08/ Sep/ 2020

တောင်ကြီးတွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်စုမှူးဦးကျော်စိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၁၀) ဦးက COVID-19 ရောဂါကာကွယ်ရေးအဖြစ် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ နောင်ယာဆိုင်းကျေးရွာလမ်းဆုံတွင် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းနှင့် ကျောင်းထိုဘုန်းတော်ကြီးကျောင်း အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ရောက်ရှိလာသော နေရပ်ပြန်ပြည်သူ ၅ ဦးအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

Read More

  08/ Sep/ 2020

ကုသမှုခံယူပြီး COVID-19 ရောဂါကင်းစင်လာသူများအား ကြက်ခြေနီက နေရပ်အသီးသီးသို့ပို့ဆောင်ပေး

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူပြီး COVID-19 ရောဂါကင်းစင်ကာ ကျန်းမာလာသူ ကျား ၂၆ဦး၊ မ ၃၇ဦး၊ စုစုပေါင်း ၆၃ဦးအား ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခြင်းများကို ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်ထွေးဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၆ဦးတို့က အသင်းပိုင်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ပါသည်။

Read More

  07/ Sep/ 2020

မြောက်ဦးတွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေး ဆောင်ရွက်

၂၀၂၀ပြည်နှစ် စက်တင်ဘာလ ၇ရက်နေ့က မြောက်ဦးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်အေးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ရပ်ကွက်များတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ အသိပညာပေးပိုစတာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Read More

  07/ Sep/ 2020

နေရပ်ပြန်များအား ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးဆောင်ရွက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၇ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့သို့ ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူ ၈၆ဦးတို့အား ကော့သောင်းခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကိုကိုကြီးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူပူးပေါင်းကာ စိတ်ပိုင်းဆိုင်ရာအားပေးနှစ်သိမ့်ခြင်း၊ အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်း၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်းတို့ကို ပေးအပ်ခြင်း၊ COVID-19 ရောဂါကာကွယ်‌ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား နှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Read More

  07/ Sep/ 2020

စစ်တွေဆေးရုံတွင် COVID-19 ရောဂါကုသမှုခံယူနေသူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းကထောက်ပံ့

စစ်တွေ၊ စက်တင်ဘာ ၇ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၇ရက်နေ့က မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ခုတင်၅၀၀ဆံ့ပြည်သူဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် COVID-19 ရောဂါပိုးတွေ့ရှိသူများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း-၁၀၅ခု(တစ်ပတ်စာ)၊ စောင်-၁၀၅ထည်နှင့် ခြင်ထောင်-၁၀၅လုံးတို့ကို ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်ထွေးနှင့် ရခိုင်ပြည်နယ်စီမံချက်လုပ်ငန်းများစီမံခန့်ခွဲမှုယူနစ်မန်နေဂျာဦးစည်သူတိုးညွှန့်တို့က လွှဲပြောင်းပေးအပ်ရာ စစ်တွေဆေးရုံအုပ်ကြီးဒေါက်တာကြည်လွင်က လက်ခံရယူခဲ့ပါသည်။

Read More

  06/ Sep/ 2020

ပုလောတွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေးအသိပညာပေး ဆောင်ရွက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၆ရက်နေ့က ပုလောမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးထွန်းမြင့်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်ရှိ မှော်ကြောင်းကျေးရွာ၊ လက္ကူးကျေးရွာ၊ မြတောင်ကျေးရွာ၊ ပိတပ်ကျေးရွာ၊ သင်္ကန်းတောကျေးရွာ၊ ကဒဲကျေးရွာ၊ ပဝတ်ကုန်းကျေးရွာ၊ ပဝတိဂုံညင်းပွဲကျေးရွာ၊ မင်းထိန်ကျေးရွာများတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ ပိုစတာကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  06/ Sep/ 2020

ကော့ကရိတ်တွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေး ဆောင်ရွက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၆ရက်နေ့က ကော့ကရိတ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစောထူးကပေါ် နှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ် ၁ရပ်ကွက် ယာယီလဟာပြင်ဈေးအတွင်း ဖြတ်သန်းသွားလာကြသူများအား COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းများဖြန့်ဝေပေးခြင်း၊ လက်သန့်စင်ဆေးရည်များဝေမျှပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအား နှိုးဆော်ပေးခြင်းတို့ကို ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မိတ်ဖက်လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  06/ Sep/ 2020

တပ်ကုန်းမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီက ပူးပေါင်းဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့်၊ အတွင်းရေးမှူး ဦးမိုးကျော်၊ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ ဥတ္တရခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါ်မေကလျာဝင်း၊ ခရိုင်တပ်ဖွဲ့မှူး ဦးနိုင်ဝင်းစိုး၊ တပ်ကုန်းမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဒေါက်တာ ပြည့်ဖြိုးမျိုး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးအေးဆွေ၊ ပျဥ်းမနားမြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းနိုင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၂၅ ဦး တို့သည် တပ်ကုန်းမြို့နယ်ရှိ မြို့မစျေး၊ အနော်ရထာရပ်ကွက်နှင့် အောင်ဇေယျရပ်ကွက် တို့၌ COVID-19 ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့် အချက်များအား နှိုးဆော်ခြင်း၊ အသိပညာပေး ပိုစတာများကပ်ခြင်းနှင့် နှာခေါင်းစည်းများ ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Read More

  06/ Sep/ 2020

ကော့ကရိတ်တွင် ကြက်ခြေနီက COVID-19 ကာကွယ်ရေးအသိပညာပေးခြင်းများပြုလုပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ်၁ရပ်ကွက်ရှိ ယာယီလေဟာပြင်စျေးအတွင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြထားသည့် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်ချက်များ၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းတို့ကို ကော့ကရိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဒေါ်နန်းပုလဲဖြူနှင့် မြို့နယ်တပ်ဖွဲ့မှူးဦးစောထူးကပေါ်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၁ဦးတို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ တာဝန်ရှိသူများနှင့် ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၅ရက်ကပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထို့အပြင် စက်တင်ဘာ ၆ရက်နေ့တွင်အဆိုပါစျေးအတွင်းတွင်ပင် မြို့နယ်တပ်ဖွဲ့မှူးဦးဆောင်သောကြက်ခြေနီစေတနာလုပ်အားရှင်၆ဦးက COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်ချက်များ၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်း၊ ရေမလိုလက်သန့်ဆေးရည်များဖြန့်ဝေခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

Read More