03/ Sep/ 2020

ပဲနွယ်ကုန်းတွင် မီးဘေးသင့်အိမ်ထောင်စုများအား ကြက်ခြေနီက ထောက်ပံ့ ကူညီ

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၃ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု၂စုမီးဘေးသင့်ခဲ့ရသဖြင့် စက်တင်ဘာလ ၅ရက်နေ့တွင် ကျောက်တံခါးမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးကျော်ဝင်းအောင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များမှ သွားရောက်ကာ မီးဘေးသင့်အိမ်ထောင်စုများအား မိသားစုသုံးပစ္စည်း၊ အမိုးအကာအိမ်ဆောက်ပစ္စည်း၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း ၁စုံစီအား သွားရောက်ထောက်ပံ့ပေးခဲ့ပြီး စိတ်ပိုင်းဆိုင်ရာအားပေးနှစ်သိမ့်မှုများပြုလုပ်ပေးခဲ့ကြသည်။

Read More

  02/ Sep/ 2020

ရှမ်းပြည်နယ်အရှေ့ပိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီမှ မိုင်းခတ်နှင့်မိုင်းယန်းမြို့များရှိ ကြက်ခြေနီအသင်းခွဲများသို့ ထောက်ပံ့ပစ္စည်းများ လွှဲပြောင်း

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၂ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကြက်ခြေနီကြီးကြပ်မှုကော်မတီဒုတိယဥက္ကဌ ဒေါ်စန်းစန်းမြင့်၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြတ်နှင့် အထောက်အကူပြုအရာရှိ ဒေါ်သန္တာအောင်တို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်နှင့် မိုင်းယန်းမြို့နယ်များသို့သွားရောက်ကာ သက်ဆိုင်ရာမြို့နယ်ကြက်ခြေနီအသင်းခွဲများမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံပွဲတွင် သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများက အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌ ဒေါ်စန်းစန်းမြင့်က ကြက်ခြေနီစေတနာလုပ်အားရှင်များအား COVID-19 ရောဂါကာကွယ်ရေးတွင် တက်ကြွစွာပါဝင်လှုပ်ရှားမှုအပေါ် ကျေးဇူးတင်ဂုဏ်ပြုကြောင်းပြောကြားကာ ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့သည်။ ထို့နောက် ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ပစ္စည်းများအား သက်ဆိုင်ရာမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများထံသို့ အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြပါသည်။

Read More

  02/ Sep/ 2020

ဒိုက်ဦးတွင် ကြက်ခြေနီက COVID-19ရောဂါကာကွယ်ရေး အသိပညာပေးဆောင်ရွက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၂ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ လူအများသွားလာနိုင်သော နေရာများ၊ ဈေးများ၊ ကားဂိတ်များတွင် COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား နှိုးဆော်ခြင်း၊ နှာခေါင်းစည်းများဖြန့်ဝေပေးခြင်းတို့ကို ဒိုက်ဦးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Read More

  02/ Sep/ 2020

ဘုရားသုံးဆူမြို့တွင် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီဆောင်ရွက်

ဘုရားသုံးဆူ၊ စက်တင်ဘာ ၂ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ အနန်းကွင်းကျေးရွာအဝင်လမ်းနှင့် လူစည်းကားရာနေရာများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများအား အခမဲ့ဖြန့်ဝေခြင်း၊ ရေမလိုလက်သန့်ဆေးရည်များ ဖြန့်ဝေခြင်းနှင့်် စနစ်တကျလက်ဆေးခြင်းအား သရုပ်ပြခြင်းတို့ကို ဘုရားသုံးဆူမြို့ကြက်ခြေနီအသင်းခွဲငယ်မှ တပ်စုမှူး ဒေါ်ဧပရယ်ဝင်းပွင့် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၈ ဦးက ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  02/ Sep/ 2020

