေးခြင်း၊ ဆေးဖြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။  

Read More

  05/ Oct/ 2020

မြိတ်တွင် COVID-19 ရောဂါကာကွယ်ရေး ကြက်ခြေနီ ဆက်လက်ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ ဒုတိယတိုင်းကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးအေးသန်း၊ မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်သင်းသင်းအေးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၈ ဦးတို့သည် မြိတ်မြို့ မြစ်ငယ်ရပ်ကွက်နှင့် ပလောက်စုရပ်ကွက် တို့တွင်လည်းကောင်း၊ အောက်တိုဘာလ ၄ ရက်နေ့က ပန်စရာရပ်ကွက်နှင့် ဘုရားကိုင်ရပ်ကွက်တို့တွင်လည်းကောင်း COVID- 19 ရောဂါကာကွယ်ရေး အသိပညာပေး ဆော်ဩခြင်း၊ အသိပညာပေး ပိုစတာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Read More

  05/ Oct/ 2020

COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကြက်ခြေနီ ဆောင်ရွက်ထား

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ခွဲမှူး ဒေါ်နန်းလှိုင်လှိုင်ထွေး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၄ ဦးတို့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာဈေးတွင် COVID-19 ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေခဲ့ကြပါသည်။

Read More

  04/ Oct/ 2020

မိုးကုတ်တွင် လူငယ်ကြက်‌ခြေနီကော်မတီက COVID-19ကာကွယ်ရေး ဆောင်ရွက်

COVID-19ရောဂါကာကွယ်ရေးအတွက် နိုင်ငံအနှံ့ နေရာတိုင်းမှာ အရင်ကထက် အရှိန်အဟုန်မြှင့်ပြီးလုပ်ဆောင်နေရာ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် လူငယ်ကြက်‌ခြေနီကော်မတီက ဦးဆောင်ပြီး ၂၀၂၀ပြည့်နှစ်အောက်တိုဘာလ ၄ ရက်နေ့က မိုးကုတ်အရှေ့ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ နှာခေါင်းစည်း ၃၀၀၀ ကို ပေးဝေခဲ့ကြပါတယ်။ လူငယ်ကြက်‌ခြေနီကော်မတီဝင်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ စုစုပေါင်း ၂၇ဦး တို့ပါဝင်လှုပ်ရှားခဲ့ပြီး လူငယ်ကြက်‌ခြေနီကော်မတီခေါင်းဆောင် မဖြူစင်မေနှင့် ဒုတိယခေါင်းဆောင် ကိုဟိန်းထက်ဇော်တို့က ဦးဆောင်ခဲ့ ပါတယ်။ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဝင်းတင့်မှနေ့လည်စာ ထမင်းဘူးနဲ့ ဖျော်ရည်၊ ဦးအောင်မြင့်အေး+ဒေါ်သဲဆုထွေးမိသားစုတို့က ခေါက်ဆွဲကျွေးခဲ့ပြီး ကျပ်ပြင်မှ ဆရာမဒေါ်လှလှဝင်းမိသားစု (ဝင်းကျောက်မျက်ရတနာ)က Pocari Sweat ၂ ကတ်နဲ့ နှာခေါင်းစည်း ၃ဘူး လှူဒါန်းခဲ့ကြသည်။

Read More

  04/ Oct/ 2020

မွန်ပြည်နယ်တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များအား ချီးကျူးဂုဏ်ပြု

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးချိုမင်းလင်းနှင့် ပြည်နယ်တပ်ဖွဲ့မှူး ဦးကျော်မြင့်တို့က မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်မှ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များအား အခြေခံစားသုံးကုန်များ (ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အာလူး)၊ အသင်းအမှတ်တံဆိပ်ပါ အင်္ကျီနှင့် ဦးထုပ်၊ လက်သန့်ဆေးရည်နှင့် နှာခေါင်းစည်းများကို ထောက်ပံ့ပေးခဲ့ပါသည်။ ထို့နောက် ကြက်ခြေနီစေတနာလုပ်အားရှင်များကို ချီးကျူးဂုဏ်ပြုစကား ပြောကြားပြီး လိုအပ်ချက်များအား လမ်းညွှန်ပြောကြားခဲ့ကြသည်။

Read More

  04/ Oct/ 2020

မြဝတီတွင် နေရပ်ပြန်ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံမူများ ပြုလုပ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ကျေးရွာ၊ သဘာဝရိပ်သာ အသွားအလာကန့်သတ်‌စောင့်ကြည့်စခန်းရှိ ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ခံရပြီး ပြန်လည်လွတ်မြောက်လာသည့် နေရပ်ပြန်ပြည်သူ ကျား (၂၀)၊ မ (၅) ဦးတို့အား ခရီးစရိတ်၊ စားစရိတ်၊ အဝတ်အထည်၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်းနှင့် အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြဝတီမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးအောင်သွင်ဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၇) ဦးတို့က ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၄ ရက်နေ့တွင် ကူညီထောက်ပံ့ခဲ့ကြသည်။

Read More

  03/ Oct/ 2020

ကျိုက်လတ်တွင် ဈေးများ၌ ကြက်ခြေနီက COVID-19 အသိပညာပေး

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၃ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၈ ဦးတို့သည် အနောက်ပိုင်းလှည်းဆိပ်ဈေး၊ မြို့မဈေးကြီး၊ အရှေ့ပိုင်းအောက်ရွာလေးစျေး၊ အမှတ်(၁)ရပ်ကွက်များ၌ လည်းကောင်း၊ အောက်တိုဘာလ ၄ ရက်နေ့တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယမြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့မှူးဦးခင်စိုး ဦးဆောင်သည့် ကြက်ခြေနီစေတနာလုပ်အားရှင် ၇ဦးတို့သည် မြို့မဈေးကြီးနှင့်အမှတ်(၅)ရပ်ကွက်တို့တွင်လည်း‌ကောင်း COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း ၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်းများကို‌ ပြုလုပ်ခဲ့ကြသည်။

Read More

  03/ Oct/ 2020

သံတောင်ကြီးတွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် ကြက်ခြေနီဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၃ ရက်နေ့က ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့အဝင်ဂိတ်တွင် ခရီးသည်များအား COVID-19 ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များ အသိပညာပေးနှိုးဆော်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် အမည်စာရင်းများကောက်ယူခြင်းတို့ကို သံတောင်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူး ဦးစောခင်မောင်ဆန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၄ ဦးတို့က ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  02/ Oct/ 2020

COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီများ ဆောင်ရွက်ထား

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် COVID-19 ရောဂါကာကွယ်ရေးအဖြစ် ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်း၊ ရေမလိုလက်သန့်ဆေးရည်များဖြန့်ဝေခြင်းနှင့် စနစ်တကျလက်ဆေးခြင်းအား သရုပ်ပြသခြင်းတို့ကို ဘားအံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်တပ်ဖွဲမှူး ဒေါ်တင်မာနွယ် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၂ ဦးတို့က ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၂ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

Read More