 
									 
								19/ May/ 2022
 
  
  
  
  
  
  
  
  
  
  
 
 
									 
								19/ May/ 2022
 
									 
								19/ May/ 2022
 ကြက်ခြေနီစေတနာလုပ်အားရှင်များဟာဆိုရင် ရပ်ရွာလူထုအား အန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်သော အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း များကို ဆောင်ရွက်လျက်ရှိပါတယ်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ ၂၀၂၂ခုနှစ်၊ မေလ(၁၅)ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့ ပေါ့ထော်ကျေးရွာ သို့ ရောက်ရှိခဲ့ကြပြီး ကြက်ခြေနီလှုပ်ရှားမှုအကြောင်း အသိပညာပေးဆွေးနွေးပြောကြားခြင်း၊ ခန္ဓာဗေဒအကြောင်းအား ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြပါတယ်။ အဲ့ဒီနောက် ကျေးရွာအတွင်း မိုးရာသီမှာ အဖြစ်များပြီး လိုအပ်လျက်ရှိတဲ့ မြွေကိုက်ဒဏ်ရာပြုစုနည်း၊ အခြေခံအသက်ကယ်အထောက်အကူ ပြုစုနည်းများကို ရှင်းလင်းသရုပ်ပြခြင်းတို့ကို ဘားအံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်ဆွေးနွေး ကူညီဆောင်ရွက်ခဲ့ပါတယ်။
 
  
 
 
									 
								18/ May/ 2022
 
 
 
									 
								18/ May/ 2022
 
									 
								17/ May/ 2022
 
 
 
									 
								17/ May/ 2022
 ရန်ကုန်၊ မေလ (၁၇) ရက်။
၂၀၂၂ ခုနှစ်၊ မေလ (၁၆) ရက်နေ့က မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် ရခိုင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်တွေဟိုတယ်သင်တန်းခန်းမတွင် ပြုလုပ်သည့် စွမ်းဆောင်ရည်မြှင့်သင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ပါသည်။
အခမ်းအနားဖွင့်ပွဲတွင် အသင်းဌာနချုပ် အချိန်ပြည့်အလုပ်အမှုဆောင်ပါမောက္ခဒေါက်တာဒေါ်မြသူက အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ကြက်ခြေနီကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးထွန်းရွှေမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ရှိတစ်ဦးမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲကို အချိန်ပြည့်အလုပ်အမှုဆောင်၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ၊ အသင်းဌာနချုပ်၊ လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် သင်တန်းနည်းပြဝန်ထမ်းများ၊ ကြက်ခြေနီစေတနာလုပ်အားရှင် သင်တန်းသား/သူများတက်ရောက်ခဲ့ပါသည်။
ဘေးအန္တရာယ်ကျရောက်သူများအား အကူအညီပေးခြင်းနှင့် အမျိုးသားကြက်ခြေနီအသင်း၏ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ အရည်အသွေးကိုတိုးမြှင့်ရန် ရည်ရွယ်၍ အဆိုပါသင်တန်းကို မေလ (၁၆) ရက်နေ့မှ (၂၁) ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး မြို့နယ် (၁၀) မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် သင်တန်းသား/သူ စုစုပေါင်း (၃၀) ဦး တက်ရောက်လျှက်ရှိပါသည်။

 

 

 
 
 
									 
								16/ May/ 2022
 
									 
								16/ May/ 2022
 
 