လှိုင်းဘွဲမြို့တွင် ကလေးများအား ကာကွယ်ဆေးထိုးရာ၌ ကြက်ခြေနီက ပူးပေါင်းဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာ၂ ရက်နေ့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ ရွှေဂွန်တိုက်နယ် ကမ်းနီကျေးရွာ ကျန်းမာရေးဆေးခန်းတွင် အသက် ၂လမှ ၁နှစ်ခွဲရှိသော ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးပေးရာ လှိုင်းဘွဲ့မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်တပ်ခွဲမှုး ဦးအေး မင်းဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၆ ဦးတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  01/ Sep/ 2020

ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီက အဝတ်နှာခေါင်းစည်း ချုပ်လုပ်ခြင်း သင်တန်း ဖွင့်လှစ်

တောင်ကြီး၊ စက်တင်ဘာ ၁ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းဆောင်ရွက်သော အဝတ်နှာခေါင်းစည်း ချုပ်လုပ်ခြင်းသင်တန်းဖွင့်ပွဲ ကို စက်တင်ဘာလ ၁ ရက်နေ့က တောင်ကြီးမြို့ရှိ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးတွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အဝတ်နှာခေါင်းစည်းချုပ်လုပ်ခြင်းသင်တန်း(ပထမအသုတ်)သို့ သင်တန်းသူ ၅ ဦးတက်ရောက်ကြမည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ယခုသင်တန်းမှ ချုပ်လုပ်သည့် အဝတ်နှာခေါင်းစည်း များကို ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။

Read More

  01/ Sep/ 2020

ပေါက်တောတွင် ကြက်ခြေနီက COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်း ဆောင်ရွက်

ပေါက်တော၊ စက်တင်ဘာ ၁ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁ရက်နေ့က ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း ဖြတ်သန်းသွားလာသူများအား COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့်လက်သန့်စင်စေခြင်း၊ ခရီးသွားမှတ်တမ်းများရယူခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား နှိုးဆော်ခြင်း တို့ကို ပေါက်တောမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်ဝင်းစိုးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Read More

  01/ Sep/ 2020

တောင်တွင်းကြီးတွင် ကြက်ခြေနီက အဝတ်နှာခေါင်းစည်းများ ဖြန့်ဝေ

တောင်တွင်းကြီး၊ စက်တင်ဘာ ၁ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁ရက်နေ့က တောင်တွင်းကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးမောင်မောင်ဌေး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၅ဦးတို့သည် ရပ်ရွာလူထုဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းပိုမိုမြင့်မားရေးစီမံချက်မှ ဝန်ထမ်းများနှင့်အတူပူးပေါင်းကာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ရှိ မြို့လယ်လမ်းဆုံတွင် ဖြတ်သန်းသွားလာကြသူများအား COVID-19 ရောဂါကာကွယ်ရေးအတွက် အဝတ်နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြပါသည်။

Read More

  01/ Sep/ 2020

ခန္တီးတွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ကြက်ခြေနီပူးပေါင်းပါဝင်

ခန္တီး၊ စက်တင်ဘာ ၁ စစ်ကိုင်းတိုင်းဒေသကြီး၊ခန္တီးမြို့သို့ မန္တလေးတိုင်းဒေသကြီးမှလေကြောင်းလိုင်းဖြင့်ဝင်ရောက်လာသူများအား COVID-19 ရောဂါကာကွယ်ရေးအဖြစ် ခရီးသွားရာဇဝင်ယူခြင်း၊ လက်သန့်ဆေးရည်ဖြင့်စနစ်တကျဆေးကျောစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများအပြင် တရုတ်နိုင်ငံမှ ဝင်ရောက်လာသူတစ်ဦးအား အသွားအလာကန့်သတ်စောင့်ကြည့်သွားမည့် နေရာသို့ပို့ဆောင်ခြင်းအပြင် အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း(တစ်ပတ်စာ)ထောက်ပံ့ခြင်းကို ခန္တီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူးဦးသိန်းဇော်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များကမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာ၁ရက်နေ့က ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

Read More