05/ Sep/ 2020

စစ်တွေတက္ကသိုလ်တွင်အရေးပေါ်လူနာဆောင်ပြင်ဆင်ရာတွင် ကြက်ခြေနီပါဝင်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်၌ COVID-19 ရောဂါပိုးတွေ့ရှိလူနာများထားရှိရန် အရေးပေါ်တိုးချဲ့လူနာဆောင်ပြုပြင်ရာတွင် ရခိုင်ပြည်နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်ထွေးဦးဆောင်ပြီး ဒုတိယပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြတ်ခိုင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးကျော်နိုင်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၄၀ ဦးတို့က ဝေသာလီအဆောင်၊ ဓါတုဗေဒနှင့် ဇီဝဗေဒအဆောင်တို့တွင် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဖြစ်သည့် အခန်းများသန့်ရှင်းခြင်း၊ အိပ်ကုတင်များတပ်ဆင်ခြင်းနှင့် အခန်းများအား ဆေးဖြန်းခြင်းများကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၅ရက်နေ့ကဆောင်ရွက်ခဲ့ကြသည်။

Read More

  05/ Sep/ 2020

မံစီတွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေး အသိပညာပေး ဆောင်ရွက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၅ရက်နေ့က မံစီမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်ရှိ စည်ပင်စျေး၊ မိတုံကုန်းဈေးနှင့် မြို့အဝင်/ထွက်ဂိတ်များတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်အလက်များအား နှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများရှိ နေရပ်ပြန်ပြည်သူများအား အသိပညာပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးနှစ်သိမ့်ပေးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Read More

  05/ Sep/ 2020

ဟားခါးမြို့တွင် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်း (GTI) သို့ ထမင်းထုပ် (၃၃)ထုပ်၊ ရေမလိုလက်သန့်ဆေးရည် (၂)ဗူး၊ မျက်နှာသုတ်ပဝါ (၃၀)ထည်၊ ရေသန့်ဗူး (၄)ကဒ်၊ သွားတိုက်တံ (၃၀)ချောင်းနှင့် ဆပ်ပြာခဲ (၁၀)ခဲတို့ကို လှူဒါန်းခြင်းနှင့် ကျန်းမာရေးအသိပညာပေးပိုစတာများ ကပ်ပေးခြင်းတို့ကို ဟားခါးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်စုမှုးဒေါ်သဇင်သိန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ခဲ့ကြသည်။

Read More

  04/ Sep/ 2020

ကျောက်ကြီးတွင် ကြက်ခြေနီက COVID-19ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ပူးပေါင်းဆောင်ရွက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၄ရက်နေ့က ကျောက်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးအောင်သင်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရှိ လူအများသွားလာနိုင်သောနေရာများ၊ လမ်းဆုံများ၊ ဈေးများနှင့် ရပ်ကွက်၊ကျေးရွာများအတွင်း COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ အသိပညာပေးပိုစတာများကပ်ခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း တို့ကို COVID - 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။  

Read More

  04/ Sep/ 2020

လူမှုဝန်ထမ်းဦးစီးဌာနက ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ငွေကြေးထောက်ပံ့မှု ပြုလုပ်ရာတွင် လာရောက်ကြသူများအား ကြက်ခြေနီက COVID-19ရောဂါကာကွယ်ရေး အသိပညာပေ

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ၄ရက်နေ့က ကျောက်တံခါးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးစန်းလွင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၈ဦးတို့သည် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များအားငွေကြေး ထောက်ပံ့မှုပြုလုပ်ရာတွင် လာရောက်ကြသော ကိုယ်ဝန်ဆောင်အမျိုးသမီးများအား COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား တိုက်တွန်းခြင်းတို့ကို လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

Read More

  04/ Sep/ 2020

ချမ်းအေးသာစံတွင် COVID-19ရောဂါကာကွယ်ရေး ကြက်ခြေနီက ပူးပေါင်းဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၄ ရက်နေ့က မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ၂၆လမ်းနှင့် ၈၆လမ်းဈေးချိုတို့တွင် ချမ်းအေးသာစံ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသိန်းနိုင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဗြဟ္မစိုရ်လူမှုရေးအသင်း၊ ပရဟိတမင်းခေါင် လူမှုရေးအသင်း၊ မန္တလာရောင်စဉ် အဖွဲ့တို့နှင့် ပူးပေါင်းကာ COVID-19ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ ပေးဝေခြင်း၊ ပိုစတာများ ကပ် ခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်း များ ပြုလုပ်ခဲ့ကြပါသည်။ ထို့အတူ မိခင်ကြီးဒေါ်ခင်အေးအေး အားရည်စူး၍ ဦးခင်ညိုမိသားစုမှ နှာခေါင်းစည်း (၁၀၀၀)ခု၊ ဈေးချို၈၆လမ်းမိသားစုမှ နှာခေါင်းစည်း (၄၀၀၀)ခု တို့ကို ပေးအပ် လှူဒါန်းကြရာ တိုင်းကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်ကျော်နှင့် မြို့နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းအောင် တို့မှလက်ခံရယူခဲ့ကြပါသည်။

Read More

  03/ Sep/ 2020

ချောင်းဆုံတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကြက်ခြေနီပူးပေါင်းဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာစျေးနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များကို လိုက်လံဆော်ဩခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်‌ဝေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ချောင်းဆုံမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌဦးတင်လှိုင်ဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်(၂၁)ဦးက ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Read More

  03/ Sep/ 2020

နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် COVID-19ရောဂါကာကွယ်ရေး ကြက်ခြေနီက ပူးပေါင်းဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က နေပြည်တော်ကြက်ခြေနီတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးမှူး(တတိယတန်း) ဦးစောသန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၃ ဦးတို့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ စည်ပင်ဧည့်ရိပ်သာ အသွားအလာ ကန့်သတ်စောင့်ကြည့်စခန်းသို့ ထပ်မံရောက်ရှိလာသူများအား နေရာချထားခြင်း၊ COVID-19ရောဂါ ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာခြင်း၊ အသိပညာပေးခြင်း၊ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုရန် အသိပညာပေးခြင်း တို့ကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

Read More

  03/ Sep/ 2020

ပေါင်မြို့နယ်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကြက်ခြေနီပူးပေါင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင် ဦးအောင်မင်းနိုင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၆)ဦးတို့သည် မွန်ပြည်နယ်၊ ပေါင်မြို့နယ် CBFQ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ထပ်မံရောက်ရှိလာသူများအား နေရာချထားခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးခြင်းအပြင် မြို့နယ်မီးရထားဘူတာရုံ အ၀င်အထွက်ဂိတ်တွင် ခရီးသွားပြည်သူများအား နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်အသုံးပြုရန် အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စားရင်းများ မှတ်သားခြင်းတို့ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More