01/ Sep/ 2020

COVID-19 ရောဂါကာကွယ်ရေး လှုပ်ရှားမှုများတွင် အသုံးပြုရန်အတွက် နှာခေါင်းစည်းများလှူဒါန်း

မန္တလေး၊ စက်တင်ဘာ ၁ COVID-19 ရောဂါကာကွယ်ရေး လှုပ်ရှားမှုများတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး)မှ မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့သို့ နှာခေါင်းစည်း(၁၀၀၀)ခု၊ PPE ဝတ်စုံ (၁၀)စုံ၊ လက်သန့်ဆေးရည် (၁၀)ဘူးနှင့် ဓာတ်ဆားထုတ် (၁၀၀) ထုတ်ပေးအပ်လှူဒါန်းခြင်းကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ကမြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး)၌ ပြုလုပ်ခဲ့ပါသည်။ လှူဒါန်းပွဲတွင် မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး)ဥက္ကဌ ပါမောက္ခ ဒေါက်တာခင်မောင်မြင့်မှ ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး(တာဝန်) ဦးကျော်ကျော်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည် ပေးအပ်ခဲ့ပါသည်။

Read More

  01/ Sep/ 2020

ပေါင်မြို့နယ်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကြက်ခြေနီက ပူးပေါင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁) ရက်နေ့က ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌဦးအောင်မင်းနိုင် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၁၄) ဦးတို့သည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ CBFQ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ထပ်မံရောက်ရှိလာသူများအား COVID-19 ရောဂါကာကွယ်ရေးအဖြစ် ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ နေရာချထားခြင်းအပြင် သြဂုတ်လ (၂၇) ရက်နေ့မှ စတင်ကာ ပေါင်မြို့နယ်မီးရထားဘူတာရုံ အ၀င်အထွက်ဂိတ်များတွင် ခရီးသည်များအား နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်အသုံးပြုရန် အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စာရင်းသွင်းခြင်းတို့ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပေါင်မြို့နယ်ရှိ ရွှေတိဂုံဖူးမျှော်စေတီတော်တွင် ပတ်ဝန်းကျင်သန့်ရှင်းရေးကိုလည်း စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  01/ Sep/ 2020

ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီက အဝတ်နှာခေါင်းစည်း ချုပ်လုပ်ခြင်း သင်တန်း ဖွင့်လှစ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းဆောင်ရွက်သော အဝတ်နှာခေါင်းစည်း ချုပ်လုပ်ခြင်းသင်တန်းဖွင့်ပွဲ ကို စက်တင်ဘာလ ၁ ရက်နေ့က တောင်ကြီးမြို့ရှိ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးတွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အဝတ်နှာခေါင်းစည်းချုပ်လုပ်ခြင်းသင်တန်း(ပထမအသုတ်)သို့ သင်တန်းသူ ၅ ဦးတက်ရောက်ကြမည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ယခုသင်တန်းမှ ချုပ်လုပ်သည့် အဝတ်နှာခေါင်းစည်း များကို ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။

Read More

  01/ Sep/ 2020

မူဆယ်တွင် ကြက်ခြေနီက COVID-19ရောဂါကာကွယ်ရေး ဆက်လက်ဆောင်ရွက်

မူဆယ်၊ စက်တင်ဘာ ၁ မူဆယ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ OHCတိုးဂိတ်မှ ဖြတ်သန်းသွားလာသူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့်လက်သန့်စင်စေခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းတို့ကို ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁ရက်နေ့မှ စတင်ကာ ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

Read More

  31/ Aug/ 2020

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကြက်ခြေနီက COVID-19ရောဂါကာကွယ်ရေး ဆက်လက်ဆောင်ရွက်

၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၃၁ရက်နေ့က နမ္မတူမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းကိုနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ရှိ အမှတ်(၁)သတ္တုတွင်းရုံးခွဲတွင် ပင်စင်လစာလာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့်လက်သန့်စင်စေခြင်း၊ COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ အလားတူ တန့်ယန်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုင်းစန်းလှထွန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက တန့်ယန်းမြို့နယ်ရှိ မြို့ဝင်ဂိတ်နှင့် ကားဂိတ်များတွင် ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ပိုစတာများကပ်ခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

Read More

  31/ Aug/ 2020

ကျောက်မဲကြက်ခြေနီမှ COVID-19 ကာကွယ်ရေးလုပ်ငန်းများဆက်လက် ဆောင်ရွက်

ကျောက်မဲ ဩဂုတ် ၃၁ ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၃၁ရက်နေ့က ကျောက်မဲမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဖြိုးပြည့်ကျော်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များမှ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲတိုးဂိတ်တွင် ဖြတ်သန်းသွားလာကြသော ခရီးသွားများအား ခရီးသွားမှတ်တမ်းရယူခြင်း၊ COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်းတို့ကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ဆက်လက် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Read More

  31/ Aug/ 2020

ပေါက်ခေါင်းတွင် ကြက်ခြေနီက COVID-19ရောဂါကာကွယ်ရေး ဆက်လက် ဆောင်ရွက်

ပေါက်ခေါင်း၊ ဩဂုတ် ၃၁ ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၃၁ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ လူအများသွားလာနိုင်သောနေရာများ၊ ဈေးများ၊ ကားဂိတ်များတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ဖြတ်သန်းသွားလာသူများအား မှတ်တမ်းရယူခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်းတို့ကို ပေါက်ခေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများ၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

Read More

  31/ Aug/ 2020

မြဝတီချစ်ကြည်ရေးတံတားမှဝင်ရောက်လာသူများအတွက် ကြက်ခြေနီက COVID-19 ကာကွယ်ရေးလုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်

မြဝတီ၊ ဩဂုတ် ၃၁ မြ၀တီမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သွင်ဦး ဦးဆောင်သည့် ကြက်ခြေနီစေတနာလုပ်အားရှင် (၁၅) ဦးတို့သည် COVID-19 ရောဂါကာကွယ်ရေးအဖြစ် မြ၀တီမြို့ အမှတ် (၂) ချစ်ကြည်ရေးတံတား Cargo Gate မှတဆင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော Truck ကားများနှင့် လိုက်ပါလာကြသူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ စာရင်းကောက်ခံခြင်း၊ သတင်းပေးပို့ခြင်း၊ Health Checked လက်မှတ်ထုတ်ပေးခြင်းများကို နေ့စဉ် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

Read More

  31/ Aug/ 2020

ရေစကြိုတွင် ကြက်ခြေနီက COVID-19ရောဂါကာကွယ်ရေး အသိပညာပေးဆောင်ရွက်

၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၃၁ရက်နေ့က မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်ရှိ ရပ်ကွက်များ၊ လမ်းများတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းတို့ကို ရေစကြိုမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်ကျော်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ခဲ့ကြသည်။

Read More